Tuesday, March 12, 2013

လွတ်လပ်ရေးရကာစ မြန့်မာ့ပြည်ထောင်စုတပ်မတော်

ကိုယ့်နိုင်ငံအကြောင်းဗဟုသုတလေး
ပြောချင်တာပါ။

လွတ်လပ်ရေးရကာစ မြန့်မာ့ပြည်ထောင်စုတပ်မတော်

ကာကွယ်ရေးဝန်ကြီး - ဗိုလ်လက်ျာ
စစ်ဦးစီးချုပ် - ဗိုလ်ချုပ်စမစ်ဒွန်း
ဒုတိယစစ်ဦးစီးချုပ် - ဗိုလ်မှူးချုပ် စောကြာဒိုး
စစ်ထောက်ချုပ် - ဗိုလ်မှူးကြီး စောဒွန်နီ
အခြား ... ဗိုလ်မှူးချုပ် စောချစ်ခင်၊ ဒုဗိုလ်မှူးကြီး စောလယ်ဒါ၊ ဒုဗိုလ်မှူးကြီး စောအောင်ဒင်၊
ဒုဗိုလ်မှူးကြီး စောအောင်စိန် စတဲ့ ကရင်တိုင်းရင်းသားများလည်း ဗမာ့တပ်မတော်မှာပါဝင်ခဲ့ ကြပါတယ်။

တပ်မတော်ဖွဲ့စည်းပုံကတော့ ...

ဗမာ့သေနတ်ကိုင်တပ်ရင်း - ၆ ရင်း
ကရင်သေနတ်ကိုင်တပ်ရင်း - ၃ ရင်း
ချင်းသေနတ်ကိုင်တပ်ရင်း - ၂ ရင်း
ကချင်သေနတ်ကိုင်တပ်ရင်း - ၃ ရင်း
ဂေါ်ရခါးသေနတ်ကိုင်တပ်ရင်း - ၁ ရင်း တို့ဖြစ်ပါတယ်။

တပ်မတော်အောက်မှာမရှိတဲ့ တခြားတရားဝင်လက်နက်ကိုင်တပ်များကတော့

- ဗြိတိသျှကဖွဲ့ပေးတဲ့ ကရင်စစ်ရဲ
- ဗိုလ်ချုပ်အောင်ဆန်းဖွဲ့ပေးခဲ့တဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့
- တပ်မတော်ရဲ့အရန်အင်အား သောင်းကျန်းသူနှိမ်နှင်းရေးတပ်ဖွဲ့ (ပြည်ထောင်စုစစ်ရဲဖြစ်လာ UMP)
- KNU ကဖွဲ့တဲ့ KNDO
- မွန် ကဖွဲ့တဲ့ MNDO
- ရှမ်းစော်ဘွားတွေရဲ့ ရှမ်းပုလိပ်များတို့ဖြစ်ပါတယ်။

ဒဂွမ် စုစည်းတင်ပြသည်။