Saturday, November 22, 2014

ကျုပ်မြင်တဲ့ နိုင်ငံရေးက ဗမာမှုတစ်ခုတည်းသာလျှင် ပင်ရင်းပြသနာဖြစ်တယ်

By John mill
link: ohn Mill https://www.facebook.com/photo.php?fbid=10152890704347433&set=a.10152890704502433.1073741825.607572432&type=1&theater


as long as you deal with it; you are supposed to suffer
again and again. I'd say you have to get out of that barmanized
routine.
ကျုပ် ဘာလို့ ဗမာဆန့်ကျင်ရေး ပြောသလဲ ဆိုရင် ဗမာမကောင်းတာကို
တိုင်းရင်းသားတွေ ကျယ်ကျယ်ပြန့်ပြန့်သိစေချင်လို့ပါ၊၊ လွပ်လပ်ရေးယူဖို့
ဆိုရင် ဘာလို့မပေါင်းချင်တာလဲ ဆိုတဲ့ အကြောင်းပြချက် ခိုင်လုံရတယ်၊၊၊
ဒီအတွက် ကျုပ်မဟုတ်တာ မပြောဘူး၊၊ ဒါကို အထူးသတိထားတယ်..
နောက်တစ်ချက်က ဗမာမကောင်းတာကို အသေအချာ သိနေလို့ပြော
တာဖြစ်တယ်၊၊ ဗမာကို မကြောက်လို့လည်း ပြောတာဖြစ်တယ်၊၊ ဗမာရဲ့ 
မဟာဗျူ ဟာကို မြင်နေတဲ့အတွက် ပြောရဲတာ ဖြစ်တယ်၊၊ 
ဗမာက ကချင်တွေကို စိတ်ပျက်သွားအောင် လုပ်နေတာလား ဆိုရင် ဟုတ်တယ်
လို့ ကျုပ်ဖြေမယ်၊၊ ဗမာက ကချင်ကိုစိတ်ပျက်တာထက် ကချင်က ဗမာကို စိတ်ပျက်
နေတာ ကြာလှပြီမို့လို့ပါ၊၊ တစ်ဖက်သတ်ဆိုရင် နှေးနေမှာစိုးလို့ မြန်မြန် ခွဲကြကွာ
ကြပါလို့ တိုက်တွန်းလိုက်ပါတယ်၊၊ ဒါမှ တိုင်းသူပြည်သားတွေ အေးမှာ၊၊
ကျုပ်မြင်တဲ့ နိုင်ငံရေးက ဗမာမှုတစ်ခုတည်းသာလျှင် ပင်ရင်းပြသနာဖြစ်တယ်
ဒီအတွက် ခွဲဖို့က အထိရောက်ဆုံး အဖြေဖြစ်တယ်၊၊ ဒီလိုဖြစ်လာရင် ခွဲထွက်ဖို့
ပင်လုံလက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက နောက်ဆုံး
ပြေးပေါက်တစ်ခုချန်ခဲ့တယ်လို့ ဆိုပါရစေ၊၊
တောင်ပေါ်သားတွေ လွတ်လပ်ရင် တောင်အောက်သားတွေကိုလည်း
ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့ပါဘူး၊၊ အားလုံးဟာ ကိုယ့်ပိုင်ပြဌာန်းခွင့်
ကိုယ်စီ ရသင့်တယ် မဟုတ်ပါလား၊၊