Thursday, November 27, 2014

ထမင်းစားဖိတ်ခြင်းသီဝရီ( အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ သုံးလေ့ရှိတဲ့ နည်းတစ်နည်းပါ။ )


· 
ထမင်းစားဖိတ်ခြင်းသီဝရီ
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားကိုယ်စားလှယ်တွေကို ထမင်းစားဖိတ်ဖူးတယ်။ တုံ့ပြန်မှု မရခဲ့ဘူးလို့ ထင်ပါတယ်။ အခု မင်းအောင်လှိုင်က အစိတ်သားတွေကို လွှတ်တော်မှာ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ရထားပါတယ်လို့ နေပူတော်မှာ ကမ္ဘာသိ ပြောခဲ့တော့ သူ့သဘောထားများ ပြောင်းလေမလား ဆိုပြီး ဒုတိယအကြိမ် သွေးတိုးစမ်းလိုက်တာ ဖြစ်မယ်။
နောက်တစ်ခု ထမင်းစားပွဲကို Tool to break deadlock လို အသုံးပြုခဲ့တာ ဖြစ်တယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ သုံးလေ့ရှိတဲ့ နည်းတစ်နည်းပါ။ တစ်ဖက်နဲ့တစ်ဖက် ပိတ်မိနေတဲ့အချိန်မှာ တကယ့်ပြဿနာကို မဆွေးနွေးစေဘဲ ခေါင်းဆောင်များနဲ့ ရင်းနှီးအောင် ထားတဲ့နည်း ဖြစ်တယ်။ ဂေါ့ဖ်ကစားခြင်း၊ ထမင်းအတူစားခြင်း၊ စကားစမြည် ပြောခြင်းတို့ဟာ တစ်စို့နေတဲ့ အခြေအနေကို ပွင့်စေတတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ နေ့တိုင်း တွေ့နေရပေမဲ့ ကျွဲရိုင်းတွေလို အထီးကျန်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ချင်တဲ့ သဘော ရှိပါတယ်။ ဒါဟာ သံတမန်နည်းလမ်းပေါင်း မြောက်မြားစွာထဲက နည်းတစ်နည်းပါ။ အလကားသက်သက် ဖိတ်တာ မဟုတ်ပါဘူး။
သူ သုံးတဲ့ နောက်တစ်နည်းကတော့ Walk in the wood နည်းပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို Camp David ထဲ ခေါ်ပြီး အတူတူလမ်းလျှောက်ကြရင်း စကားစမြည်ပြောစေတဲ့နည်း၊ ရန်သူကို မဟာမိတ်လုပ်ပြီး ချဉ်းကပ်တဲ့နည်းပါ။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲကို ဝင်ရောက်ခြင်းမှာ Walking into the wood ပဲလို့ ဆိုရမှာ ဖြစ်တယ်။ သူက ပြည်ခိုင်ဖြိုးတို့နဲ့ ထိပ်တိုက်တွေ့ဖို့ ဝင်သွားတာ မဟုတ်ဘူး။ မဟာမိတ်ပြုဖို့ ဝင်သွားတာ ဖြစ်တယ်။ စစ်တပ်က ဒါကို သိလို့ ပြဿနာ မတက်တက်အောင် ကြံစည်နေခြင်းဖြစ်တယ်။
နောက်တစ်နည်း စဉ်းစားကြည့်မယ်။ သူက F.W. De Klerk နည်းကို သုံးခြင်းပါ။ မင်းအောင်လှိုင်နဲ့ တိုက်ရိုက်စကားပြောချင်တယ်ဆိုတာ နယ်လဆင်မင်ဒဲလ်လားနဲ့ ဒီကလပ်တို့ ဖြစ်စဉ်ကို အသုံးချလိုက်ခြင်းလို့ မြင်ပါတယ်။ De Klerk က ပြုပြင်ပြောင်းလဲရေးအတွက် အဆင်သင့် ဖြစ်တဲ့အချိန်အထိ မင်ဒဲလ်လားက အချိန်ပေးခဲ့ပြီး လူဖြူကြားမှာ referendums တွေ၊ consultations တွေ၊ mandates တွေ ရအောင် ပံ့ပိုးပေးပါတယ်။ အခု သူနဲ့ သူရရွှေမန်းတို့ ဆက်ဆံပုံမျိုး ဖြစ်ပါတယ်။ ဦးအောင်သောင်းကို အကာအကွယ်ပေးသလိုမျိုးပါ။ မင်းအောင်လှိုင်နဲ့ တွေ့နိုင်အောင် ကြိုးစားနေပုံမျိုးပါ။
ဒေါ်အောင်ဆန်းစုကြည် သုံးနေတဲ့ နည်းကို စစ်အုပ်စုတွေ မပြောနဲ့၊ NLD အဖွဲ့ဝင်တွေတောင် သိမှ သိကြပါ့မလားလို့ သံသယရှိပါတယ်။ မိတ်ဆွေတို့အမြင်ကော ဘယ်လိုရှိမလဲ။