Sunday, September 15, 2013

ကေအိုင်အေ ကို ပြန်တိုက်ရန် ဗမာစစ်တပ် မှ ပြင်ဆင်မှုများ

ကေအိုင်အေ ကို ပြန်တိုက်ရန် ဗမာစစ်တပ် မှ ပြင်ဆင်မှုများ


ကေအိုင်အေ ကို ဗမာ စစ်တပ် ပြန်တိုက်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း အတွင်းထဲမှ သတင်းများအရ သိရသည်။

အထူးသဖြင့် စစ်တပ် လော်ဘီ ဖစ်ဘွတ် အကောင့်များမှလဲ ကေအိုင်အေ မကောင်းကြောင်း၊ ကေအိုင်အေက စစ်ဗိုလ်တစ်ယောက်ကို ခေါင်းဖြတ်သတ်ကြောင်း သတင်းအမှားများနဲ့ အမုန်းတရားဖန်တီး နေမှုတွေ သိသိသာသာ တိုးလာသည်။ ဥပမာ ပုံထဲက Ko John ရဲ့ ပိုစ့်မှာ သတ်ပုံ သတ်နည်း အသေးစိတ် ကို ရဲဘော်တွေရှေ့မှာ လုပ်ပြသလို ဇာတ်နာအောင် ရေးထားပြီး အဲဒီ ရဲဘော်တွေ တစ်ယောက်မှ လွတ်လာတာ မရှိဘူး... အကုန်အသတ်ခံရတယ် လို့ ရေးပြန်တယ်.. ဒီတော့ အဲဒီ သတင်းကို ဘယ်သူက ပေးတာလဲ... တကယ်ကော အဖမ်းခံရပြီးမှ အသတ်ခံရသလား.. ပွဲချင်းပြီး သေသလား.. ဘယ်သူမှ မသိ... အတွင်းသတင်းအရ သိတာကတော့ ပွဲချင်းပြီး သေခြင်းသာ ဖြစ်သည်။

တိုက်ပွဲမှာ ကျဆုံးတဲ့ မသာမှန်သမျှက မရှုမလှ သေတာ မဆန်းပါ။ မသာလှပြီး သေတာ မရှိသလောက်ပါ။ ဒါကို စစ်သားတိုင်းကသိပေမယ့် သာမန် ပြည်သူတွေက ဓါတ်ပုံ ကို ကြည့်ရင် ရက်စက်တဲ့ လုပ်ရပ်လို ထင်လာမယ်၊ ဆိုတာ ပါပဲ။

အရင် မူဆလင် မုန်းတီးရေး ဖန်တီးရှင် အကောင့်များ အားလုံး လိုလို ကချင် မုန်းတီးရေး ပြန်စ လာတာ သတိထားမိလာသည်။ တဆက်ထဲမှာပဲ ဘာသာရေးအရ ခရစ်ယာန် ဘာသာ ကို မူဆလင် နှင့် တဂိုဏ်းထဲထည့်ပြီး ရန်သူသဖွယ် သတ်မှတ်လာနိုင်စရာ ရှိကြောင်း စစ်ရေး အကဲခတ်များ သုံးသပ်ထားသည်။

လိုင်ဇာ အနီးသ၀ိုက်တွင် စစ်တပ်အင်အားတိုးချဲ့ခြင်း၊ စစ်ပွဲအကြိုအနေဖြင့် ပူတာအို ဒေသ တွင် ကေအိုင်အေ စခန်းများ တက်သိမ်းခြင်းမှ ကျဆုံးသော ဗမာရဲဘော် ဓါတ်ပုံများကို ဒါဝဖြန့်အဖြင့် အသုံးပြုလာသည်။

ပူတာအို ဒေသတွင် မီဒီယာ များ အလှန်းဝေး နေခြင်းကြောင့် ကချင်ရွာသားများ ကို ဗမာ စစ်သားများ စိတ်ကြိုက်ပြုမူခြင်းများ၊ တရွာလုံးဖမ်းဆီးခြင်း၊ အုပ်စုဖွဲ့ မဒိမ်းကျင့်မှုများ ရှိနေစေကာမူ၊ ပြည်တွင်းမီဒီယာများပင် မသိကြပေ။

စစ်ပွဲမှာ စစ်သား သေတော့ လူ့အခွင့်အရေး သမားများကို အပြစ်တင်သည်။

လူ့အခွင့်အရေး ဆိုတာ ဘယ်လိုအဆင့်မှာ ချိုးဖေါက်ခြင်း မြောက်တယ် ဆိုတာ သိထားပုံ မရပါ။

မြန်မာလူမျိုးများနှင့် ငြိမ်းချမ်းရေး ဆိုတာ ရေ နဲ့ ဆား လိုလား... လက်နက်ကိုင်ရင်လဲ လက်နက်ကိုင်လို့... လက်နက် မကိုင်ရင်လဲ ဘာသာမတူလို့... လူမျိုးမတူလို့... ဖြစ်နေပြန်တယ်...

ဘယ်မလဲ ငြိမ်းချမ်းတဲ့ ဘာသာတရား?
By -duwa kachin