Thursday, September 19, 2013

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ် မထိုးတဲ့ အဖွဲ့တွေကိုဘဲ ကျေးဇူးတင်မိပါတယ်

ဇူလိုင်လမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ် မထိုးတဲ့ အဖွဲ့တွေကိုဘဲ ကျေးဇူးတင်မိပါတယ်။

တပ်မတော် ကလိမ်ကကျစ် ကျနေတာကိုတော့ ထိန်းသိမ်းမယ် မရှိဘူး။ လိုအပ်လို့ တော်လှန်ကြတဲ့ တော်လှန်ရေးသမားတွေကိုဘဲ ဘာကြောင့်များအတင်းဖိအား ပေးနေပါလိမ့်လို့ သုံးသပ်မိတယ်။

အကယ်၍သာ ဇူလိုင်လမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်လို့ကတော့ သမ္မတ ဦးသိန်းစိန် နိုဘယ်ဆု ရဖို့ ၉၀% လောက် အသေအချာဘဲ။

နိုဘယ်ဆု ရွေးချယ်ရေးက ဆုရရှိတဲ့ သူကို တရားဝင် ကြော်ငြာတာက အောက်တိုဘာလ အစောပိုင်း။

အခုတခါ အောက်တိုဘာလမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးမယ် လို့ ပြောနေပြန်တယ်။

အကယ်၍များ ဦးသိန်းစိန် နိုဘယ်ဆု ရသွားရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ Level ညှိလိုက်သလိုဖြစ်ပြီး မြန်မာပြည်ကြီးရဲ့ နောင်ရေးအတွက် မတွေးဝံ့စရာ။

သူ နိုဘယ် ရတာက နောက်မှ၊ လောလောဆယ် တပ်မတော်၊ Ministry of Information တွေရဲ့ ကလိမ်ကကျစ်နဲ့ KIO ကို Terrorist ဆိုတဲ့ category မြိန်ရည်ရှက်ရည် အကြီးအကျယ် သတ်ဖြတ်နေမှာ မြင်ယောင်သေးတယ်။

တရေးနိုးမှာ လှန့်နိုးရင်တောင် ဆက်အိပ်လို့ မရဘူး။