Friday, November 21, 2014

ဟောင်ဝစ်ဇာ တလက်နေရာရွှေ့ ဖို့တို့ … ကျည်တလုံးပစ်ဖို့တို့ဆိုတာ ကက(ကြည်း) War Office ရဲ့  အမိန့်လိုတယ်

Myitsoe wa laiza makau kaw du ai ten aming jaw da ai rai na re.

Jade Land Kachin added 2 new photo
၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်ဆိုတာ ကမ္ဘာစစ်တွေမှာ သုံးတဲ့ အမြောက် ။
ထရပ်ကားနဲ့ ဆွဲချင်ဆွဲ .. ဒါမှမဟုတ် ရဟတ်ယာဉ်နဲ့ ချပေးမှ သယ်လို့ရတယ်။(Wheeled Motor Vehicle or Air-lifted)
အမြောက်မော်ဒယ်၊ သုံးတဲ့ ကျည်အမျိုးအစား၊ ပစ်တဲ့ ပုံစံ ပေါ်မှာ မူတည်ပြီး ၅ မိုင်ကနေ ၁၅ မိုင်ထိ ပစ်နိုင်တယ် ။(Firing Range)
သုံးတဲ့ ကျည်အမျိုးအစားပေါ်မူတည်ပြီး ကျည်ဆံကျတဲ့ နေရာ အနည်းဆုံး မီတာ ၅၀ ပတ်လည်ထိ လူသေ နိုင်ပြီး မီတာ ၁၀၀ ပတ်လည်ထိ ထိခိုက်ဒဏ်ရာရမှု ဖြစ်နိုင်တယ်။ (Kill zone radius and casuality radius)
သုံးတဲ့ ကျည်ကို ယမ်းအားပြင်းကျည် HE (High Explosive)၊ သံချပ်ကာဖျက် ယမ်းအားပြင်းကျည် HEAT (High Explosive Anti-Tank) နဲ့ မီးခိုးဗုံး Smoke ဆိုပြီး အကြမ်းဖျဉ်း ခွဲလို့ ရတယ်။
လက်ရှိ စစ်အုပ်စုလက်ကိုင်တုတ် တပ်မှာ ပထမကျည် နှစ်မျိုးသုံးပါတယ် ။
အမေရိကန်ထုတ် ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တွေကို ကမ္ဘာပေါ်မှာ လက်ရှိ ၅၅ နိုင်ငံမှာ တပ်ဆင်ထားပြီး မြန်မာ (Burma) လည်းပါပါတယ်…။
ဒါပေမဲ့ ပြည်တွင်းစစ်မှာ သုံးတာတော့ ဖိလစ်ပိုင်နဲ့ မြန်မာ ပဲ ရှိတယ်လို့ ဆိုတယ် … ။
စစ်တပ်အရာရှိဟောင်းကြီးတွေ ပြောဖူးတာရော၊ စစ်တပ်လက်စွဲ မှာဖတ်ဖူးတာရော
ဟောင်ဝစ်ဇာ တလက်နေရာရွှေ့ ဖို့တို့ … ကျည်တလုံးပစ်ဖို့တို့ဆိုတာ
ကက(ကြည်း) War Office ရဲ့  အမိန့်လိုတယ် … ။
စစ်အုပ်စုက ထိပ်တန်း ဗိုလ်ချုပ်တွေ လူစိတ်ရှိလား … မရှိလားတော့ ကိုယ့်ဟာကိုယ် စဉ်းစားကြပေါ့ .. ။
( Kyaw Kyaw Nyein Chan )