Tuesday, February 19, 2013

ဒုက္ခ ပင်လယ်ဝေခြင်း

Duwa Kachin's photo.
သမ္မတက ထိုးစစ်မဆင်ပါဘူး ဆိုတဲ့ ကချင်စစ်ပွဲ ကာလ အတွင်း ဗမာ စစ်သူရဲကောင်း ဘွဲ့ရများ အစွမ်းပြလိုက်တဲ့ ကချင်ပြည်သူတွေ အကြောင်း ကမ္ဘာကျော် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ရေးထားတဲ့ အစီရင်ခံစာပါ။

ဗမာလို ဘာသာပြန်ထားတာ မို့လို့ ပြန်ရှယ်လိုက်ပါတယ်။ အရင်ကတော့ အင်္ဂလိပ်လို မို့လို့ သိပ် မဖတ်ဖြစ်တဲ့ လူတွေ အတွက်ပါ။

စစ်သားချင်း တိုက်ခိုက်ပြီး သေကျေတာကို ပြောတာ မဟုတ်၊ သာမန်အရပ်သားတွေကို ရည်ရွယ်ချက် ရှိရှိ ညှဉ်းပန်းနှိပ်စက်မှု တွေကိုပါ။

အဲဒီ အထဲက တချိုကကို ဖေါ်ပြရရင်.... 

(၁) ကျနော့် ဗိုက်ကို ဓါးနဲ့တေ့ပြီးတော့ ကျနော့်ညီရဲ့ လည်ပင်းကို ဓားနဲ့တေ့လိုက်တယ်... ကနော်တို့ကို KIA ဘယ်မှာလဲ လို့ ထပ်တလဲလဲမေးပြီး ဘယ်အိမ်တွေမှာ လက်နက်တွေ ၀ှက်ထားလဲလို့ မေးတယ်။ ပြီးတော့ အဲဒီ စစ်သားက "မင်းငါတို့ကို မပြရင်၊ ငါတို့မေးတာ မဖြေရင် မင်းကိုသတ်စပ်လိုက်ပြီး လက်တွေဖြတ်လိုက်မယ်" လို့ပြောတယ်။ ပြီးတော့ ကျနော် တို့ကို ကြိုးနဲ့ တုပ်ထားလိုက်တယ်။ (အသက် ၁၆ နှစ်၊ ၁၄ နှစ် အရွယ် ညီအစ်ကို နှစ်ယောက်ကို ညှဉ်းပမ်းနှိပ်စက်ခံရပုံ မေးမြန်းထားချက်၊ ၂၀၁၁ နိုဝင်ဘာလ)

(၂) စစ်သားတွေက အမျိုးသမီးတွေကို လာခေါ်ပြီး တစ်တဲပြီး တစ်တဲ ခေါ်သွားကြတယ်။ ကျနော်တို့က အရမ်းကြောက်တဲ့အတွက် တစ်ညလုံး မကြည့်နိုင်ကြဘူး။ နောက်နေ့မနက်မှာ အမျိုးသမီးတွေ လမ်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ နာနေကြပုံပေါ်တယ်။ ခါးကုန်းပြီး လမ်းလျှောက်ကြတယ်။ ငိုလည်းငိုနေကြတယ်။ (အမ်ဆိုင်း ဆိုတဲ့ အသက် ၂၃ နှစ်ကို ၁၉ ရက်ကြာ ရှေ့တန်းတွင် အတင်းအကြပ် ပေါ်တာထမ်းခိုင်းခံရသူ မေးမြန်းချက်။ ၂၀၁၁ နိုဝင်ဘာလ။)

အောက်ကလင့်မှာ အပြည့်အစုံ ဖတ်နိုင်သည်။
http://goo.gl/85KCy