Monday, February 25, 2013

မြစ်ကြီးနားမှာ ရောက်ရှိနေတဲ့ လွတ်တော် ဥက္ကဌ ဦး သူရ ရွှေမန်း ရောက်စဉ် နယ်ခံ ပြည်သူများရဲ့ မေးခွန်းများပါ။



အဓိကအချက်တချို့...

(၁) နယ်ခံကချင် တစ်ယောက်- ဖါးကန့်မှာ အရင်တုန်းက ကုမ္ပဏီကြီးတွေ မ၀င်ခင် နယ်ခံပြည်သူများ အားလုံး ညီတူမျှတူ လုပ်ကျင်းများတူးပြီး လုပ်ကိုင်စားသောက်နေသော နေရာ ဖြစ်တယ်။ နောက်ပိုင်း ကုမ္ပဏီကြီးတွေ ၀င်လာတော့ စွန့်ပစ်အမိုက်ပေါ်မှာ ရေမဆေးကောက်တာတောင် အကန့်အသတ် နဲ့ ဖြစ်သွားတယ်။ ဒီတော့ ဆင်းရဲသား ပပျောက်ရေး ဆိုတာ လက်တွေ့ ဖြစ်လာအောင် နယ်ခံများအားလုံး အရင်လိုပဲ လုပ်ကိုင်စားသောက်ခွင့် ရအောင် ဆောင်ရွက်ပေးပါ။

(၂) နယ်ခံ ကချင်ပြည်သူတစ်ယောက် - ပင်လုံစာချုပ်မှာ ကချင်ဒူဝါကြီးများ လက်မှတ်ထိုးပြီး ပါဝင်လာတာဟာ မြန်မာပြည်ကြီးထဲ အတူတူ ယှဉ်တွဲနေထိုင်လိုသောကြောင့် ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ကချင်တစ်ကျပ် ဗမာ တစ်ကျပ် ရစေရမယ် ဆိုတာ ငွေကြေးကို ပြောတာမဟုတ်၊ လူမျိုးတန်ဖိုးကို ပြောခြင်း ဖြစ်တယ်။ လူမျိုးတစ်မျိုးရဲ့ တန်ဖိုးဆိုတာ အမျိုး၊ ဘာသာ၊ သာသနာ ဆိုပြီး ရှိတယ်။ ဒါပေမယ့် လွတ်လပ်ရေး ရကတည်းက အစိုးရမင်းများဟာ ဗမာ လူမျိုး တစ်မျိုးထဲရဲ့ အမျိုး၊ ဘာသာ၊ သာသနာ ကိုပဲ ရှေ့တန်းတင်လာသောကြောင့် ပြည်တွင်း စစ်တွေ ဖြစ်လာရတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး အစစ်အမှန်ရဖို့ ဒီတန်ဖိုးတွေကို ပြန်ဖေါ်ထုတ်ပေးပါ။ နောက်ပြီး တိုင်းရင်းသားများ လိုလားတောင်းတ နေတဲ့ ဖက်ဒရယ်မူကို လက်တွေ့ အကောင်အထည်ဖေါ်ဖို့ အစီအစဉ် ရှိမရှိ သိလိုပါတယ်။

(၃) မြစ်ကြီးနားနယ်ခံ ဗမာလူမျိုးတစ်ယောက်တင်ပြချက်- ၁၉၉၄ ခုနှစ်မှ ငြိမ်းချမ်းရေး ကာလအတွင်း ကချင်ပြည်နယ်မှာ ထင်သာ မြင်သာ ရှိတဲ့ တိုးတက်မှုမျိုးတွေ ရှိခဲ့ပါတယ်။ အခု တိုက်ပွဲတွေ ပြန်စလာတော့ အားလုံးကုန်သွားတယ်။ ကေအိုင်အေဟာလွန်ခဲ့တဲ့ ၁၉၇၁ ခုနှစ်က တိုင်းတပါးအကူအညီဖြစ်တဲ့ ဗကပ နဲ့တိုက်တုန်းကတောင် မြန်မာအစိုးရ စစ်တပ်နဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်။ အခုလို ငြိမ်းချမ်းရေး စကားပြောသေးတာ မဟုတ်ဘူး။ ဒါကြောင့် တိုင်းရင်းသားတွေဟာလဲ အရေးကြီးရင် သွေးနီးပြီးသားမို့ အချင်းချင်း ငြိနှိုင်းဆွေးနွေးပြီး တိုင်းပြည်တည်ဆောက်ရင် ပို အကျိုးရှိမှာပါ။ ငြိမ်းချမ်းရေး ဖေါ်ဆောင်ပေးပါ။ ငြိမ်းချမ်းရေးရရင် တရုတ် နဲ့ အိန္ဒိယ ကြားက ပစ္စည်းများဖလှယ်ခြင်းအားဖြင့်တောင် တနိုင်ငံလုံးအတွက် အခွန်ဘဏ္ဍ တိုးလာမှာ ဖြစ်သလို ဆင်းရဲသားများလဲ အလိုလို ကျဆင်းသွားမှာပါ။

(၄) နယ်ခံကချင်တစ်ယောက် - နိုင်ငံတော်ရဲ့ ခေါက်ရိုးကျိုးနေတဲ့ အဆိုအမိန့် ဥပမာ- ပြည်ပအားကိုး ပုစိန်ရိုး၊ အဆိုးမြင်ဝါဒများအား ဆန့်ကျင်ကြ၊ ဆိုတဲ့ဟာမျိုးတွေကို ဆက်ပြီး မသုံးဖို့ တင်ပြချင်ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=qx7h8a5zkxs