Monday, September 9, 2013

မြစ်ကြီးနားမြို့  အထက (၁) ကျောင်းသား မရန်ဒွဲလာ (န၀မတန်း) အား ရဲတပ်ဖွဲ့ဝင် များက ရဲစခန်းဝင်းသို့ခေါ်ဆောင်ကာ ဦးခေါင်းရိုးကွဲသည် အထိ ရိုက်နှက်မှုဖြစ်ပွား


မြစ်ကြီးနားမြို့ နောင်နန်းအုပ်စု လမြန်ကျေးရွာနေ ဦးလမြန်ဇော်ခွန်း၏ သားဖြစ်သူ
မောင် မရမ်ဒွဲလာ ကို အကြောင်းအရာ မသိရဘဲ ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ သိရပါ
တယ်၊၊ မနောကွင်းနားမှာ အရပ်ဝတ်နဲ့ ဖမ်းတယ်တဲ့၊၊ ညဘော်လုံးပွဲကြည့်ဖို့ အသွား
မှာဖမ်းတာပါ၊၊ ဖမ်းတာ ၅ - စက်တင်ဘာ -၂၀၁၃ (မနက် ၁ နာရီ) ပါ၊၊

နှိပ်စက်နည်းကတော့ တော်တော်စုံပါတယ်၊၊ အနည်းဆုံး လည်ပင်းညစ်တာကနေ
အဆိုးဆုံး လိင်အင်္ဂါ မီးမြိုက်ပေးတဲ့ အထိပါတယ်၊၊ ဒီထဲကနေ မှတ်တမ်း တင်ထား
နိုင်တာကတော့ နံပါတ်တုတ်နဲ့ ရိုက်လွန်းလို့ ဦးခေါင်းရိုးကျိုးတယ် လို့ ဓါတ်မှန်အရ
သိရပါတယ်၊၊ လွတ်ပေးလိုက်တာက ၅- စက်တင်ဘာ ၂၀၁၃ မနက် ၅ နာရီပါတဲ့၊၊

ဆိုတော့ ၄ နာရီကြာ အကြောင်းမဲ့ ဖမ်းတာပေါ့၊၊ အဖြစ်နိုင်ဆုံးကတော့ ညမှောင်ရိပ်
ခိုမှုဖြစ်နိုင်ပါတယ်၊၊ ဒါပေမယ့် ရိုက်တာက ဘာအတွက်လဲ၊၊ နှိပ်စက်ပုံက ဆိုးလွန်းပါ
တယ်၊၊ သူ့ကိုရိုက်စစ်တဲ့ ရဲတွေက အရက်သောက်ပြီး နှိပ်စက်တာလို့ ဆိုပါတယ်၊၊ဒီလို
အဖြစ်မျိုးတွေ အများကြီးရှိပါတယ်၊၊ ဘာမှမသိလို့ ၊ ဘာမှမလုပ်တတ်လို့ သည်းညည်း
ခံ နေခဲ့တာအများကြီးပါ၊၊ ဒီတစ်ယောက်ကတော့ မဟုတ်မခံလူစားမို့လို့ အခုလို
တိုင်တန်း ထားတာပါ၊၊

အကြောင်းမဲ့ နှိပ်စက်တယ်ဆိုတာ သက်သေတစ်ခုအနေနဲ့
((ကျနော်မြစ်ကြီးနားမှာနေတုန်းက ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ အဖမ်းခံရတာကို
ဘာမှမဆိုင်တဲ့ကိစ္စနဲ့ ဆဲဖူးပါတယ် - ကျောင်းသား ဘိန်းစားလား မင်းတို့ ကချင်တွေ
ဘိန်းစားဘဲ လို့ ဆဲဖူးပါတယ်))
— with N-Gun Ja Wa and 13 others.