Friday, November 7, 2014

ယူနိုက်တက် အမရ ဘဏ် အရှုပ်တော်ပုံ သူဌေးသင်္ဘောမှောက်တာထက် သူတောင်းစားခွက်ပျောက်တာက ပိုအရေးကြီး


=========================================
စွမ်းအားရှင် အကြမ်းဖက်သမားများ ရဲ့ ဂိုဏ်းခေါင်းဆောင်ကြီး ယခင် စက်မှု(၁) ၀န်ကြီးဟောင်း ခရိုနီကြီး ဦးအောင်သောင်းရဲ့ သား ဦးနေအောင် ဆိုသူက ၉၀ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ ယူနိုက်တက် အမရ ဘဏ် (UAB Bank ) မှာ ဘဏ်ကိုလာအပ်တဲ့ငွေနဲ့ ဘဏ်မှ ပြန်လည်ထုတ်ယူငွေ မှာ ဘဏ်က ပြန်လည်ထုတ်ယူသူတွေသာ များနေကြောင်း ပြည်တွင်းသတင်း ဂျာနယ်များက ရေးသားနေကြတာ သတိထားမိပါတယ်။
ခရိုနီကြီး ဦးအောင်သောင်း ရဲ့ ပြည်ပပိုင်ဆိုင်မှုအရပ်ရပ်ကို အမေရိကန်ငွေကြေးစနစ်ထဲမှာ ထိန်း ချူပ်သွားတော့မှာဖြစ်ပြီး ဦးအောင်သောင်းနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေကိုလည်း အမေရိ ကန် က ပိတ်ဆို့အရေးယူတော့မယ်လို့ နိုဝင်ဘာလဆန်းက သတင်းထွက်ပေါ်လာအပြီး မှာ ဦးအောင်သောင်း မိသားစုပိုင်ဘဏ် မှ အများပြည်သူအပ်နှံထားငွေ များကို အလုအယက်ပြန် လည် ထုတ်ယူနေကြတာဖြစ်ပါတယ်။
နိုဝင်ဘာလ ၄ရက်နေ့မှာတော့ ဘဏ်ကို လာရောက် အပ်နှံငွေ က ကျပ်ငွေ ၁၆ ဘီလီယံပဲ ရှိပြီး တစ်နေ့တည်းမှာပဲ ဘဏ်က ပြန်လည်ထုတ်ယူသွားကြတဲ့ ငွေက ၂၆ဘီလီယံ ရှိနေတယ်လို့ အဲ့ဒီဘဏ် တာဝန်ရှိသူတွေကိုယ်တိုင်က ပြောကြားလာတာကို တွေ့ရပါတယ်။ တစ်နေ့တည်းမှာ အ၀င်နဲ့ အထွက် ကွာဟသွားတဲ့ငွေက ၁၀ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သိန်း) တောင်ရှိနေ တာကို သတိထားမိကြမှာပါ။
UAB က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ အာမခံထားတဲ့ ငွေသားပမာဏစုစုပေါင်းဟာ ကျပ်ငွေ ဘီလီယံ ၄၀ သာ ရှိနေတာမို့ ဗဟိုဘဏ်မှာ အာမခံငွေတင်ထားတဲ့ ပမာဏစုစုပေါင်းရဲ့ ၂၅%(လေးပုံ တစ်ပုံ) ကို နိုဝင်ဘာလ ၄ရက်နေ့ တစ်ရက်တည်းမှာပဲ ဘဏ်ရဲ့ ငွေသားစီးဆင်းမှု ဖြစ်စဉ်ကြီး (Cash Flow Cycle ) ထဲကနေ အသားတင်ဆုံးရှုံးသွားခဲ့ တာ ဖြစ်ပါတယ်။ 
ဘဏ်တာဝန်ရှိသူတွေက သူတို့ရဲ့ အရေးပေါ်တဲ့အခါ အလွယ်တကူ ငွေသားအဖြစ် ဖန်တီး နိုင်မှု အချိုး (Liquidity Ratio) ကို ဘယ်သို့ပင် အာမခံ နိုင်ကြောင်း ပြော ကြားနေပါစေ၊ နောက်ဒါမျိုး သုံးလေးငါးရက်လောက် ဆက်တိုက်ဖြစ်လာခဲ့ရင် ဘဏ်က အများ ပြည်သူ အပ်နှံငွေတွေ မဆုံးရှုံးသွားအောင် ဘယ်လိုတာဝန်ယူမှာလဲ ဆိုတာက လေကြီးသက် သက်အာမခံနေတာထက် ပိုအရေးကြီးပါတယ်။
၁၉၉၁ ခုနှစ်လောက်တုန်းက အဲ့ဒီအချိန်ကာလမှာ ကမ္ဘာ့အကြီးဆုံး ဘဏ်ကြီးစာရင်းဝင်ခဲ့တဲ့ ဘီစီ စီအိုင် ဘဏ် (BCCI Bank) ကြီး ဘယ်သို့ဘယ်ပုံ ပြိုလဲသွားခဲ့ရတယ် ဆိုတဲ့ ဥပမာကို ပြန် ကြည့် ရင် ယခု UAB ဘဏ်က ပေးနေတဲ့ အာမခံချက်တွေဟာ လေထဲသက်သက် ပျောက်ပျက် သွား မယ့် အရာတွေလိုပဲလို့ မြင်ပါတယ်။ သူဌေးသင်္ဘောမှောက်တာ မထောင်းတာ လှပေမယ်လို့ သူတောင်းစားခွက်ပျောက်တာက ပိုဆိုးတယ် ဆိုတဲ့ စကားလိုပဲ မရှိမဲ့ ရှိမဲ့လေးတွေ ဘဏ်သွားစု ဆောင်းထားကြသူ အများပြည်သူများ မနစ်နာသွားကြပါစေနဲ့လို့သာ ဆုတောင်းနေမိပါတယ်။
(ရောဘတ်အယ်လ်ဟို့စ်)
ဓာတ်ပုံ - ၊ Eleven Media နှင့် 7Days News ။
http://www.news-eleven.com/…/%E1%80%9A%E1%80%B0%E1%82%8F%E1…