Wednesday, November 26, 2014

ပင်လုံစာချုပ်အရ ... ဆန္ဒရှိရင်

ပင်လုံစာချုပ်အရ ... ဆန္ဒရှိရင် ... ကချင်၊ ချင်း၊ ရှမ်း ... ဒီပြည်နယ် ၃ ခုဟာ ခွဲထွက်ခွင့် အပြည့်အဝ ရှိတယ်။ 
ဒီပြည်နယ် ၃ ခုဟာ ဗမာ ဘုရင်ဆီကနေ အင်္ဂလိပ်က သိမ်းယူခဲ့တာ မဟုတ်လို့ ... လွတ်လပ်ရေး ပြန်ပေးတဲ့အခါ ... ပူးပေါင်းမလား၊ ခွဲမလား .. ဆိုတဲ့ စကားကနေ ... တောင်တန်း ဒေသနဲ့ မြေပြန့် ပြသနာ ဆိုတာ ဖြစ်လာခဲ့ရတာကို ရှင်းပြီးတော့ ... ပင်လုံစာချုပ်နဲ့ ပြည်ထောင်စု ဖြစ်လာခဲ့တာ။ ဒါကြောင့် ပြည်ထောင်စုနေ့လို့ဆိုပြီး ပင်လုံစာချုပ် ချုပ်တဲ့ နေ့ကို သတ်မှတ်တာ။
ဒါဟာ သူတို့ရဲ့ အခွင့်အရေးပဲ။ ဒီအခွင့်အရေးကို အခုအထိ ဘယ်တိုင်းရင်းသားကမှ တရားဝင် မတောင်းဘူး။ ဖက်ဒရယ်ဆိုတဲ့ ပြည်ထောင်စုမှုကိုပဲ ပြောနေကြတာ ဖြစ်တယ်။ ဒါဟာ တိုင်းရင်းသားတွေ ဘက်က ပြည်ထောင်စု မူဝါဒကို ဆက်ကိုင်ထားတယ်လို့ ပြောလို့ရတယ်။
.. ပြည်ထောင်စု မူဝါဒ ... ကို ဗဟိုအစိုးရ ဖြစ်တဲ့ ... အာဏာရှင်တွေက ... တိုင်းပြည်ကို သူတို့ ယောက္ခမဆီက အမွေရတဲ့ ပစ္စည်းလို “ပြည်ထောင်စု ပြိုကွဲမှာစိုးလို့ ဆိုပြီး“ အကြောင်းပြပြီး အာဏာနဲ့ တိုင်းပြည်ကို သူတို့ အိတ်ထဲ ထည့်ထားလို့ ... ပြည်တွင်း စစ် ဖြစ်နေရတာ ဖြစ်တယ်။
တကယ်လို့သာ တေ့တေ့ဆိုင်ဆိုင် ဒီအခွင့်အရေးတွေကို စစ်ရေး မပါဘဲ ... ရှင်းမှ ပြည်တွင်းစစ် ရပ်နိုင်မယ်။
(ကိုထိုက်)