Wednesday, January 23, 2013

ငြိမ်းချမ်းရေးလုပ်တာ KIA တဖွဲ့ဘဲ ခေါင်းမာပြီးကျန်တယ် ဆိုတဲ့ ဆိုက်ဝါးကို အဟုတ်ထင်နေ သူများအတွက်-



PSLF/TNLA တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့က မန်တုံ နမ့်ဆန် နမ်းခမ်း ပလောင်နယ်မြေမှာ တိုက်နေဆဲဖြစ်၊ ဘာ အပစ်အခတ်ရပ်စဲရေး စကားမှ မပြောသေး။

SSA မြောက်ပိုင်း နဲ့ SSA တောင်ပိုင်း အပစ်ရပ် လက်မှတ်ထိုးပြီးပြီဆိုပြီး တိုက်ပွဲတွေ တခြိမ်းခြိမ်း တိုက်နေရဆဲ။

ဝ နဲ့ မိုင်းလား တပ်တွေ အပစ်ရပ် လက်မှတ်ထိုးထားတယ် ဆိုပြီး... နအဖတပ် လုံးဝဝင်မရ၊ ဝင်တဲ့တပ် အကုန်လက်နက် ဖြုတ်ခံရပြီးမှ ဝင်လို့ရ။ (မတိုက်ရဲလို့ လွှတ်ထား)။

DKBA တပ်တွေကို ဒေသခံရဲတွေ စစ်တပ်တွေ မော့မကြည့်ရဲ။ (တိုက်ဖို့တပ် မရှိလို့ လွှတ်ထား)။

အပစ်ရပ် လက်မှတ်ထိုးထားတယ် ဆိုပြီး နအဖတပ်/ကြံ့ဖွတ်အစိုးရနဲ့ အတွေ့မခံ၊ ရန်ကုန် /နေပြည်တော် လုံးဝမသွားတဲ့ အပစ်ရပ် ခေါင်း ဆောင်တွေ အများကြီးရှိနေ။

ဗမာပြည်ပတ်စပို့ မကိုင်တဲ့ အပစ်ရပ် တိုင်းရင်းသားခေါင်းဆောင်တွေ အများကြီးရှိနေ။

( ဂါ မဏိ )