Tuesday, September 24, 2013

The American-Kachin Rangers ( OSS 101)*

N-Gun Ja Wa's photo.
The American-Kachin Rangers ( OSS 101)*
-----------------------------------

ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တွေ ဖက်ဆစ်ဂျပန်ကို အောင်နိုင်ရန် မဟာမိတ်အမေရိကန်ဘက်မှ ပါဝင်တိုက်ခဲ့တဲ့ The American-Kachin Rangers (OSS 101) ဂုဏ်ပြုအထိမ်းအမှတ် အမေရိကန်အရာရှိနှင့် ကချင်ရိန်းဂျား ကြေးရုပ်ကို ယနေ့ ရန်ကုန် အမေရိကန် သံရုံးမှာ တွေ့ရှိရတာဖြစ်တယ်။ အမေရိကန် CIA ရုံးချုပ် လန်ဂလေမှာလည်း အလားတူ ဂုဏ်ပြု အထိမ်းအမှတ်သားများကို ထားရှိတယ်လို့ သိရပါတယ်။

The American-Kachin Rangers တွေဟာ ရန်သူ့နယ်မြေ အတွင်းစည်းသို့ ပြောက်ကျားနည်းဖြင့် ဝင်ရောက်လှုပ်ရှားနိုင်ပြီး တန်ပြန်ထောက်လှမ်းရေးတာဝန်များ၊ နယ်မြေကျွမ်းကျင်မှုနှင့် ခြုံခိုတိုက်ခိုက်ခြင်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖက်ဆစ်ဂျပန်တွေ အလွန်အထိနာခဲ့ရတယ်။

အဲဒါကြောင့် The American-Kachin Rangers တပ်ဖွဲ့ဟာ အမေရိကနု် စစ်သမိုင်းမှာ Kill/Loss ratio အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ (Kill/Loss ratio ဆိုတာ မိမိတပ်ကျရှံးမှုထက် ရန်သူတပ်အကျများအောင် လုပ်နိုင်တာကို ဆိုလိုပါတယ်။)

Life-size statues of a Kachin Ranger and a U.S. officer. It is commemoration of the alliance between the Kachins and the Americans which has lasted from WWII to today. (U.S. embassy compound, Rangoon, Burma)

အင်ဂွန်ဂျာဝါ


*(မှတ်ချက်။ ။ ကချင်တွေကြားထဲမှာ ဝမ်းအိုဝမ်း (101) လို့ပဲ အတိုကောက် ခေါ်ကြတယ်)