Sunday, September 15, 2013

ရွာသားများ နှိပ်စက်ခံရမှု သတင်းကို ဖုံးကွယ်ဖို့ စစ်ဗိုလ်ဇာတ်ထွင်ခဲ့


**************
အင်ခန်ဂါး ကချင်ရွာသားများကို ရက်ရက်စက်စက် ညင်းပန်းနှိပ်စက်မှု သတင်း ထွက်လာအပြီး ဗိုလ် ဇော်မျိုးထက် သတင်းကို ဇာတ်နာအောင် ဖန်တီးကြတယ် လို့ ဆိုပါတယ်။ ထိုစစ်ကြောင်းမှာ ပါခဲ့တဲ့ ရ၀မ်အမျိုးသား တစ်ယောက် ပြောလာပါတယ်။

`စစ်ဗိုလ်ဆုံးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ ပြောသလို ခေါင်းဖြတ်သတ်တယ် ဆိုတာ မဟုတ်ဘူး၊ ဗုံးဒဏ်နဲ့ ဗိုက်ပေါက်သွားတယ် ဆိုတာတော့ ဟုတ်တယ်၊´ လို့ ဆိုပါတယ်။

အင်ခန်းဂါး ကျေးရွာသားများ ၁၀၀ ကျော် ပျောက်ဆုံး နေဆဲ လို့ သိရပါတယ်။ သေလား၊ ရှင်လား ဆိုတာ မသိရသေးပါ။ တောင်ပေါ်သားများ တောမှာ လမ်းမှားရိုး ထုံးစံမရှိပါ။

ဖြစ်စဉ်ကတော့...

အင်ခန်းဂါး အနီးပတ်ဝန်းကျင်မှ ကေအိုင်အေ စခန်းတွေကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ် နဲ့ သွားတိုက်ပါတယ်။ လမ်းခုလတ်မှာ ခြုံခိုတိုက်ခြင်းခံရတယ်။ အထိနာခဲ့တယ်၊ ဆိုပါတော့။ စစ်ဗိုလ် တစ်ယောက်လုံးပါတဲ့ အဖွဲ့က လမ်းပျောက်ပြီး လူ ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းနဲ့ ကွဲသွားတယ် လို့ ဆိုပါတယ်။ (စကားပြောစက် မပါဘူးလားမသိဘူး။)

ဒီတော့ အင်ခန်းဂါး မှာ နေတဲ့ ကချင်ရွာသားများကို ပုံစံ ပေးပါတော့တယ်။ ကာကွယ်ရေး ၀န်ကြီးဌာန က သတင်းထုတ်ပြန်တဲ့ နေရာမှာ အင်ခန်းဂါး ရွာသား တစ်ယောက်က ကေအိုင်အေ စစ်သားတွေကို သတင်းပေး တယ် ဆိုပြီး အရိပ်အရောင်ပြ အပစ်ဖို့ထားတာ တွေ့ရတယ်။

အခု တိုက်ပွဲ ဖြစ်တဲ့ နေရာက ဧရာဝတီမြစ်ဖျား မလိခ မြစ်ရိုးပေါ်မှာ ဖြစ်ပါတယ်။ နေရာတကာ ရွှေအလွန်ထွက်ပြီး ပွင့်လင်းရာသီတွေမှာ ကချင်ပြည်နယ်အနံ့က လာတဲ့ လူမျိုးပေါင်းစုံ လက်လုပ်လက်စား သမားများ ရွှေကျင်ပြီး မိသားစုများကို ကျေးမွေးနေသော နေရာလဲ ဖြစ်ပါတယ်။ အဲဒီ နေရာ တ၀ိုက်ကို ဦးတေဇ က တကိုယ်တော် သိမ်းပိုက်ချင်လို့ နယ်မြေရှင်းလင်းရေး လုပ်ခြင်း ဖြစ်ပါတယ်။
http://kachinduwa.blogspot.com/2013/09/blog-post_15.html