Monday, September 9, 2013

ထိုင်းအကျဉ်းထောင်မှသည် အမေရိကန်စစ်သားတစ်ဦးအဖြစ်သို့

ဇွန်လ ၁၀ ရက်၊ ၂၀၀၆ လဖိုင်ဆင်ဝါးနော် ရှေ့ ရေးမသေချာမှုများစွာနဲ့ အိမ်က ထွက်ခဲ့
တယ်၊၊ သူ့မိဘတွေ မြောက်ဒဂုံမှာ ဘာသာရေးလုပ်ငန်းအတွက် အရေးယူခံရတာနဲ့
ပတ်သက်ပြီး ရဲစခန်းမှူးနဲ့ အငြင်းအခုံဖြစ်ပြီး ၃ ရက်မြောက်မှာ ထွက်လာခဲ့ရတာပါ၊၊
သူထွက်သာလာရတာ ကျွမ်းကျင်အလုပ်မရှိသလို၊ ထိုင်းနိုင်ငံကို တရားမ၀င် ခိုးဝင်
အနေနဲ့သွားရတာပါ၊၊

“ကျနော် အပူသောကနဲ့ပါဗျာ” အသက် ၂၇ ရှိပြီဖြစ်တဲ့ ဆင်ဝါးနော်က မြန်မာထိုင်းမ်စ်
ကိုပြောပါတယ်၊၊ “ကျနော်အပေါ်ဘယ်လိုဖြစ်လာမလဲဆိုတာကို ကြောက်နေခဲ့တယ်၊
အဆိုးဆုံးအနေနဲ့ ထောင်ကျနိုင်တာပေါ့နော်”


ဆင်ဝါးနော် တွေးပူနေတဲ့အတိုင်း တကယ်ဖြစ်လာခဲ့တယ်၊၊ သုံးရက်မြောက်နေ့မှာပဲ ထိုင်းရဲတွေဆီမှာ အဖမ်းခံရပါတယ်၊၊ အကုန်လုံးချွတ်တယ်၊ ရှာတယ်၊ ပါလာသမျှအား
လုံး (ဖိနပ်၊ ခါးပတ်မကျန်) ယူပါတယ်၊၊ ၅ ယောက်ဆောင် ထောင်ထဲမှာ ၃ လလောက်
ကြာသွားတယ်၊၊ “ထိုင်းရဲတွေက ဗမာပြည်ကလာမှန်းသိရင် ပိုနှိပ်စက်ပါတယ်” လို့သူက
ထပ်ပြောပြပါတယ်၊၊ “ကျနော်တို့ အစာငတ်ခဲ့တယ် လူငါးယောက် ပေါင်းအိပ်ရာ တစ်ခု
တည်းရှိတယ်၊၊ စားစရာ ပစ်ချပေးလာတာနဲ့ မ၀ရေစာ မြန်မြန်စားကြရတယ် ” လို့
ပြောပါတယ်၊၊ ဆင်ဝါးနော်ကို အောက်တိုဘာ (၂၀၀၆) ထဲမှာ မြန်မာပြည်ပြန်ပို့ လိုက်
တယ်၊၊ ဒါပေမယ့် သူချက်ချင်းပဲထိုင်းနယ်စပ်ကို ပြန်ကူးဝင်လိုက်တယ်၊၊ မလေးရှားကို
ခရီးဆက်ဖို့အတွက်ပါ၊၊ မလေးရှားရောက်တော့ စားပွဲထိုးလုပ်ခဲ့တယ်၊၊
ပန်းကန်ဆေးခဲ့တယ်၊၊



“တခါတလေမှာ အလုပ်မရှိဘူး၊၊ လူမနေတဲ့အိမ်အို လှေခါးထစ်မှာအိပ်ခဲ့ဖူးသလို ကုန်
တိုက်နားက ပလက်ဖောင်းပေါ်လည်း ခွေခဲ့ရဖူးတယ်၊ အဲဒီအချိန်တွေက ကျနော့်ဘဝ
ရဲ့အခက်ခဲဆုံးလို့ထင်ပါတယ် ဒါပေမယ့် အဲဒီအခြေအနေတွေက ကျနော့်ကို ပိုပြီး ခွန်
အားကြီး လာစေခဲ့တယ် ” လို့သူကပြောပြပါတယ်၊၊ အဲဒီအင်အားတွေက သူ့ကို ကမ္ဘာ
တစ်ဖက်ခြမ်းဆီ တွန်းပို့လိုက်ပါတယ်၊၊ ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များ အဖွဲ့အစည်းမှာ
ဒုက္ခသည်အဖြစ်နဲ့ ၀င်ရောက်ခဲ့ပြီးနောက်ပိုင်း ၂၀၀၉ ဇန္န၀ါရီလာမှာ အမေရိကား ကို
ခြေချခွင့်ရခဲ့သလို အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရခဲ့တယ်၊၊ သူ့ကို စစ်သားလုပ်ဖို့ ရွေး
ချယ်ခံရပြီး အခုမြောက်ကယ်ရိုလီနာ ကမ်ဘဲလ် တက္ကသိုလ်မှာ နိုင်ငံလုံခြုံရေးအထူးပြု
တက်နေပါတယ်၊၊


တကယ်တော့ ဒါဟာ ချက်ခြင်းဖြစ်လာတာမဟုတ်ပါဘူး၊၊ မြစ်ကြီးနားမြို့ သား လဖိုင် ကချင်လေးဟာ ညကျောင်းတက်ရင်း ပန်းကန်ဆေး၊ ကားဆေးလုပ်ခဲ့ရသေးတယ်၊၊
ဖလော်ရီဒါမှာပါ၊၊ ညကျောင်းသင်တန်း ဆင်းလက်မှတ်ရတယ်၊၊ ပြီးတော့ အိတ်စက်ရုံ
မှာ ၉ လကြာ အလုပ်လုပ်ခဲ့ပါသေးတယ်၊၊ သူဟာ စစ်သားလုပ်ရတာကို သဘောကျ
သူပါ၊၊ သူဟာ စစ်သားမိသားစုထဲကလို့ ပြောလို့ရပါတယ်၊၊ သူ့ အဖိုးက ဒုတိယ ကမ္ဘာ
စစ်တုန်းက အမေရိကန်(၁၀၁)တပ် ကချင်ရိန်းဂျားတပ်ခွဲ ကနေ ဗျူဟာစစ်ဆင်ရေး တပ်သား တစ်ဦးဖြစ်ခဲ့တယ်၊၊ သူ့ဦးလေးဟာဆိုရင် ကချင်လွပ်မြောက်ရေးတပ်မတော်
(KIA) မှာ ဗိုလ်ကြီးတစ်ဦးဖြစ်ပါတယ်၊၊




ရွေးချယ်ခံရရုံနဲ့တော့ ကျနော့်လို ဆယ်တန်းအောင်ရုံ မြန်မာနိုင်ငံသားတစ်ဦးအတွက်
အရည်အချင်းမပြည့်မှီသေးပါဘူး၊၊ ကျနော့်ပညာရေးကို တစ်ကပြန်စခဲ့ရတယ်၊၊
“ဒါပေမယ့် ကျနော့် အိပ်မက်တစ်ခုဖြစ်တဲ့ စစ်သားတစ်ဦး ဖြစ်ခွင့်ရဖို့အတွက် ကျနော်
ကြိုးစားလိုက်ပါတယ်” အောက်တိုဘာ ၁၀ မှာကျင်းပတဲ့ စစ်သားစာမေးပွဲ (the Armed
ServiceVocational Aptitude Battery )မှာ ရှုံးပါတယ်၊၊ ပြန်ကြိုးစားပြီး နောက် ၃ လအကြာပြန်ဖြေတော့၊ အောင်ပါတယ်၊၊ အခုဆိုရင် the 27th Engineer Battalion's
161th Engineer Support company (lias) Airborne Combat Unit စစ်မြေပြင်
အင်ဂျင်နီယာတပ် လေထီးတပ်သားဖြစ်နေပါပြီ၊၊






ပေါင် ၈၀ အလေးကို ကျောပိုးပြီး ပေ ၁၂၀၀ ကျော်ပျံနေတဲ့ ရဟတ်ယဉ်ပေါ်ကနေခုန်ချ
ဖို့အတွက် လေ့ကျင့်ခဲ့ရတယ်၊၊ “ အဲဒီလေ့ကျင့်ရေး မလုပ်မှီမှာ အေးဆေးပါ လို့ထင်ခဲ့ပေ
မယ့် တကယ့်တကယ်မှာ ထင်သလောက်မလွယ်ပါဘူး၊၊ လေထီးမပွင့်ခဲ့ရင် ဘယ်လိုလုပ်
ရပါ့မလဲဆိုတဲ့ အတွေးမျိုးတွေ ၀င်လာပါတယ်၊၊ ကျနော်လေထီး တစ်ခါ ခုန်တိုင်း ဘုရား သခင်ကို ဆုတောင်းရသလို ....သူများတွေလည်း ခုန်ခါနီး တိတ်ဆိတ်သွားကြတာပါပဲ ”



စစ်စည်းကမ်း နားမလည်တာရယ် အစားအသောက်ဓလေ့မတူလို့ ခက်ခဲတာရယ် ရှိပါ
သေးတယ်၊၊ သို့သော်သူ စစ်သားယူနီဖောင်းကို တစ်ပတ်မှာ ၅ ရက် ဂုဏ်ယူစွာနဲ့ ၀တ်ပါ
တယ်၊၊ US စစ်သားအင်္ကျီဝတ်ထားတိုင်း USစစ်သားသိက္ခာကျစေမယ့် ဘယ်ကိစ္စ မဆို
ရှောင်ပါတယ်၊၊ “ ယူနီဖောင်းဝတ်ထားတဲ့ မင်းဟာ ရန်လိုလို့မရပါဘူး၊၊ စကားပြောရင်
တောင် သာမာန်ထက်ပို ယဉ်ကျေးရပါတယ်၊၊ အထူးသဖြင့် မိန်းကလေးတွေအပေါ်မှာ
ယဉ်ကျေးရပါတယ် ” လဖိုင်ဆင်ဝါးနော်က ပြောပါတယ်၊၊ “ မြန်မာပြည်မှာ ပုံစံလို ငါ့မှာ
လက်နက်ရှိတယ်၊ ငါယူနီဖောင်း ၀တ်ထားတယ်ဆိုပြီး ဟိတ်ဟန်များလို့ မရဘူး ”



သူ အမေရိကန် စစ်သားဖြစ်ပြီးလို့ ၂ နှစ်အကြာမှာ အစိုးရတပ်နဲ့ကေအိုင်အေကြား
စစ်ဖြစ်ခဲ့တယ်၊၊ ကချင်တွေဘက်ကို လချီနီးပါးကြာ ဗုံးတွေကြဲချခဲ့တာ ဒီဇင်ဘာ ၂၀၁၂
ဟာ အပြင်းထန်ဆုံးအချိန်ဖြစ်ခဲ့တယ်၊၊ သူအပါအ၀င် ကချင် မိတ်ဆွေတွေ အားလုံးက
အဲဒီ သတင်းတွေပဲ စောင့်နေခဲ့ရတယ်၊၊ သတင်းပဲ ပြောပြီး သတင်းတွေပဲ စိတ်ဝင်စား
နေခဲ့ကြတယ်၊၊ “ အဆိုးဆုံး အနေနဲ့သူတို့ ကချင်ကို ချေဖျက်ပစ်တော့မလား လို့ စိုးရိမ်ခဲ့
ရတယ်၊ ” သူကပြောပါတယ်၊၊


သူ့တပ်သားဖော်တွေကလည်း တိုက်ပွဲနဲ့ပတ်သက်လို့ သူ့အမြင်ကို မေးပါတယ်၊၊
“ ကျနော်တို့ ပြည်နယ်သပ်သပ်စီနဲ့ ဘာသာစကားသပ်သပ်စီရှိပါတယ်၊ ဒါပေမယ့် အဲဒီမတူညီသူအချင်းချင်း မုန်းနေကြတာ မဟုတ်ပါဘူး ၊ အာဏာရှင်စနစ်ကိုသာ မုန်းတာဖြစ်ကြောင်း ရှင်းပြပါတယ် ” ကချင်သားက ဦးသိန်းစိန်စတင်ခဲ့တဲ့ ပြုပြင်
ပြောင်းလဲရေး (အထူးသဖြင့် စစ်တပ်ကိုမထိန်းသိမ်းနိုင်မှု) နဲ့ပတ်သက်လို့ မေးခွန်း
ထုတ်လိုက်ပါသေးတယ်၊၊



“ သူက ကချင်ကို မတိုက်ဖို့ အမိန့်ပေးခဲ့ပေမယ့် သူ့လူတွေက လေယဉ်နဲ့တောင်ဗုံးကြဲ
ခဲ့သေးတယ်၊ အဲဒါဘာကြောင့်လဲ၊ သူ့အမိန့်ကို မနာခံတာလား၊ ဒါမှမဟုတ် မလေးစား
တဲ့သဘောများလား ”


လဖိုင်ဆင်ဝါးနော် အပါအ၀င် ကချင်တိုင်းရင်းသားများ အားလုံးအတွက်ကတော့ ဒီ
စစ်ပွဲကြောင့် KIA ရဲ့ လက်ရှိ ခေါင်းဆောင်မှု အပေါ်မှာ အားသစ်လောင်း လေးစားမှု
ဖြစ်စေခဲ့ ပါတယ်၊၊ “ ကျနော် ကချင်တစ်ယောက်ဖြစ်လို့ KIA ကို လေးစားတာမဟုတ်
ပါဘူး၊၊ လွန်ခဲ့တဲ့ အချိန်တုန်းက လက်အောက်ငယ်သား တွေအပေါ်မှာ တကယ်ဆိုးတဲ့
ခေါင်းဆောင်တွေရှိခဲ့တယ်၊၊ သူတို့ဟာ စည်းစိမ်ယစ်ပြီး ပြည်သူအတွက် မကြည့်ခဲ့ဘူး၊၊
သူတို့ကောင်းကျိုးရမယ်ဆိုရင် ကချင်မြေ ကိုတောင် ရောင်းစားမယ့်သူတွေပါပါတယ်၊
သို့်သော် ကနေ့ ခေါင်းဆောင်တွေက တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်စနစ် အတွက်
တကယ်ကို စိတ်ပါလက်ပါ ရှိနေပါပြီ၊၊ အဲဒီအတွက် လေးစားတာပါ ” လို့ပြောပါတယ်၊၊

စစ်မဖြစ်ခင်ကတည်းကလည်း လဖိုင်ဆင်ဝါးနော်က ကချင်မြေကို အမြဲလိုလိုသတိရ
နေခဲ့ပါတယ်၊၊ ကချင်အလံ- အနီ-အစိမ်း- ဓါးဖြူနှစ်လက် ယှက်ထားတဲ့ အဲဒီအလံဟာ
မြောက်ကယ်ရိုလီနာ ကသူနေတဲ့ အခန်းနံရံကို စိုးမိုးထားပါတယ်၊၊ အဲ့ဒီအလံက သူ့
ဇာတိမြေနဲ့ ဝေးမသွားဖို့ ချိတ်ဆက်သတိပေးနေတဲ့ တင်္ကေတ လည်းဖြစ်ပါတယ်၊၊

မြန်မာပြည်ကထွက်လာခဲ့တာ ၇ နှစ်ကြာခဲ့ပြီး အမေရိကန် စစ်သားအဖြစ် သစ္စာတော်
ခံဖြစ်နေခဲ့ပြီ ဆိုပေမယ့်လည်း ကချင်မြေကိုတကျော့ပြန်သွားဖို့ အိပ်မက်က လန်းဆန်း
နေဆဲဖြစ်ပါတယ်၊၊ မြန်မာပြည်မှာကျန်ခဲ့တဲ့ သူ့အမျိုးတွေနဲ့ ဆက်သွယ်နေတဲ့ အရေးကြီး
အချက်တစ်ချက်ကတော့____ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာပေါ်မှာ ကေအိုင်အေ
စစ်သားတွေ တောနက်ထဲမှာ ဆုတောင်းနေကြတဲ့ ဓါတ်ပုံဖြစ်ပါတယ်၊၊
အဲ့ဒီပုံအောက်မှာ “ သူတို့ဟာ စစ်မှန်တဲ့ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသူ
တွေပါ၊၊ တနေ့နေ့တချိန်ချိန်မှာအတူပူးပေါင်းနိုင်ဖို့ မျော်လင့်ပါတယ် ” ဆိုပြီး ရေးထား
တာ တွေ့ရပါတယ်။