Thursday, January 24, 2013

တပ်မမှူး၊ စကခမှူး ကတော်များ အလုပ်ရှုပ်နေ


 by Myitkyina blog news

မြန်မာ့တပ်မတော်၏ ၄ လပတ် အစည်းအဝေးကို ၂၀၁၃ ခုနှစ်အတွက် ဇန်န၀ါရီလ(၂၇)ရက်နေ့တွင် နေပြည်တော်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်း ၄ လပတ်တွင် စစ်တိုင်းမှူးများ၊ တပ်မမှူးများ၊ စကခမှူးများပါ တက်ရောက်ရမည်ဖြစ်သည်။

ကချင်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော တပ်မ(၃၃)၊ (၉၉)၊ (၈၈)၊ (၁၀၁) တပ်မမှူးများနှင့် စကခမှူးများသည် လည်း ၄ လပတ် တက်ရောက်ရန် နောက်တန်းကို ပြန်လျက်ရှိသည်။ တပ်မမှူး၊ စကခမှူးများ၏ဇနီးများသည် ၎င်းတို့၏လင်ယောင်္ကျားများ ရှေ့တန်းသို့ထပ်မံစေလွှတ်မခံရရေးအတွက် ခါတိုင်းပေးနေကျလက်ဆောင် များထက် တန်ဖိုးကြီးသောလက်ဆောင်ပဏ္ဍာများကို ကာကွယ်ရေးဝန်ကြီးရုံးချုပ်သို့ ပေးပို့နေကြပြီဖြစ်ကြောင်း သိရှိရသည်။