Monday, February 25, 2013

နိုင်ငံ့ဂုဏ်သိက္ခာ အစစ်အမှန်ကို ရချင်ရင် စစ်ပွဲများကို ရပ်ပြီး ပညာရေး နဲ့ ကျန်းမာရေး မှာ အရင်းအနှီး စိုက်ထုတ်ပါ။

Duwa Kachin's photo.
နိုင်ငံ့ဂုဏ်သိက္ခာ အစစ်အမှန်ကို ရချင်ရင် စစ်ပွဲများကို ရပ်ပြီး ပညာရေး နဲ့ ကျန်းမာရေး မှာ အရင်းအနှီး စိုက်ထုတ်ပါ။
****************************************

မနက်ဖန် နိုင်ငံတော် ဘက်ဂျက် ရာထားချက်များကို ဆွေးနွေးအတည်ပြုမယ် လို့ သိရပါတယ်။

ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ ပြည်သူအတွက် ကျန်းမာရေး နဲ့ ပညာရေး ဘက်ဂျက်များကို အရင်ထက် ပိုတာလောက် မဟုတ်ပဲ။ စစ်တိုက်စရာ မလိုအောင်ထိန်းထားပြီး စစ်အသုံးစရိတ် နဲနဲတော့ လျှော့ခိုင်းရင် ကောင်းပါတယ်။ 

ကချင်တစ်ယောက်က စစ်အသုံစရိတ် လျှော့ခိုင်းလို့ ဘာကြံအုံးမလဲ ပြောချင်ပြောမယ်။ လူအင်အား နှစ်သောင်းလောက်ပဲ ရှိတဲ့ ကေအိုင်အေ အဖွဲ့ဟာ အစိုးရအနေနဲ့ ထိုးစစ်မဆင်ရင် ဘယ်တော့မှ အခုရှိနေတဲ့ စစ်အင်အားလောက်ကို ယှဉ်တိုက်ပြီး ကချင်ပြည်နယ်သိမ်းဖို့ မဖြစ်နိုင်ပါ။

ရှမ်းမှာ ထိုးစစ်ဆင်နေတာလဲ ရပ်ပါ။ ကချင်ပြည်နယ်ကို ပို့ထားတဲ့ စစ်ကြောင်းတွေလဲ ရုပ်သိမ်းလိုက်ပါ။ စစ်သားအသစ် စုဆောင်းနေတာတွေ ရပ်လိုက်ပါ။ စစ်ကြောင်းမထိုးတော့ သွားလာစရိတ်၊ စားသောက်စရိတ်၊ အစစ အရာရာ သက်သာသွားမည်။ 

စစ်ကြောင်းထွက်ရင် အနဲဆုံး သွားစရိတ်၊ လာစရိတ်ကုန်မည်။ တိုက်ပွဲဖြစ်ရင် ကျည်ဆန်ဖိုးများကုန်မည်။ လူသေရင် သယ်ယူပို့ဆောင်ခ၊ ပင်စင်ခ၊ ထောက်ပံ့ကြေးများကုန်မည်။ ကျန်ရစ်သူ မိသားစုများ ပူဆွေးဒုက္ခ ရောက်မည်။ သားသမီးရှိရင် ပညာရေး၊ စားရေးသောက်ရေးပါ ဒုက္ခရောက်သွားမည်။ ဒဏ်ရာရလာရင် ဆေးဖိုးကုန်အုံးမည်။ ထောက်ပံ့ကြေးများ ကုန်အုံးမည်။ ဒုက္ခိတ ဖြစ်ရင် အပိုထပ်ဆောင်း ထောက်ပံ့ကြေးနဲ့ နှစ်နာကြေးများ ထပ်လိုက်လာမည်။ သက်ဆိုင်သူ မိသာစုများ အတိဒုက္ခရောက်မည်။

စစ်ကြောင်းတလျှောက် ကျေးရွာများကို မီးရှို့တော့ တိုင်းရင်းသား ဆိုပေမယ့် မြန်မာပြည်သားများ ဆုံးရှုံးမှုဖြစ်သည်။ GDP မှာထိလာသည်။ ကျေးရွာသားများကို အထိပ်တလန့်ဖြစ်စေ၍ ကလေးများပညာရေး နောက်ကျသွားရုံမက၊ စိတ်ဒဏ်ရာရလာသည်။ စားဝတ်နေရေး ခက်ခဲလာသည်။ နောက်ဆုံးတော့ ဆင်းရဲသားများ ထပ်ပိုလာသည်။

အဲဒီ စစ်စရိတ်အစား၊ ကျန်းမာရေး နဲ့ ပညာရေးမှာ ထပ်တိုးလိုက်ရင်၊ စစ်ပွဲများ ရပ်ထားခြင်းဖြင့် အထက်ပါ ဒုက္ခများ အဆင်ပြေသွားမည်။ မြန်မာ နိုင်ငံသား တမျိုးသားလုံး ကျန်းမာရေး စိတ်ချမှု ရလာမည်။ ကလေးများ ကျန်းမာလာမည်။ ကျန်းမာရေးစရိတ်သက်သာမည်။ စိတ်ချမ်းသာမည်၊ အကောင်းမြင်လာမည်။ ပညာရည် မြင့်မားလာမည်။ စီးပွါးတိုးတက်လာမည်။ အခွန်များများထည့်လာမည်။ ၀န်ထမ်းတိုင်း လစာတိုးလာမည်။ ပတ်ဝန်းကျင် နိုင်ငံတွေလို စီးပွါးရေး အဆင်ပြေလာမည်။ မြန်မာပြည်သားများ မျက်နှာပန်းလှလာမည်။ မြန်မာနိုင်ငံသား ဖြစ်ရတာ သိက္ခာရှိလာမည်။ စစ်တပ်လဲ အလိုလို ရေမြင့် ကြာမြင့် ဖြစ်လာမှာပါ။

ဂုဏ်သိက္ခာ အစစ်အမှန်ကို ရချင်ရင် စစ်ပွဲများကို ရပ်ပြီး ပညာရေး နဲ့ ကျန်းမာရေး မှာ အရင်းအနှီး စိုက်ထုတ်ပါ။