Tuesday, March 12, 2013

ရွှေလီ ဆွေးနွေးပွဲပူးတွဲထုတ်ပြန်ချက်

 
In God We Trust!!!..
We Will Win, Not Immediately, But Definitely.
Our Leaders are praying for the meeting to go well.

They are blessed; God shows the way, because Jesus is the G.P.S for us Kachins...

မပခ တိုင်းမှူး ထွန်းထွန်းနောင် တယောက်...မျက်နှာမကောင်းပါ။...



မတ်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် ည၁၁နာရီခွဲတွင် နှစ်ဖက် သဘောတူညီမှု ရရှိပြီးချိန် တွေ့မြင်ရစဉ်။ ဓာတ်ပုံ - မန်းသားလေး/ ဧရာဝတီ

ကေအိုင်အေနှင့် အစိုးရ တပ်ဖွဲ့ဝင်တို့သည် ခိုင်မာသော အပစ်ခတ်ရပ်ဆဲရေးအတွက် မတ်လ ၁၁ရက်နေ့ည မြန်မာစံတော်ချိန် ၁၁နာရီခွဲတွင် နှစ်ဖက်သဘောတူညီမှု အခိုင်မာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယခုဆွေးနွေးပွဲ၏ ရလာဒ်အဖြေကို နှစ်ဖက်လုံး အားရကျေနပ်မှုရှိပြီး အပစ်ခတ်လုံးဝရပ်ဆိုင်းရေးအတွက် နှစ်ဖက်တပ်များ၏ အောက်ခြေတပ်ဖွဲ့ဝင်များအထိ ရောက်ရှိအောင် ညွှန်ကြားသွားမည် ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တစ်နိုင်ငံလုံး အတိုင်းတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။ 
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါဝင် ကိုယ်စားလှယ်အဖွဲ့များနှင့် KIO အမြဲတမ်းဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါဝင် ကိုယ်စားလှယ်အဖွဲ့တို့သည် စစ်ဘက်ဆိုင်ရာများကို အဓိကထားဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ အချက်များကို သဘောတူညီမှု ရရှိခဲ့ကြသည်။ 
၁။ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်လှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်ခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီသည်။
၂။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ တွေ့ဆုံပွဲ ရလာဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည်ဖြစ်ရာ ဆက်လက်ပြီး ပြသနာဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်ဖွဲ့များဆိုင်ရာ ကိစ္စများကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက်အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘောတူသည်။ 
၃။ ပဋိပက္ခဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကို ကွင်းဆင်းလေ့လာ စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြည့်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်းပြီး လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။
၎။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ အစည်းဝေးတွင် သဘောတူညီခဲ့ကြသည်များနှင့် ၂၀၁၃ခုနှစ် မတ်လ (၁၁၊ ၁၂)ရက်နေ့ အစည်းဝေးတွင် သဘောတူညီခဲ့ကြသည်များကို ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။ 
၅။ နောက်တစ်ကြိမ်ဆွေးနွေးမှုကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။
photo.
KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်တွေ
============================
 ရွှေလီမြို့ ကိုရောက်ရှိ
=============
အစိုးရနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ မတ်လ ၁၁ ရက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် နှစ်ဖက် ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။

အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အတူ တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ လိုက်ပါလာကြပြီး KIO ဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အရာရှိတွေ တက်ရောက်မှာ ဖြစ် သလို တရုတ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့လည်း လေ့လာသူတွေ အဖြစ်တက် ရောက်မှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှာ စစ်အရှိန်လျှော့ချရေးနဲ့ တပ်တွေနေရာချထားရေးကို အဓိကထား ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

" မြန်မာအစိုးရဘက်ကတော့ ဦးအောင်မင်းတို့ပေါ့၊ ကချင်ဘက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဌ ဖြစ်တဲ့ ဦးဆွမ်လွတ်ဂမ်နဲ့ ၁၀ ယောက်အဖွဲ့နဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်လည်း တက်ရောက်မှာဖြစ်တယ်ခင်ဗျ၊ တပ်ပိုင်းဆိုင်ရာ အပြစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ အဓိကထား ဆွေးနွေးမယ်လို့ထင်တယ်၊ UNFC လည်းပါမယ် SSA ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကလည်းပါမယ်"

အစိုးရဘက်က ဝန်ကြီဦးအောင်မင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာနဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၊ ကချင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တို့ ပါဝင်မှာ ဖြစ်ပြီး တရုတ်အစိုးရက ကြားနေသက်သေအဖြစ် ကူညီမှာဖြစ်တယ်လို့ သိရပါတယ်။
(RFA)
photo.
တရုတ် မြန်မာ နယ်စပ် ရွှေလီမြို့  ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒီမနက် တွေ့ရတဲ့ မြင်ကွင်းတချို့ ဖြစ်ပါတယ်။
(ဓာတ်ပုံများ - မန်းသားလေး/ဧရာဝတီ) http://blog.irrawaddy.org/2013/03/blog-post_5770.html
မပခ တိုင်းမှူး ထွန်းထွန်းနောင် တယောက်...မျက်နှာမကောင်းပါ။...
မပခ တိုင်းမှူး ထွန်းထွန်းနောင် 
KIO, နှင့် မြန်မာအစိုးရ၊ ရွှေလီ ဆွေးနွေးပွဲပူးတွဲထုတ်ပြန်ချက်
=================================
ဆွေးနွေးမှုအပြီးထုတ်ပြန်ခဲ့သောပူးတွဲ ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့များတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) တွေ့ဆုံ ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကိုယ်စားလှယ် (၄) ဦး ၊ SSPP မှ ကိုယ်စားလှယ်(၂) ဦး၊ RCSS မှ ကိုယ်စားလှယ် (၂) ဦး ၊ NDAA မှ ကိုယ်စားလှယ် (၂) ဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။

(၃) နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည်ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး
အောက်ဖော်ပြပါ အချက်များကို သဘောတူညီ ကြပါသည်။

-(က) စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီသည်။

-(ခ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည် ဖြစ်ရာဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြား သွားရန် သဘောတူသည်။

-(ဂ)ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကိုကွင်းဆင်း လေ့လာ
စောင့်ကြည့်နိုင်ရေးအတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာညှိနှိုင်း ဆောင်ရွက် နိုင်
ရန်အတွက် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။

-(ဃ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်များနှင့် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။

-(င) နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။

၎။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။
 
ဒု ချုပ် ဂွမ်မော်