Tuesday, February 19, 2013

Statement by Kachin Development Networking Group (KDNG)




Harvard plan to restart Irrawaddy dams will not buy peace

February 18, 2013

A recent proposal by a Harvard University think-tank to restart the Irrawaddy-Myitsone dam project in order to “power the peace process” in Kachin state fails to address the political root causes of the conflict.

The proposal recommends a new tripartite business agreement to build the seven Irrawaddy headwater dams, letting the Kachin state government become a new shareholder together with the Myanmar and Chinese governments.

It is proposed that the business partnership and “substantial revenues” granted to the Kachin state government would persuade Kachins to support the multi-dam project, and “hasten real peace in Kachin and possibly other states”.

This proposal incorrectly suggests that money is at the root of opposition to the dams as well as the current conflict. The real root cause is the Kachin people’s lack of decision-making power under the previous and current unitary constitutions.

This lack of power has resulted in decades of exploitation of our natural resources, causing widespread land confiscation, forced relocation, loss of livelihoods and social problems in Kachin State. These experiences have taught us that only the political power to manage and control our own resources will protect our lands and livelihoods, and ensure that development will benefit local people.

“Business deals are no substitute for political reform,” said KDNG spokesperson, Ah Nan. “The Kachin conflict can’t be solved by money. We want self-determination, and the right to decide how our own lands and rivers are managed.”

The paper suggests that the new deal will also benefit China, as they will be able to restart the project, and enjoy increased electricity at “below wholesale prices,” as well as have “enhanced pipeline safety” for their controversial Shwe gas pipeline.

The paper, funded by the Norwegian government, suggests adding another multi-national or bi-lateral aid agency as a minor partner in the Myitsone project. Norway has publicly stated its interest in hydropower investment in Burma.

The full paper “Powering the Peace Process” can be viewed on http://www.ash.harvard.edu/ash/Home/Programs/Institute-for-Asia/Publications/Journal-Articles-Occasional-Papers

Contact
Ah Nan - +66 84 8854 154
kdngchn@gmail.com, www.kdng.org

ဟားဗတ်(ဒ်)၏ ဧရာဝတီ ရေကာတာ ပြန်လည်စတင်မည့်အစီစဉ်သည် ငြိမ်းချမ်းရေးကို မ၀ယ်ယူနိုင်ပါ

by Kdng Kachin on Monday, February 18, 2013 at 9:25pm ·
ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် ထုတ်ပြန်ကြေညာချက်

ဖေဖေါ်ဝါရီလ၊ ၁၈၊ ၂၀၁၃

မကြာသေးမီက ဟားဗတ်တက္ကသိုလ်မှ ဥာဏ်ကြီးရှင်များသည် ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်စတင်လုပ်ဆောင်ရန် “ငြိမ်းချမ်းရေးဖြစ်စဉ်၏စွမ်းအား” (Power the peace process) ဟု အမည်ရသော အဆိုပြုစာတမ်းတရပ် ပြုစုရေးသားခဲ့သည်။ သို့သော် ထိုစာတမ်းသည် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာ အရင်းအမြစ်အား ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ထိုစာတမ်းတွင် ဧရာဝတီမြစ်နှင့် မြစ်ဖျားတလျောက် ရေကာတာ စီမံကိန်း ၇ ခုအား တရုတ် အစိုးရ၊ မြန်မာအစိုးရနှင့်အတူ ကချင်ပြည်နယ်အစိုးရပါ အစုရှယ်ယာရှင်အသစ် အနေဖြင့် ပါဝင်သည့် သုံးပွင့်ဆိုင်စီးပွားရေးသဘောတူညီမှုတရပ် ပြန်လည်လုပ်ဆောင်ရန် အကြုံပြု ရေးသား ထားသည်။

ကချင်ပြည်နယ်အစိုးရအား  “မြောက်များစွာသော အခွန်ဘဏ္ဍာ”များ ထောက်ပံ့၍ အစုစပ်စီးပွားပြုခြင်း ဖြင့် ကချင်လူထုအား ရေကာတာစီမံကိန်းများကို ထောက်ခံပေးရန် ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ကချင်ပြည်နယ်တွင်သာမက အခြားပြည်နယ်များတွင်ပါ စစ်မှန်သော ငြိမ်းချမ်းရေးကို အလျှင်အမြန် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ယင်းစာတမ်းတွင် အဆိုပြုထားသည်။

ထိုအဆိုပြုစာတမ်းတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် ရေကာတာတည်ဆောက်ရေး ဆန့်ကျင်မှု များ ဖြစ်ပွားရသည့် အခြေခံအကြောင်းအရင်းသည် ငွေကြောင့်ဖြစ်သည်ဟု လွဲမှားစွာ အကြံပြုထား သည်။ အမှန်တကယ် ပြဿနာဖြစ်ရသည့် အဓိက အကြောင်းရင်း မှာ ယခင်နှင့် လက်ရှိ တပြည်ထောင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ကချင်လူထု၏ ဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာ မရှိခြင်းကြောင့်ပင် ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း မြောက်များစွာသောလယ်ယာမြေ သိမ်းဆည်းမှုများ၊ အတင်းအဓမ္မ ပြောင်းရွှေ့စေခိုင်းမှုများ၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးမှုများနှင့် လူမှုရေးပြဿနာများ ကို ဖြစ်ပေါ်စေသည့် မိမိတို့၏ သဘာဝသယံဇာတများအပေါ် ရာစုနှင့်ချီ၍ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမှာ ဤကဲ့သို့ ကချင်ပြည်သူများ ဆုံးဖြတ်ခွင့်အာဏာ ကင်းမဲ့မှု၏ အကျိုးရလဒ်ပင်ဖြစ်သည်။ ဤအခြေအနေကို ထောက်ရှုခြင်းအားဖြင့် မိမိတို့၏ သဘာဝသယံဇာတများကို ထိန်းချုပ်စီမံနိုင်သည့် နိုင်ငံရေးအာဏာသည်သာလျှင် မိမိတို့၏ လယ်ယာမြေများနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ကာကွယ်နိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူည် လူထုတရပ်လုံးအား ဖွံ့ဖြိုးရေးအကျိုးရရှိခံစားနိုင်အောင် လုပ်ဆောင်နိုင်သည့် တခုတည်းသော အာဏာဖြစ်သည်။

“စီးပွားရေးအခွင့်အလမ်းနဲ့ အပေးအယူလုပ်တာဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် လုံးဝ အလုပ်ဖြစ်မှာမဟုတ်ဘူး။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကသာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်”ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ မအားနန်က ပြော သည်။ “ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခကို ငွေနဲ့ ဖြေရှင်းလို့ မရဘူး။ ကျမတို့ လိုချင်တာက ကိုယ့် ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်နဲ့ ကျမတို့ရဲ့ မြစ်ချောင်းတွေ၊ မြေယာတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ကျမတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရဖို့ပဲဖြစ်တယ်”

ဤအပေးအယူအသစ်ကို ပြုလုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံမှ စီမံကိန်းကို ပြန်လည်စတင်နိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အားများကို “လက္ကားဈေးနှုန်းထက် လျော့နည်းစွာဖြင့်” ရရှိမည့်အပြင် ၄င်းတို့၏ အငြင်း ပွားဖွယ်ရာ ရွှေဂတ်စ်ပိုက်လိုင်းအတွက်လည်း “ပိုက်လိုင်းလုံခြုံရေး ပိုမိုကောင်းလာမည်” ဖြစ် သောကြောင့် ဤအပေးအယူမှ တရုတ်နိုင်ငံအတွက် အကျိုးအမြတ်ဖြစ်စေမည့်အကြောင်း စာတမ်းတွင် အကြံပြုထားသည်။

နော်ဝေအစိုးရမှ ထောက်ပံ့ပေးသော ဤအဆိုပြုစာတမ်းသည် အခြား နိုင်ငံအများစုပါဝင်သော (သို့မဟုတ်) နှစ်ဦးနှစ်ဖက်ပါဝင်သော ထောက်ပံ့ရေး ကိုယ်စားလှယ်လုပ်ငန်း (အေဂျင်စီအဖွဲ့) ကို လည်း မြစ်ဆုံစီမံကိန်း၏ အသေးစား စပ်တူ စီးပွားဖက်အဖြစ်ထည့်သွင်းရန် အကြံပြုထားသည်။ နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စွမ်းအင်ရင်းနှီးမြှုပ်နှံရေးအတွက် စိတ်ဝင်စားကြောင်း လူသိရှင် ကြား ကြေညာခဲ့ပြီးဖြစ်သည်။

 “ငြိမ်းချမ်းရေးဖြစ်စဉ်၏ စွမ်းအား” အဆိုပြုစာတမ်း အပြည့်အစုံရရှိရန်။