Thursday, September 26, 2013

တရုတ် ဆေးဝါးတွေကစိတ်မချရဘူး၊ သူတို့ နိုင်ငံမှ မစမ်းသပ်ရဲတာတွေကို မြန်မာပြည်ပို့ပြီး ဆေး အစွမ်းကို စမ်းသပ်တာ ။

အခုပဲ တယ်လီဖုန်းဆက် စကားပြောနေသံ တခု ကြားရတယ်။

ပြည်ပ က သားက လှမ်းမေးတာကို မြန်မာပြည်မှ အမေ က ဖြေနေတာ။

သူတို့ လာတိုက်တာ။ မသောက် မနေရ လို့တော့ ပြောတာပဲ။
ဟင် ......................
အဲ့ ဆေးတွေ သောက်မိလိုက်လား။

ဟင့်အင်း......................

အမေ မသောက်ဘူး ဘယ်သူ့ကိုမှ လည်း မတိုက်ဘူး

အဲဒါ စီမံချက်နဲ့ လာတိုက်တာ ဆိုပေမယ့် မသောက်ရဲဘူး။

တရုတ် ဆေးဝါးတွေကစိတ်မချရဘူး၊ သူတို့ နိုင်ငံမှ မစမ်းသပ်ရဲတာတွေကို မြန်မာပြည်ပို့ပြီး ဆေး အစွမ်းကို စမ်းသပ်တာ ။ ကာကွယ်ဆေး ဆိုပေမယ့် စိတ်မချဘူး၊ တကယ့် အစိုးရ ဌာန တွေကရော ဒီဆေးတွေ ဘယ်လောက် အစွမ်းထက် အာမခံ သလဲ ဆိုတာ စမ်းသပ်ပြီးပြီမို့လား။

တရုတ်ဆေးတွေ တရုတ် အစာတွေ တရုတ် နည်းပညာတွေ အမေတို့ မယုံတော့ဘူး သားရေ။

-----------------------

ကျနော်လည်း စိတ်ဝင်စားတာနဲ့ နားထောင်နေမိတယ်။
အစစ အရာရာ သတိထားမှ တော်ကာကျမယ်ဗျ နော့