Monday, November 24, 2014

အစိုးရတွေပြောတဲ့ မတော်တဆပါ။ ခြိမ်းခြောက်တဲ့အနေနှင့်ပစ်တာပါ။ ဆိုသည့် နိုင်ဝင်ဘာ ၁၉ လိုင်ဇာ ဗိုလ်လောင်းကျောင်းကိစ္စ၏ နောက်ဆက်တွဲ ဆိုးကျိုး ကောင်းကျိုးများ။



(၁) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အင်မတန်မှ အရေးကြီးသည့် တိုင်းရင်းသားများနှင့် အစိုးရကြား ယုံကြည့်မှု အောက်ဆုံးအထိ ရောက်ရှိသွားပြီဖြစ်သည်ဟု ဗိုလ်ချုပ်ဂွန်မော်မှဆိုသည်။
( အမြဲမှန်ကန်နေသည့် “နေသည်အရှေ့ကနေ ထွက်သည်၊ သံပရာသီးသည် ချဉ်သည်”ဟု အစိုးရများကပြောဆိုလျှင်တောင် တိုင်းရင်းသားများ ယုံကြည်ရန် မလွယ်ကူတော့။)
(၂) နိုင်ဝင်ဘာလ လကုန်ပိုင်းပိုင်းတွင် ပြန်လည်ကျင်းပရန် ပြောဆိုထားသည့် UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲလည်း ထိုအချိန်တွင်ကျင်းပရန်မလွယ်ကူတော့။
(၃) အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲများမှ တစ်ခုသာ အကောင်းအထည်ဖော်နိုင်ခဲ့သည့် ပဌိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည်လည်း လိုင်ဇာမှ ကေအိုင်အေကိုယ်စားလှယ်များ ယခုဖြစ်စဉ်ကြောင်း မြစ်ကြီးနားသို့သွားရန် လမ်းခရီးတွင် အဆင်မပြေသည့်အတွက် ယခုတစ်ကြိမ်လုပ်နိုင်ရန် မလွယ်ကူတော့။
(၄) ဗိုလ်လောင်းသင်တန်းသားများ သေဆုံးခဲ့ရသည့်အတွက် တပ်မတော်နှင့် အစိုးရတာဝန်ရှိသူများအား ပြည်သူများ၏ ဆဲဆိုမှုများအား ပိုမှုခံစားနေရ။( မတော်မဆပါဆိုသည့် သူများသာမက သူတို့၏ သာသမီး ဆွေးမျိုးများအထိ ကား၊ ဆိုင်ကယ် မတော်တဆဖြစ်ပြီးသေပါစေ ဆိုသည့် ဆဲဆိုမှုများထိ ကြားနေရ)
(၅) နိုင်ငံတကာတွင် ကချင်ပြည်နယ်မှာ အေးချမ်းပြီ။ မြန်မာနိုင်ငံမှာအေးချမ်းပြီ။ မကြာခင် လက်မှတ်ရေးထိုးနိုင်တော့မည် ဆိုပြီး ကမ္ဘာပတ်ပြီး လိမ်လည်မှုများ ယခုကိစ္စကြောင့် အလိမ်ပေါ်သွားခဲ့ပြီဖြစ်သည်။
(၆) ကချင်ပြည်နယ်မှာငြိမ်းချမ်းပြီး တိုက်ပွဲမဖြစ်တော့ဘူး မနော်ပွဲလုပ်မယ်။ ပြည်သူတွေအတွက်ပဲ အမြဲ အလုပ်လုပ်ပါတယ်ဆိုသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်လဲ စကားမပြောတတ်သည့် သူဖြစ်သွားကြောင်း ကချင်ပြည်နယ်သားများသိရှိလာရ။
(၇) စစ်ဘေးဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ပြည်သူများ၏ အိမ်ပြန်ချိန် အိပ်မက်သည်လည်း ပိုပြီး ဝေးသွားခဲ့ရပြီဖြစ်သည်။
(၈) ကချင်ပြည်နယ်သာမက မြန်မာပြည်အနံ့ရှိ တိုင်းရင်းသားပြည်သူများ တိုက်ပွဲပြန်လည်ပြင်းထန်လာမယ်ကို ယခင်ထက်ပိုမိုစိုးရိမ်နေကြ။ 
(၉) တိုင်းရင်းခေါင်းဆောင်များ၊ ပြည်သူများ ယုံကြည့်မှု စည်းလုံးမှု ယခင်ထက်ပိုမိုရရှိလာကြ။
(မှတ်ချက် - မြစ်ကြီးနားဘရန် ၏ ထင်မြင်ယူဆချက်များသာ)