Wednesday, February 13, 2013

ဈေးစစ်နေသူကြီး


တစ်လောကလုံးကို ကြေငြာမောင်းခတ်ပြီး ဈေးစစ်နေသူကြီးကတော့ သိကြတဲ့အတိုင်း အောင်ဆန်းရှုကြည်ဖြစ်နေပါပြီ။ ယိုသူမရှက် မြင်သူရှက်ရပါပြီ။ မြန်မာပြည်သားတွေအားလုံးကို ဘာကြောင့် ဒီအဒေါ်ကြီးက ဒီလိုပုံစံနဲ့ အရှက်ခွဲနေတာလဲဆိုတာ မစဉ်းစားတတ်တော့ပါဘူး။
စစ်မှန်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ကယ်ပါကူပါအုံးဆိုပြီး လက်အောင်ငယ်သားက တစာစာ ငိုယိုအော်ဟစ်လို့ ဒူးထောက်တောင်းပန်မှ ကူညီတာမျိုးမရှိပါဘူး။
စစ်မှန်တဲ့ခေါင်းဆောင်ဆိုတာ ကိုယ့်ပြည်သူပြည်သားတွေရဲ့ ကောင်းရာကောင်းကြောင်းအတွက် ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ တာဝန်သိစိတ်အပြည့်နဲ့ လုပ်ဆောင်ပေးကာ ဦးဆောင်သူပါ။ တာဝန်သိစိတ်ဆိုတာကြီး မရှိတဲ့သူဟာ ခေါင်းဆောင်စစ်တော့မလား။
မာတင်လူသာကင်းဆိုတဲ့ ခေါင်းဆောင်က သူ့ရဲ့လူမျိုးတွေတောင်းဆိုလို့ တော်လှန်ရေးလုပ်ခဲ့သလား။
ကျနော်တို့ လေးစားအားကျရတဲ့ ခေါင်းဆောင်တွေတိုင်းက ဘယ်လိုပုံစံနဲ့ ဦးဆောင်ခဲ့သူတွေလဲ။ တစ်ယောက်ယောက်က လုပ်ပေးပါ၊ ကူညီပါ၊ ကယ်ကြပါ ပြောမှ ကူညီလုပ်ဆောင်ပေးတဲ့ သူတွေဟာ ကျနော်တို့ လေးစားအားကျတဲ့ ခေါင်းဆောင်တွေထဲမှာ ပါလို့လား။
ဈေးစစ်နေတဲ့သူတွေဟာ စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦးလုံးဝမဖြစ်နိုင်တာ သေချာပါတယ်။
ဈေးစစ်သူအများစုဟာ သူဌေးတွေပါ။ သူဌေးဆိုတဲ့သူဟာ ပိုင်ရှင်တွေပါ။ ခေါင်းဆောင်တွေပါ။ ပိုင်ရှင်တွေကို တောင်းခံရသူတွေဆိုတာ သူတို့ရဲ့အစေခံ၊ အခိုင်းခံ၊ အလုပ်သမားတွေပါ။ စစ်မှန်တဲ့ ခေါင်းဆောင်တွေအောက်မှာ အစေခံ၊ အခိုင်းခံ၊ အလုပ်သမားတွေမရှိပါဘူး။ စစ်မှန်တဲ့ ခေါင်းဆောင်ရဲ့ မှန်ကန်တဲ့ရည်ရွယ်ချက်ကို ၀ိုင်းဝန်းအကောင်အထည်ဖော်ပေးကြတဲ့ ရဲဘော်ရဲဖက်တွေဘဲရှိတာပါ။ ခေါင်းဆောင်နဲ့ ရဲဘော်ရဲဖက်တွေကြားမှာ တောင်းစရာမလိုပါဘူး။ မှန်ကန်တဲ့အရာတစ်ခုအတွက် လုပ်ပေးဖို့ တောင်းနေရမယ်ဆိုရင် အဲဒီခေါင်းဆောင်မဟုတ်တဲ့ ခေါင်းဆောင်က အဖိုးအခ တန်ရာတန်ကြေးပြန်တောင်းလာပါ လိမ့်မယ်။
မြန်မာကို နောက်ဆုံပေါ် ဈေးစစ်နည်းနဲ့ အရှက်ခွဲနေတဲ့ ရှုကြည်မပါလည်း ပြည်သူလူထုတစ်ရပ်လုံး တိုင်းရင်းသားအားလုံး လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသပြီး ရှုကြည်တစ်ယောက် တိုင်းရင်းသားများ၊ မြန်မာပြည်သူ၊သားများအပေါ် ဒီနေ့အချိန်အထိတင်နေတဲ့ အကြွေးကို လှလှပပ ပြန်ဆပ်ခိုင်းရမယ်။
တက်ညီစွာ ရှေ့ဆက်လှမ်းကြပါစို့ တိုင်းရင်းသားညီအစ်ကိုတို့။

ကချင်လေဆာ (ကီလို= ကေအိုင်အယ်လ်အို)
ဖေဖေါ်ဝါရီ ၁၃၊ ၂၀၁၃
A short while on earth!