Monday, September 16, 2013

ဘာကို ကြောက်နေကြတာလဲ

တိကျ ပြတ်သားတဲ့ ပန်းတိုင်းတစ်ခုခုကို ရွေးဖို့သင့်ပြီ
============================

ဒီနေ့တော့ ဗမာ့တပ်မတော် ဘက်က သူတို့ လျှို့ဝက်ထားတဲ့ အချက်တစ်ချက်ကို အမှန်အတိုင်းဖွင့်ဟလာပြီ

အမှန်တော့ မြန်မာပြည်မှာ လူမျိုးရေးကွဲပြားပြီး သဘောထားကွဲလွဲလာချင်းမှာ ဗမာလူမျိုးများမှ လက်ဝါးကြီးအုပ် စနစ်ကို ကျင်သုံးခဲ့ခြင်းကြောင့်ပဲ ဖြစ်သည်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပေါ်ပေါက်လာခြင်းမှာ မဟာအမျိုးတွေက အပေါ်တက်စီးပြီး ကျန်လူကို အရေးမပါသလို ဂျောင်ထိုးခံရလို့ ရွေးစရာ လမ်းမဲ့ကာ လွှတ်မြောက်ရန် လမ်းရွေးလာရခြင်းပင်ဖြစ်သည်

လက်နက်ကိုင်ပြသနာဖြေရှင်းလို့မရပဲ နှစ်ပေါင်းများစွာ ကြာရှည်လာရခြင်းမှာ ဗမာများက ဦးဆောင်သော အဖွဲ့အစည်းဖြစ်နေလို့ သူတို့ အင်ပါယာကြီး ဆုံးရှုံးမခံနိုင်လို့ပါ

လက်ရှိ ဖက်ဒရယ်စနစ်ကို မလိုလားတာတွေ လုပ်မယ်ပြောပြီး မလုပ်တာက ပုံမှာမြင်တဲ့အတိုင်းပါပဲ

သူကပို့စ်တစ်ခုတင်ပြီးပြောပါတယ်
ကိုလိုနီခေတ်တုန်းက ကချင်(တောင်တန်းဒေသ)ရဲ့ အကျယ်အဝန်းဟာ ....
စတုရန်းမိုင်ပေါင်း ၁၉,၁၇၇ ကျယ်ဝန်းပါတယ်တဲ့
လက်ရှိအချိန်မှာတော့ ကချင်(ပြည်နယ်)ရဲ့ အကျယ်အဝန်းဟာ ....
စတုရန်းမိုင်ပေါင်း ၃၄,၃၇၉ ကျယ်ဝန်းပါတယ်တဲ့
ဘာလို့ပိုကျယ်ဝန်းလာသလဲဆိုရင် ....
ပင်လုံစာချုပ်ချုပ်ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက .....
မြစ်ကြီးနားခရိုင်ကို ကချင်ပြည်နယ်ထဲ ထည့်သွင်းစေခဲ့ပါတယ်တဲ့
နောက်တခါကတော့ ဦးနုလက်ထက်မှာ .....
ဗန်းမော်ခရိုင်ကိုပါ ကချင်ပြည်နယ်ထဲ ထည့်သွင်းပေးခဲ့ပါတယ်တဲ့
မင်းတို့ ခွဲထွက်မယ်ဆိုရင် တောင်တန်းဒေသမှာ သွားနေကြတဲ့

ငါကပြန်မေးလိုက်ပါတယ် မြန်မာပြည်မှာ ဗမာ ၆၀% သာရှိသည် ဒါပေမယ့် ဗမာဦးဆောင်သော အဖွဲ့အစည်းမှ သိမ်းထားတဲ့ နယ်မြေ (တိုင်းရင်းသားနယ်) ၉၀% ရှိနေတယ် ကိုလိုနီခေတ်မှာ ဗမာစောဘွားတွေ ဘယ်အထိ (ကချင်ပြည်နယ်) အုပ်ချုပ်ခဲ့သလဲ ငါတို့ ကချင်စောဘွားတွေ ဘယ်အထိနေထိုင်အုပ်ချုပ်ခဲ့တယ် ဆိုတာအတိအကျရှိတယ် ဆိုပြီး ပြန် ပြောလိုက်တော့ ပုံမှာပါတဲ့အတိုင်းပဲ ဖြေပါတယ်

မိတ်ဆွေတို့တွေ ခွဲထွက်ဖို့ကို ပဲ ကြိုးပမ်းရအောင် ဒါဟာ အစွန်းရောက်အတွေးမဟုတ်ဘူး
ငြမ်းချမ်းရေး ငြမ်ချမ်းရေ ပြောပြီး တကယ့်တကယ် ခံနေရတာ ဒို့တိုင်းရင်းသားပါ
ဘာကို ကြောက်နေကြတာလဲ

"ဝ" တိုင်းရင်းသားကို ကြည့်ပါ ဗမာတပ်မတော်နှင့် စစ်မဖြစ်တာ မဟုတ်ပါဘူး ဒါပေမယ့် ယနေ့အချိန်အထိ ဝ ဒုက္ခသည်ကြားဖူးသလား တကယ်အပြီးအပိုင်ခွဲထွက်တာ မဟုတ်ရင်တောင် ဒီအခြေအနေအထိလောက်တော့ လုပ်လို့ရပါတယ် ဝ တွေဆွေးနွေးတဲ့ နိုင်ငံရေးကိစမှန်သမျှကို ဗမာအစိုးရဘက်က အလေးနက်ထားပေးတယ် ငါတို့ကိုကျမှ တက်စီးလို့ ရတယ်ထင်ပြီး အမျိုးမျိုးပြသနာရှာတာပါ

နှောက်တစ်ချက်က ထိုင်းနိုင်ငံ၊ အင်ဒီယနိုင်ငံ၊ လို တန်းတူအခွင့်အရေးရှိပြီး ပြည်သူတိုင်းကို ချစ်တတ်တဲ့ သမိုင်းကောင်း၊ လက်ရှိလည်းကောင်း တဲ့ အစိုးရ အဖွဲ့အစည်းလိုမျိုးဆိုရင် ပေါင်းလို့ရပါတယ် ဒါပေမယ့် သူတို့ဘက်က ဗမာကို ပေါင်းကြည့်ပါ ပေါင်းကြည့်မှ သိတယ်ဟု စိန်ခေါ်ချက်အတိုင်း ငါတို့ ပေါင်းပြီးပြီ်မဟုတ်လား နှောက်ထပ်ဘာကိုမျှော်လင့်ရအုံးမှာလဲ ကတိသစ္စာတစ်ခုကို ငါတို့ဘက်က စောင့်ထိန်းလာခဲ့တာ နှစ်ပေါင်းမနည်းတော့သလို့ ခံစားလာခဲ့တာလည်း ကြေမွနေပြီ မဟုတ်လား........