Sunday, February 10, 2013

တရုပ်နဲ. မြောက်ကိုရီးယား သိပ်မတဲ.တော.ပါ။

Aye Aye Soe Win's photo.
တရုပ်နဲ. မြောက်ကိုရီးယား သိပ်မတဲ.တော.ပါ။

၂၀၁၃ နှစ်အစ မှာ တရုပ် ပြည်မကြီး၏ နိုင်ငံရေးမျက်နှာစာဟာ တမျိုးတဖုံ အသွင်ရောက်နေ ရှိနေသလိုပါပဲ။ တရုပ်က စလို. အများနည်းတူ  မြောက်ကိုရီးယားကို ညင်ညင်သာသာ soft sanction နဲ. စ အရေး ယူ မဲ. ကာလ ဖြစ်ပါတယ်။

 ကမ္ဘာက မြောက်ကိုရီးယားကိုစီးပွားရေးပိတ်ဆို.တဲ.ဆံုးဖြတ်ချက် အသစ် တစ်ခု မကြာခင်ထပ်ချပါတော.မယ်။ ဒီတခါ တရုပ်ကြီးကိုယ်တိုင် ၀င်ရောက်လက်မှတ်ထိုးနိုင်တဲ. အလားအလာရှိနေတာ သေချာနေပြီ။ 

ကုလသမဂ္ဂ ၏ မြောက်ကိုရီးယားအပေါ် စီးပွားရေးဒဏ်တပ်မှု ဆုံးဖြတ်ချက် မှာ တရုပ်ကြီးပါ ပါဝင်လာပြီ ဆိုလျှင် ၂၀၁၃ နှစ် အ၀င်မှာ တရုပ်ဘာလဲ။ တရုပ် ဘယ်လမ်းသွားနေလဲဆိုတာ သိသာနေပါပြီ။ 

အနောက်လေ west wind အရှေ.ကိုတိုက်ခတ်မှု အားသာတဲ.နှစ်လို. ဆိုနိုင်ပါတယ်။ အိုင်ဒီရော်လော်ဂျီ အဆိုးအကောင်း အားပြိုင်မှုဆိုတာထက်---- နိုင်ငံ အသီးသီးမှာ ကိုယ်.နိုင်ငံကို ရေရှည်အကျိုး ရှိစေမဲ. စီးပွားရေး ရည်မှန်းချက်တွေကြောင်. ---ဒီလိုဖြစ်လာတာလို.ထင်ပါတယ်။ အရှည်ကြည်.တဲ. နိုင်ငံရေးပေါ်လစီတွေလို.ပဲ ဆိုရပါတော.မယ်။ 

တရုပ်ဟာ နောက် နှစ် ၂၀ အတွင်း   ပါတီ နှင်. နိုင်ငံ အုပ်ချုပ်ရေးပိုင်း အသီးသီး၏ လိုအပ်ချက်တွေ မှာ (ပထမနှင်. ဒုတိယ မျိုးဆက်များ နဲ. လုံးလုံး မတူတဲ.)တတိယ မျိုးဆက်တွေပဲ ကျန်တော.တာကို သိနေပါတယ်။ ဒီတော. ကျန်ခဲ.မဲ. မျိုးဆက် ကို ပဲ ဖြစ်နေတဲ. ကမ္ဘာ. လူမှု စီးပွားရေစီးကြောင်းမှာ အားထားရုံက လွဲလို. တခြား ရွေးစရာ မရှိတဲ. အချိန်ဖြစ်နေပါတယ်။  

တရုပ်ကြီးက မြောက်ကိုရီးယားကို အရင်ကပေးနေကြ လူမှုရေး အကူအညီမျိုးတော.ဆက်ပေး ဆက်ကူညီနေဦးမှာ ဖြစ်ပါတယ်။ စိုသောလက် မခြောက် စေချင်တာတစ်ကြောင်း၊ရင်းနှီးစွာ ဆက်ဆံခဲ.တဲ. အစဉ်အလာတွေ ကို ထိန်းထားလိုဆဲ ဆန္ဒကတစ်ကြောင်း ဖြစ်နိုင်ပါတယ်။

ချောင်ပိတ်ခံရတော.မဲ. မြောက်ကိုရီးယား ကလည်း နပ်ပါတယ်။ ဒီတခါ ကမ္ဘာ.ဆန်ရှင် စီးပွားရေးဒဏ်ခတ်မှု အသစ် ထဲ တရုပ် ပါ ၀င်လာပြီဆိုလျှင် သူဘာလုပ်ရမလဲဆိုတာ သိပုံရပါတယ်။ တရုပ် ပြည်က ဘဏ်တွေ မှာ ရှိတဲ.
မြောက်ကိုရီးယား ၏ပိုင်ဆိုင်မှုတွေကို အခဲမခံရခင် မြောက်ကိုရီးယား အာဏာပိုင်တွေ၊ ပြန် ထုတ်ယူစပြုနေပါပြီ။ 

ထူးခြားချက်က--တရုပ်ထောက်ခ့တဲ.-ဆန်ရှင် အသစ် အသက်ဝင်လာလျှင်
၁- မြောက်ကိုရီးယားနိုင်ငံအတွင်းသို. တရုပ်တွေ ခရီးသွားလာခွင်.၊စီးပွားလုပ်ခွင်. ပိတ်ပင်တာတွေလည်း ဆန်ရှင်အသစ်နဲ.အတူပါလာပါလိမ်.မယ်။

၂- မြောက်ကိုရီးယား ကုမ္ပဏီတွေ တရုပ်ပြည်မှာ တရားဝင်စီးပွားရေး လုပ်လို. မရနိုင်တော.တဲ. အလားအလာဖြစ်ပါတယ်။

မြောက်ကိုရီးယားကို တိုက်ရိုက်ထိမဲ.အချက်က နံပါတ်၂ အချက်ဖြစ်ပါတယ်။
မြောက်ကိုရီးယားကုမ္ပဏီတွေဟာ ခု တရုပ်ဘဏ်တွေက သူတို. ပိုင်ဆိုင်မှုများနဲ. ငွေ တွေကို စထုတ်ယူနေကြပါပြီ။ အချို. က တော.--ကုမ္ပဏီ နံမည်ပြောင်း ရုပ်ပြောင်းရုပ်လွဲ နဲ. လွတ်ရာလွတ်ကြောင်း စလုပ်နေပါပြီ။

နူကလီယား စမ်းသပ်မှုတွေနဲ.ပါတ်သက်ပြီး ကမ္ဘာကြီးက ခေါင်းမာပြီးပြောစကားနားမထောင်တတ်တဲ. မြောက်ကိုရီးယားကို ခပ်ကြမ်းကြမ်း အပြစ်ပေးချင်တဲ. အချိန်မှာ၊ (အရင်ကလို) တရုပ်ကြီးက တမင် ကန်.လန်.တိုက် ပြီး--နိုး
လို. မပြောတော.မဲ. အချိန်ရောက်နေပါပြီ။ အဆန်းတကျယ်တော. မဟုတ်ပါ။ တရုပ်ပါ ကမ္ဘာကြီးနဲ. အတူ (သူ.စီးပွားနဲ. သူ. မျိုးဆက်သစ် တို. အနာဂတ်လားရာကို သူကာကွယ်ရင်း) ဒီမိုကရေစီ ယိမ်း အနည်းငယ် ကချင်နေတဲ. သဘောပါ။

ပြီးခဲ.တဲ. ဒီဇင်ဘာ က မြောက်ကိုးရီးယားက ကောင်းကင်ကို လွှင်.ခဲ.တဲ. ဒုံးပျံ ရောကက် က တရုပ်အတွက် ချော်လဲရောထိုင် ဆင်ခြေကောင်းတခု ဖြစ်နေပါတယ်။

မြောက်ကိုရီးယားအတွက် အနွေးထွေးဆုံး၊ အနီးဆုံး မဟာမိတ်ဖြစ်ခဲ.တဲ. တရုပ် ကြီးအနေနဲ. အရင်ကလို ကြားခံ ရပ်တည် ပေးမဲ. အလားအလာ အနာ ဂတ်မှာ မရှိနိုင်တော.ပါ။

စီးပွားရေးဒဏ်တပ်မှု တွေမှာ လားရာ အရပ်ကို တည်မှီပြီး ဒီဂရီ အလေးအပျော. တော. ကွဲ ချင် ကွဲ နိုင်ပါတယ်။ ကုလသမ္မဂ ဦးစီးတဲ. ကမ္ဘာ. အနောက်ခြမ်းက ဆန်ရှင် သစ်က ပြင်းထန်သလောက် တရုပ် က မြောက်ကိုးရီးယား အပေါ် ပြင်းထန်စွာ နှိပ်ကွပ်မှာ တော. မဟုတ်ပါ။

သို.သော်- သို.သော်-

1940's နှစ်တွေ အပြီး မျိုးဆက် ၂ ခု နဲ. လက်လွှဲ ပျိုးထောင်ထောက်တည် ထားတဲ. ကွန်မြူနစ်ပါတီဟာ--ခု ပေါ်လစ်ဗျူရို ထိပ်သီး အဖွဲ. ၀င်ကြီးတို.၏ သားသမီးများ (တတိယမျိုးဆက်) အသက် ၃၅ နှစ် မကျော် ခင်မှာ--တရုပ်နိုင်ငံ အတွက် မရှောင်မလွှဲနိုင်တဲ. နိုင်ငံရေးရေစီးကြောင်းများကို ကြုံရမှာဖြစ်ပြီး၊ ဒါကို လူကြီးများက  ကြို ပြင်ဆင် တွက်ဆပြီးသား ရှိပုံ ရပါတယ်။

တရုပ်က အနောက်ကမ္ဘာနဲ.ပဲ ပို အဆင်ပြေချင်ပါတယ်။

တရုပ်က မြန်မာအစိုးရလုပ်သမျှထောက်ခံတယ် ဆိုတာ မဖြစ်နိုင်ပါ။ တရုပ် ၏မြန်မာနိုင်ငံတွင်းက တိုက်ရိုက် ရင်းနှီး မြှပ်နှံမှုဆိုတာ သန်းရွှေ သားသမီး ၂ ယောက်၏ ဘဏ်.အကောင်. ကို ခဲ လိုက်တာနဲ. ပြန်ကြေနိုင်တဲ. ပမာဏပါ။

၂၀၀၈- ၂၀၁၀ သူတို. နာ ဂစ် ဥပဒေကို စ အသက်သွင်းပြီးကာမှ တရုပ်၏ FDI foreign direct investment in Burma က ၂၀၀၄ ကထက် အဆပေါင်း ကိုးထောင်ကျော် ထိုးတက်လာခဲ.တာဖြစ်တယ်။

၂၀၀၄ မှာ အမေရိကန်ဒေါ်လာ FDI သန်း ၂၀ ပဲ ရှိခဲ.ရာက ၂၀၁၀ အရောက်မှာ Chinese Stocks in Burma က သန်း ပေါင်း $1947 million 
( အမေရိကန်ဒေါ်လာ၂ ဘီလီယံနီးပါး) ဖြစ်ခဲ.တာကိုကြည်.ရင်၊ ရာခိုင်နှုန်းအရ အဆပေါင်း ၉၇၃၅ % ထိုးတက်ခဲ.တယ်။ ဒီနေရာမှာ- ဘာ ကလက်သည်လည်း၊ ဘာကြောင်.လည်း၊ ဘယ်လုပ်ငန်းတွေက ငွေ တွေလည်းဆိုတာ၊ သိသာပါတယ်။ ငါဲးဲကြင်းဆီနဲ.ငါးပြန်ကျော် နိုင်တဲ. အနေအထားမှာ၊ ဆုံးခြင်းဆုံး၊ မြန်မာ စစ်အာဏာ ရှင်ကြီးတေါသာ ပို ထိမှာ ဖြစ်ပါတယ်။  

တရုပ်ကိုကြောက်ရတယ်လို. အောင်မင်း နှပ်ကြောင်းပေးသွားတာဟာ၊
ဗဟုသုတနည်းပါးပြီး အတိုင်းအဆမရှိ နက်ရှိုင်းလွန်းတဲ. ဆင်း ရဲတွင်းမှာ လုံးလုံး မလှုပ်နိုင်တဲ. ပြည်သူတွေကို သက်သက် ခြောက်စားပြနေ
တာသာဖြစ်တယ်။ ၂၀၀၈- ၂၀၁၃ အတွင်း အများပြည်သူကို နိုင်ငံရေးပွဲစားများ၊ အစိုးရ မီဒီယာ နှင်. ဆိုင်ဘာ စစ်ဝန်ထမ်းများ 
မှတဆင်. မျက်လှည်.ပြစားနေခြင်းမျာ၊ ရပ်သင်.ပြီ။ လက်ပန်းတန်းတောင် မှာ သွေးမြေကျစေသော ဖြစ်ရပ် အစီရင်ခံစာ ကိုလည်း၊ (ထိန်ချန်မှာ၊ လိမ်မှာသေချာသော်လည်း) လူတွေက မျှော်နေကြပါတယ်။   

မြန်မာနိုင်ငံသားတွေ-တရုပ်ကို မကြောက်ပါနဲ.။ ဦးပိုင်ကိုသာ ရအောင်ဖြိုကြပါ။ မြန်မာပြည်က တရုပ်ကုမ္ပဏီတွေဆိုတာ
မြန်မာစစ်အာဏာရှင်တွေဝိသမလောဘ  ခံတပ်၏ အစွယ်အပွားသာဖြစ်တယ်။ 

တရုပ်အုပ်ချုပ်ရေးဟာ မြန်မာ နဲ. လုံးလုံး မတူတဲ.  meritocratic society လူ.စွမ်းအင်၊ လူ. အရည်အချင်းနှင်. စွမ်းဆောင်မှု ကို ပဓာနထားသောလူ. အဖွဲ. အစည်း  ဖြစ်တယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ။ 

aasw
feb 9 2013

Ref:

Chinese Commerce Ministry Statistic Data China's Stocks in Asian Countries. (2010)

Wong, E (2011). “U.S. Motives in Myanmar Are on China’s Radar.” New York Times. 22 April 2012.

The Economists( Oct 27, 2012) . "Xi Jinping. The man who must change."

Mick Richman (Feb 9, 2013). China Likely to Support New Sanctions Against N. Korea.

“Trilateral Contract Reached for Gas Exploration in Myanmar.” (2012) Xinhua State News.