Sunday, January 13, 2013

TIME magazine နဲ့ ၀ူးတိန်းရှိန် ကိစ္စ

Posted: 11 Jan 2013 11:47 PM PST


ကမ္ဘာကျော် TIME magazine မှာ သမ္မတ ၀ူးတိန်းရှိန် ပါလာတော့၊ သူ့နောက်လိုက်များလဲ ရှယ်ကြ... ၀မ်းသာကြ.. ဂုဏ်ပြုကြ... နဲ့ တော်တော်လေး စည်ကားခဲ့ပါတယ်။

ဒါပေမယ့်... အဲဒီ အထဲမှာ ပါတဲ့ အချက်တွေကို ကောင်းကောင်း ဖတ်ပြီး သုံးသပ်တဲ့ လူကတော့ တော်တော် ရှားနေပုံပါ။

TIME ဆိုတာ လူကောင်းရော.. လူဆိုးရော.. ကမ္ဘာ့လူသားများ အသိချင်ဆုံး ပုဂ္ဂိုလ်များကို ဦးစားပေး ရေးလေ့ ရှိပါတယ်။ ဒါကြောင့်လဲ နာမည်ကျော်တာပါ။

ဘင်လာဒင် အကြောင်း.. ရာဇာ အာရာဖတ်အကြောင်း.. အာရပ် အာဏာရှင်များ အကြောင်း မှ အစ... အမေရိကန် သမ္မတ ကတော် များအဆုံး စုံလို့ပါ။

တခု ရှိတာက TIME မှာ ရွေးချယ်တဲ့ လူစားမျိုးဟာ တခြား မီဒီယာ တွေမှာ အလွယ်တကူ သိဖို့ ခက်ခဲတဲ့ လူတွေ အကြောင်း ဖြစ်တတ်ပါတယ်။

သမ္မတ ၀ူးတိန်းရှိန် လဲ နေ့ချင်း ညချင်း သမ္မတဘ၀ ကနေ ကမ္ဘာကျော်သွား တာ အကြောင်း ရှိပါတယ်။

ဒါကတော့ မြန်မာ နိုင်ငံကို ကမ္ဘာက စိတ်ဝင် တစား ကြည့်နေတဲ့ အချိန် နဲ့လဲ တိုက်ဆိုင်နေပါတယ်။

မျက်နှာဖုံးမှာ အပေါ်တင် ရေးထားတဲ့ စာ အကြောင်းက ပိုစိတ်ဝင် စားစရာပါ...
"သမ္မတကတော့ ပြုပြင်ပြောင်းလဲဖို့ စိတ်အားထက်တန်တာတော့ ဟုတ်ပြီ...
သို့သော်... သူ တကယ်ကော လုပ်နိုင်ပါ့မလား...
ဗိုလ်ချုပ်များ အနေနဲ့ လုပ်ခွင့်ကော ပေးပါ့မလား..... တဲ့...။"

ဆိုလိုချင်တဲ့ သဘောက လုပ်ပိုင်ခွင့် အပြည့်မရှိတဲ့ ရုပ်သေး သမ္မတ ဖြစ်တယ် ဆိုတဲ့ အကြောင်းကို ထောက်ပြထားတာပါ။

အဲဒီ အကြောင်းအရာများကို ထောက်ခံ ပေးနေတာက သမ္မတ ကိုယ်တိုင် ပြောတဲ့ စကားပါပဲ။

"အခုလို သမ္မတ ဖြစ်လာဖို့ တခါမှ အိပ်မက်တောင် မမက် ဖူးပါဘူး... " တဲ့။

ကိုယ်ပိုင် Vision မရှိတဲ့ လူတစ်ယောက် ကိုယ့်သဘောနဲ့ ကိုယ် သမ္မတ ဖြစ်လာတာလဲ မဟုတ်၊ မြန်မာ ပြည်သားတွေ ရွေးယူတာလဲ မဟုတ်ပဲနဲ့ မြန်မာနိုင်ငံသားတွေရဲ့ သမ္မတ ဆိုပြီး ပေါ်လာတယ်...
ဒါဆိုရင်... မြန်မာ နိုင်ငံသားတွေ တော်တော် သနားစရာ ကောင်းမှန်း ကမ္ဘာက သိသွားတာပေါ့။

ဘယ်သူက ဒီလို အခွင့်အရေးတွေ ချပေးခဲ့တာလဲ.... ဆိုလာလဲ စဉ်းစားစရာ ဖြစ်သွားတယ်။

မြန်မာ ပြည်သားတွေကို ငါ သမ္မတ ဖြစ်လာရင် ဘယ်လိုလုပ်ချင်တယ်... ဘယ် လို မူဝါဒ တွေ ချမှတ်ထားတယ်.. ဆိုပြီး ပရိသတ်ရှေ့ စကား စစ်ထိုးပြီး ပြည်သူတွေကို အာမခံချက်ပေးခဲ့တဲ့ သမ္မတ မဟုတ်မှန်းတော့ လူတိုင်းသိမှာပါ။

ဒေါ်အောင်ဆန်းစုကြည် တောင် ပြည်သူ့အကျိုးအတွက် လုပ်ပိုင်ခွင့်တွေ ရဖို့ သမ္မတ ဖြစ်ချင်တယ်... လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ နောက်ပြီး သူ သမ္မတ ဖြစ်လာရင် ဘယ်လို မူဝါဒ တွေနဲ့ ပြုပြင် ပြောင်းလဲမှု တွေလုပ်သွားမယ် ဆိုတာလဲ အားလုံးသိပြီးသား ဖြစ်နေတယ်။

ဝူးတိန်ရှိန် က အိမ်မက်တောင် မမက်ပဲ နေ့ချင်း ညချင်း သမ္မတ တက်လုပ်လို့ ကမ္ဘာ့ထူးဆန်းအံ့သြဘွယ် သမ္မတ အနေနဲ့ TIME မှာ ပါလာကြောင်းပါ။
By Duwa kachin