Sunday, February 10, 2013

ကချင်လူမျိုး သတ်တဲ့ ဗမာ သူရဲကောင်း များ စာရင်း ထွက်ပြီ။





သမ္မတကြီးက ထိုးစစ်မဆင်ပါဘူး ဆိုပြီး တလျှောက်လုံး ဘူးခံနေလျှက် အခုတော့ သူရဲကောင်းဘွဲ့တွေတောင် တသီတတန်းကြီး ပေးနေပြီ။ ဘာအတွက် သူရဲကောင်းလဲတော့ မသိဘူး။ ကချင်ရွာ ၂၀၀ ကျော် နဲ့ ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ၆၆ ပါး ဖျက်ဆီး လိုက်နိုင်လို့ ထင်ပါတယ်။ (http://kachinduwa.blogspot.com/2013/01/blog-post_31.html) ကချင်အရပ်သား အများအပြားကိုလဲ သတ်နိုင်ခဲ့ပါတယ်။ မဒိမ်းကျင့်ခဲ့ကြတယ်။

ရွာ ပျက်စီး သွားလို့ နေစရာအိမ် မရှိပဲ အခုထိ စစ်ပြေးဒုက္ခသည်ဘ၀ အနေနဲ့ ခိုလုံ နေရတဲ့ ကချင်လူမျိုး တစ်သိန်းကျော် ရှိနေပါတယ်။ ကချင်ပြည်နယ်များ ကချင်တွေပဲ နေတာ မဟုတ်ဘူး ဆိုပေမယ့်၊ ဒုက္ခသည်ကျတော့ ကချင်လူမျိုးတွေပဲ ဖြစ်နေရတာလဲ တမျိုးပဲနော်။
ကေအိုင်အေ သာ ရွာဖျက် စစ်ကြောင်းများကို မခုခံနိုင်ခဲ့လျှင် ကချင်ရွာသားများ ပြေးချိန်တောင် ရလိုက်မှာ မဟုတ်ပါ။ Nam Lim Pa ရွာ ရဲ့ အဖြစ်အပျက်လေးက သာဓက တခု ဖြစ်သည်။ စစ်ကြောင်းများ ရွာထဲ ၀င်လာတော့ ခါတိုင်း လာနေကျ စစ်တပ်များ အထင်နဲ့ ငေးကြည့်နေကြတဲ့ ရွားသားများ လမ်းဘေး စော့နေတဲ့ ကလေးများပါ မကျန် သရစပ် ပစ်သတ်သွားကြောင်း၊ နော်ဝေ နိုင်ငံ အခြေစိုက် Partners Relief & Development အဖွဲ့ရဲ့ Crimes in Northern Burma အစီရင်ခံစာမှာ စုံစုံလင်လင် ဖေါ်ထုတ်ထားပါတယ်။ (http://www.burmacampaign.org.uk/images/uploads/Crimes_in_Northern_Burma.pdf)

ပြည်ထောင်စု တပ်ပါလို့ ပြောနေလျှက်နဲ့ သူရဲကောင်းဘွဲ့ရတဲ့ စာရင်းမှာ ကချင် တစ်ယောက်မှ မပါတာတော့ မထူးဆန်းပေမယ့်၊ ဗမာ စစ်တပ်ဟာ ပြည်ထောင်စု တပ် မဟုတ်ဘူး ဆိုတာ အထောက်အထား တခု ရတာပေါ့။

နောက်ပြီး ခြေလျင် တပ်ရင်းတွေကလဲ များမှ များပဲ။ ကချင်ပြည်နယ်ထဲက ခြေလျင်တပ်ရင်းတွေ မဟုတ်တာတော့ သေခြာပါတယ်။ ရိပ်ခါ ပို့တဲ့ တပ်ရင်းတွေကလဲ မနည်းမနောပဲ။

တတ်လဲ တတ်နိုင်လွန်းပါတယ်။

-----------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် ၂/၂ဝ၁၃

၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)

နိုင်ငံတော်သမ္မတက အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်
ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို အပ်နှင်းလိုက်သည်

သူရဘွဲ့

၁။ ကြည်း ၅၇၉၇၉ ဗိုလ် ကျော်ဇေယျ အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၂။ ကြည်း ၅၇၅၁၆ ဗိုလ် သန့်ဇင်ဦး အမှတ် (၇၇)ခြေလျင်တပ်ရင်း
၃။အမှတ် ၅ဝ၉၅၆၉ တပ်ကြပ်ကြီး သန်းနွဲ့ အမှတ် (၇၇)ခြေလျင်တပ်ရင်း

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ

၁။ ကြည်း ၂၇၅၁၈ ဒုတိယဗိုလ်မှူးကြီး တင်မောင်ဦး အမှတ် (၇၇)ခြေလျင်တပ်ရင်း
၂။ ကြည်း ၃ဝ၂၇၈ ဗိုလ်မှူး ရဲထွဋ် အမှတ် (၉၈)ခြေလျင်တပ်ရင်း
၃။ နခတ - ၁ဝဝ၁၆ ဗိုလ်မှူး စောမြခိုင် အမှတ် (၁ဝ၁၆)နယ်ခြားစောင့်တပ်
၎။ ကြည်း ၃၅ဝ၈၇ ဗိုလ်ကြီး သန်းကျော် အမှတ် (၄)ဝန်တင်တပ်ရင်း
၅။ ကြည်း ၃၉၃၂၂ ဗိုလ်ကြီး ခင်လှဝင်း အမှတ် (၃၂၁)ခြေမြန်တပ်ရင်း
၆။ ကြည်း ၃၉၇၁ဝ ဗိုလ်ကြီး ချစ်ကိုကို အမှတ် (၁ဝ)ခြေလျင်တပ်ရင်း
၇။ ကြည်း ၄ဝ၃၂၇ ဗိုလ်ကြီး အောင်ထွေးဝင်း အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၈။ ကြည်း ၄ဝ၅၉၉ ဗိုလ်ကြီး ရန်နောင်မိုး အမှတ် (၇၇)ခြေလျင်တပ်ရင်း
၉။ ကြည်း ၄၁၅၅၆ ဗိုလ်ကြီး တင်ဦး အမှတ် (၄၁၅)ခြေမြန်တပ်ရင်း
၁ဝ။အမှတ် ၅၂၇၇၂၈ တပ်ခွဲတပ်ကြပ်ကြီး စောမာရှယ် အမှတ် (၇၇)ခြေလျင်တပ်ရင်း
၁၁။အမှတ် ၆၁၂၅၉၆ တပ်ခွဲတပ်ကြပ်ကြီး မင်းနိုင် အမှတ် (၃၁၇)ခြေမြန်တပ်ရင်း
၁၂။အမှတ် ၆ဝ၉၉၇၆ တပ်ကြပ်ကြီး စိုးနိုင် အမှတ် (၁ဝ)ခြေလျင်တပ်ရင်း
၁၃။အမှတ် ၆၁၉၈၇ဝ တပ်ကြပ်ကြီး ဆန်းဝင်း အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၁၄။အမှတ် ၆၃၁၅၁၆ တပ်ကြပ်ကြီး ရဲမြင့်အောင် အမှတ် (၁၃)ခြေလျင်တပ်ရင်း
၁၅။အမှတ် ၇၇၂၃ဝ၂ တပ်ကြပ်ကြီး ဌေးမောင် အမှတ် (၇၇)ခြေလျင်တပ်ရင်း
၁၆။အမှတ် ၇၇၂၂၆၅ တပ်ကြပ် လှမြင့် အမှတ် (၇၇)ခြေလျင်တပ်ရင်း
၁၇။အမှတ် ၈၆၇၂၉၆ တပ်ကြပ် တင်ငွေ အမှတ် (၄၁၅)ခြေမြန်တပ်ရင်း
၁၈။အမှတ် ၉၁၇ဝ၈၄ ဒုတိယတပ်ကြပ် ရွှေဌေး အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၁၉။ အမှတ်တ-၃၇၄ဝ၅၁ ဒုတိယတပ်ကြပ် လှိုင်မင်းသူ အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၂ဝ။ အမှတ်တ-၃၇၆၂၄ဝ ဒုတိယတပ်ကြပ် သော်တာအောင် အမှတ် (၃၁၇)ခြေမြန်တပ်ရင်း
၂၁။ အမှတ်တ-၂၃၁၅၂၆ တပ်သား သူအောင် အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၂၂။ အမှတ်တ-၃၂ဝ၂၉၅ တပ်သား မောင်စိုး အမှတ် (၁ဝ)ခြေလျင်တပ်ရင်း
၂၃။ အမှတ်တ-၃၆၅၃၁၉ တပ်သား မျိုးသန့် အမှတ် (၇၈)ခြေလျင်တပ်ရင်း
၂၄။ အမှတ်တ-၄ဝ၄ဝ၅၃ တပ်သား မင်းသူ အမှတ် (၇၇)ခြေလျင်တပ်ရင်း
၂၅။ အမှတ်တ-၄ဝ၆၅၄၆ တပ်သား ငြိမ်းချမ်းအောင် အမှတ် (၇၈)ခြေလျင်တပ်ရင်း

(ဖိုး သားလေး)
--------------

(သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်
Friday, February 08, 2013

၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီပြန်တမ်း
ဖော်ပြချက်အရ သိရပါတယ်။

စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ၊ သီဟသူရ ဘွဲ့တံဆိပ်ရသူ မရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်း
မှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး ၃ ယောက် အပါအ၀င် ဒုတပ်ကြပ်ကနေ အထက်အဆင့် အရာရှိ၊ အရာခံ အကြပ် စုစုပေါင်း ၁၅၁၇ ယောက်ကိုတော့ စစ်မှုထမ်း သင်္ဂဟတံဆိပ် အပ်နှင်းလိုက်ကြောင်း
ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

(Opposite Eye)


  • Aye Chan နဲတာကွာ ဓိထက်များများလေး
  • Tun Min အဒီအစိုးရနဲ့ အချို့ အစွမ်းရောက် တွေက မြန်မာနိုင်ငံက အနည်းစုဖြစ်တဲ့ အစ္စလာမ်ဘာသာနဲ့ ခရစ်ယာန်ဘာသာတွေကို နည်းအမျိုးမျိုး နဲ့ တိုက်ခိုက် န
  • Tun Min နေတာပါ
  • La Bang ထားလိုက်ပါမင်းတို့ဗမာကမှတရုတ်တို့ကုလားတို့ကိုဗမာမှုပြုပြီးဗမာနာမည်းနဲ့တရုတ်စကားပြောကုလားစကားပြောနဲ့မျိုးပြုတ်မှာကဗမာတွေပါတို့ကချင်ကြိကိုမြင်ပြီးဗမာနဲ့ဆက်ဇရားမရှည်ချင်တာအောက်ဗမာပြည်မှာတရုတ်ဘုံကျောင်းနဲ့ကုလားဗလီများဒီထက်များပွားလာပါစေကြောင့်ဆုမွန်ကောင်းလည်းတစ်ပါတည်တောင်းပေးပါတယ်ဗျား
  • Elias Cung Tatmadaw Terrorist a ward.
  • Chitthu Sky လူသတ်သမားဆုလို့ ရေးပြီးပေးရမှာလေ..ာဟာဟာဟာဟးသူရဲကောင်းဆုတဲ့။မင်းတို့ ကိုအခြောက်နဲ့ နှိုင်းရင်တောင်အခြောက်သိက္ခာကျအုံးမယ်ကွာထွီးးးးးးးးးးးးးးးးးးး