Wednesday, March 6, 2013

မေးသူရှိလို့ ဖြေခဲ့ရတယ်။



မေး။။။။။။။။။။။။အနာဂါတ်ပြည်ထောင်စုနိုင်ငံတော်ရဲ့ ပုံရိပ်ကိုပြောပြနိုင်မလား။

ဖြေ။။။။။။။။။။။။ခင်းဗျားတို့ကြားဖူးမှာပါပဲ။ တစ်ချို့ချို့တွေရဲ့ ပုံသေကားချပ်အယူအဆတွေကိုပေါ့။
ဥပမာ။။။။။။။။။လွှတ်လပ်မှငြိမ်းချမ်းမယ် ဆိုတဲ့အယူအဆနဲ့ ငြိမ်းချမ်းမှ လွှတ်လပ်
မယ်ဆိုတဲ့အယူအဆ (၂)ခုစလုံးဟာ အအခြေအနေတစ်ရပ်ရပ်မှာ အစ္စရေးနိုင်ငံ
အတွက်အမှန်နဲ့အမှားဒွန်တွဲပြီးရှိနေတာကိုခင်ဗျားတို့သတိပြုမိကြပါလိမ့်မယ်။
ကျနော်တို့ရဲ့အနာဂါတ်နိုင်ငံတော်အတွက် ဖေါ်ပြပါအယူအဆ (၂)ရပ်စလုံးကမလို
အပ်ပါဘူး။ဘာကြောင့်ဆို စတင်ထူထောင်မယ့်ပုံစံနဲ့ပုံစဏ္ဍာန်ကြောင့်ပါပဲ။
ဆိုလိုတာက လွှတ်လပ်ရေးရယူခဲ့စဉ်က မတည်လို့ပျက်ခဲ့တဲ့ (၁၀) နှစ်ကာလ
( 1948 - 1958) ( ခွဲထွက်လိုကခွဲထွက်နိုင်သည်) ဆိုတဲ့ ကိစ္စရပ်ပြသနာကိုကျော်
လွှားဖြေရှင်းထားပြီးသားအနေအထားနဲ့ ထူထောင်ကြမှာဖြစ်လို့ပါပဲ။



မေး။။။။။။။။။။။။။။ တရုတ်ပြည်နဲ့ပါတ်သက်ပြီး ခင်ဗျားရဲ့ သဘောထားပြောပြပါလား။

ဖြေ။။။။။။။။။။။။။။ တရုတ်ပြည်နဲ့ပါတ်သက်တဲ့ကျနော့ရဲ့သဘောထားက အမေရိကန်ပြည်ထောင်စုက
တရုတ်ပြည်အပေါ်ထားတဲ့သဘောထားထက်ပြတ်ပိုပြီးပြတ်သားပြင်းထန်ပါတယ်
ဒီသဘောထားက တရုတ်ပြည်နဲ့ပါတ်သက်ပြီး ကမ္ဘာ့ဘယ်နိုင်ငံဘယ်အစိုးရကမျှ
တိတိကျကျကြေငြာထားတာမတွေ့ရလို့ပဲ။ကျနော်ဆိုလိုတာက “ တရုတ်တစ်ပြည်
ထောင်တည်းပေါ်လစီကို မထောက်ခံပါဘူး။ ထိုင်ဝမ်ရဲ့လွှတ်လပ်ရေးကိုအသိအ
မှတ်ပြုကြောင်းဆိုတာပါပဲ။တရုတ်ပြည်ကိုအစိတ်စိတ်အမြွှမြှာဖြစ်အောင်လုပ်နိုင်
စွမ်း ကျနော်တို့မှာအပြည့်ရှိတယ်လို့ယုံကြည်လို့ပါပဲ။

မေး။။။။။။။။။။။။။။။ အနာဂါတ်ပြည်ထောင်စုတပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ပါတ်သက်ပြီးသိပါရစေ။

ဖြေ။။။။။။။။။။။။။။။ ဖေါင်းပွပြီးသုံးစားမရတဲ့အနေအထား (အိမ်ကျယ်) မှ ကျစ်လစ်သိပ်သည်းပြီး
ဘ၀နာခဲ့တဲ့ ဘ၀တူ နိုင်ငံတွေရဲ့အရေးအရာတွေနဲ့ကမ္ဘာလုံးဆိုင်ရာပြသနာရပ်
တွေကိုပါဝင်ရောက်ဖြေရှင်းကူညီနိုင်တဲ့ တပ်မတော်သစ် ( ကမ္ဘာကျယ်) ဘ၀ကို
ပြောင်းလဲထူထောင်သွားချင်တဲ့ဆန္ဒကတော့အပြင်းပြဆုံးဆန္ဒတစ်ခုပါ။

မေး။။။။။။။။။။။။။။။ ဒေသတွင်း (အထူးသဖြင့်) အာစီယံအပေါ်မြင်တဲ့အမြင်လေးသိချင်ပါတယ်။

ဖြေ။။။။။။။။။။။။။။။ အဖြေကရှင်းပါတယ်။ အိမ်နီးချင်းကောင်းရင်ပေါင်းမယ်။အိမ်နီးချင်းမကောင်းရင်
တစ်အိမ်ကျော် နှစ်အိမ်ကျော်မက ရပ်ကျော်ရွာကျော်ပြီးတော့လည်းပေါင်းမယ်။
တစ်ယောက်တည်းထီးထီးကြီးရပ်တည်လို့မရတဲ့လူတစ်ယောက်ရဲ့သဘောသဘာ
ဝကိုပဲအခြေခံပြီးစဉ်းစားပါတယ်။နားလည်လွယ်လိမ့်မယ်လိုယုံကြည်ပါတယ်။

ရဲဘော် -မှိုင်း

(ပြည်တွင်းသူပုန် )

C G -9 -V