Tuesday, February 19, 2013

မင်းတို့ အစိုးရဖြစ်တဲ့အချိန်မှာ ငါ…သူပုန်ဆက်မလုပ်ချင်တော့ဘူးကွာ

Maha Mingyi's photo.
၈ပူးတို့ရေ မင်းတို့ ဒိုင်ဗာစီတီ သီအိုရီထဲမျောသွားတိုင်း ကျန်တဲ့လူတွေကို အောင်မင်းအာပေါ်နဲ့ လိုက်မျော လိုက်ဖို့ မပြောပါနဲ့ မင်းတို့ အပြောင်းလဲကို တကယ် လူပုံအလယ်မှာ သတ္တုတခုခြင်း ချပြရဲရင် ပိုကောင်းမယ၊် မင်တို့ ကျွန်ဖြစ်တာကို ကျန်တဲ့လူလဲလိုက်ဖြစ်ရမယ်ဆိုတဲ့ 
ပျော်ဝင်ရည် သီအိုရီတော့ မလုပ်ကြပါနဲ့ကွာ။

 သိန်းစိန်တို့ ဘောင်းဘီမချွတ်ခင်လေး ၂၀၀၉ မှာ နေပြည်တော် ဇဗူသီရီခန်းမမှာ သန်းရွှေတို့ တခါးပိတ် အစည်းဝေးလုပ်ကြတယ်။

 အစည်းဝေးရဲ့ နောက်ဆုံးအာ၈ျင်တာကျသွားတာက အတိုက်ခံမရှိတဲ့နိုင်ငံပြောင်းလဲမှုနဲ့ တပ်မတော်အကြီးကဲနှင့် သက်ဆိုင်ရာဆွေးမျိုးတွေ ထာဝရဘေးကင်းလုံခြုံစွာနေနိုင်ရေးပဲ။

 အဲဒါကို အကောင်ထည်ဖေါ်ဖို့ Team တင်း ၃ ခုဖွဲ့ခဲ့တယ် ၊တပ်မတော်ထဲမှာ 
ဆက်လက်တာဝန်ယူဖို့ အဖွဲ့၊ ပြီးတော့ ပြည်ပ အတိုက်ခံတွေကို ဆွဲသိမ်းစည်းရုံးဖို့ အဖွဲ့ နဲ့ တိုင်းပြည်ထဲက အတိုက်ခံတွေရဲ အတွေးခေါ်နဲ့ မန်နာ (အကျင့်)တွေကို ပြုပြင်ကိုင်တွယ်ဖို့ပဲ။

 အခု အဲဒီအတိုင်း ဆက်သွားနေတယ် အတိုက်ခံတွေ အခု ကျွန်ဖြစ်တဲ့သူဖြစ်
 နွံနစ်တဲ့သူနစ်ကုန်ပြီ

 စစ်တပ်နဲ့ တပ်မတော်ထဲက ဘောင်းဘီချွတ်လာတဲ့  အဘယ်ငနဲးသားတွေက 
ကျွန်ဖြစ်နွံနစ်နေတာ ရှိသလဲ?
 ၈လေးလုံးမှာ ဖြတ်တာချင်းအတူတူ မတူတဲ့မူတွေနဲ့ တယောက်နဲ့တယောက်
 သေချာယုံကြည်လို့ရတဲ့ ပုံစံ ခုထိ အဲဒီအခင်းကျင်းမရှိသေးဘူး၊

 ပြည်တွင်းကို ပြန်လာပြီး ပြည်ပက အတတ်ပညာနဲ့ ပံ့ပိုးဖို့ဆိုတာ ပြည်တွင်က ဓါတ်ခံက ဘယ်လောက်ကောင်းသလဲ?

 ကျွန်ဖြစ်နေတာ ဖြစ်မှန်းမသိတာကိုက အဲဒါ ဈေးအနိမ့်ဆုံးကျွန် တန်ဘိုးမဲ့ဆုံးကျွန်ပဲ 
အဲဒီကျွန်တွေက နောက်ထပ် အပြင်က လူတွေကိုထပ်သွင်းပြီး ကျွန်ပြန်လုပ်ရင် ကျွန်အချင်းချင်း ညီညွတ်တာမဟုတ်ဘူး ကျွန်ကိုကျွန်က ကျွန်ပြန်ပြုတာ။

 အားလုံးစဉ်းစားကြည့် မြန်မာပြည်အပြောင်းလဲဆိုတာကို သတ္တုချကြည့် ၊
 အဲဒီအပြာင်းလဲထဲမှာ တိုင်းပြည်ကို အရင်ကဦးဏှောက်တွေကပဲ အခုပြန်ပြီး အုပ်ချုပ်တာ၊
 ပြောပိုင်ခွင်ွပေးပြီး လုပ်ပိုင်ခွင် မင်းတို့လက်ထဲမှာ မရှိဘူး၊ ပြောပိုင်ခွင့်ရော လုပ်ပိုင်ခွင့်ရော
 မင်းတို့လက်ထဲရောက်လာရင် ငါ… ချက်ခြင်း ထခုန်ပြီး ပြန်လာမယ် ..အခုတော့ ..ငါပျော်နေတဲ့ 
သူပုန်ဘ၀မှာပဲ ငါနေပါရစေ

 ဒီကြားထဲ ဘုမသိ နဲ့ ဘမသိတွေက ခနခန ၀င်လာပြီး ပညတ်နဲ့ ဓါတ်သက်ကို လုံးထွေးပြီး လာလာမိုက်ရိုင်းနေတာ ၊ခနလောက် အနားယူပြီး အသေခြာစဉ်းစား ၊မစဉ်းစားခင် ဂျစ်ကလေးတွေထုတ်ကြည့် ပြီးတော့ ကိုယ့်ဘာသာကိုအမှတ်ပြန်ပေးကြည့်၊ ပြောင်းလဲမှုက မပြောင်းလဲခြင်းရဲ့  ရလဒ်အောက်မှာပဲ ရှိနေတာတွေ့မယ်။

 ရွှေမန်း ပထမ နော်ဝေလာတော့ ပြည်ပက ဦးဏှောက်တွေကို တရက်ထဲနဲ့ ဆေးချပစ်လိုက်တာ  ငါတို့ရဲဘော်တွေငါတို့ကို ကျောခိုင်းသွားကြတယ်။

 ဒုတိယ ဒေါ်အောင်ဆန်းစုကြည် လာပြီး ဦးဏှောက်တွေ ထပ်ပြီး လျော်ဖွတ်လိုက်တော့ ငါတို့ရဲဘော်တွေ ငါတို့ကို မိုက်ရိုင်းစွာ ဆက်ဆံလာကြတယ်

 ခု မင်းတို ရှစ်ပူးက ဥရောပမှာ နောက်ဆုံး ဦးဏှောက်တွေကို လာပြီး 
လိမ်ညှစ်နေတော့ ငါတို့ ရဲဘော်တွေ ငါတို့ အသက်ကိုပါ ထုတ်ကြတော့မယ်။
 
 ငါတို့ သူပုန်ဆက်လုပ်နေတာ မင်းတို့ကို ဖီဆန်ဖို့မဟုတ်၊ မင်းတို့အတွက် 
ကျားကန်ပေးမယ်ဆိုတဲ့ ခံယူချက်ပဲ၊ အရင်ကလဲ မင်းတို့အတွက် မင်းတို့လိုပဲ ငါတို့ ထောင်ပေါင်းစုံကို နိုင်ငံတကာမှာ လှည့်ကျပေးနေခဲ့တာ သတိလေးနဲ့ မင်းတို့ယှဉ်ပြီးနားလည်
စေချင်တယ်
 စကားပြောတာ သတိထားကြပေါ့ကွာ၊ မင်းတို့ကို ငါလေးစားတယ် မင်းတို့ကို ငါမြတ်နိုးတယ်၊ မင်းတို့ အစိုးရဖြစ်တဲ့အချိန်မှာ ငါ…သူပုန်ဆက်မလုပ်ချင်တော့ဘူးကွာ
 
 ဂိုလ်ရှယ်လေး

ကျေးဇူးတင်ပါသည်။

စကားပြောတာ သတိထားကြပေါ့ကွာ၊ မင်းတို့ကို ငါလေးစားတယ် မင်းတို့ကို ငါမြတ်နိုးတယ်၊ မင်းတို့ အစိုးရဖြစ်တဲ့အချိန်မှာ ငါ…သူပုန်ဆက်မလုပ်ချင်တော့ဘူးကွ

ဂိုလ်ရှယ်လေး

ကျေးဇူးတင်ပါသည်။