Friday, January 25, 2013

KIA နှင့် သမ္မတ၊ လွှတ်တော်တို့အကြား ချောင်ပိတ်မိနေသော တပ်ချုပ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းမှူး/ တပ်မမှူး ၄ လပါတ် ပြုလုပ်ခဲ့ပြီးနောက် စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် ရှိ၍ လွှတ်တော်မှ တိုက်ပွဲ အခြေအနေအား တောင်းဆိုလာမည့် အသံနှင့် ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး တပ်အသစ် ထပ်ထည့်ခြင်း၊ တပ်လဲလှယ်ခြင်း ဆက်လက် ပြုလုပ်သွားရန် မှတ်ချက်ပေးခဲ့ကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက သတင်းပေးပို့လာပါသည်။ KIA နှင့် တပ်မတော် ရင်ဆိုင် တိုက်ပွဲများတွင် စစ်မျက်နှာ အခင်းအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(၁)     ကချင်ပြည်နယ် အိမ်ရှင်တပ်မများဖြစ်သော မိုးကောင်းအခြေစိုက် အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းလက်အောက်ရှိ တပ်ရင်း ၄၆ ရင်းအပြင် စစ်ကိုင်း -ရွာထောင် အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး မကွေး အခြေစိုက် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာအခြေစိုက် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး  ပခုက္ကူအခြေစိုက် အမှတ် (၁ဝ၁) ခြေမြန်တပ်မ ဌာနချုပ်များနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းလက်အောက်ခံ တပ်ရင်း ၁ဝ ရင်း (ဖားကန့်ဒေသ စိုးမိုး လှုပ်ရှားနေသည်။) အပါအဝင် ခြေလျင်ခြေမြန်တပ်ရင်း စုစုပေါင်း ၉၆ ရင်းဖြင့် ကေအိုင်အေအား ထိုးစစ်ဆင်တိုက်ခိုက်နေလျက်သည်။ မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ကုန်းကြောင်း၊ လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည့် အပြင် အမြောက်တပ်မ ဌာနချုပ်များမှလည်း ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများနှင့် ၁၂၀ မမ စိန်ပြောင်းကြီးများ တို့ဖြင့် ပိုက်စပ်တိုက် ပစ်ခတ်လျက် ရှိပါသည်။
Read more+++click on+++