Thursday, January 24, 2013

ရုတ်တရက် ပေါ်လာသော ငြိမ်းချမ်းရေးအဖွဲ့

Khin Mgoo and 2 other people shared a photo.
ဒီကနေ့သတင်း (၂၄ ရက် နံနက် ၈ နာရီ ၃၀ ) ဇန်နာဝရီလ ၂၀၁၃ ခုနှစ်
ရုတ်တရက် ပေါ်လာသော ငြိမ်းချမ်းရေးအဖွဲ့
အခု နံနက် ၈ နာရီဝန်းကျင်တွင် ဗမော်မြို့မှ ဆိုင်ကယ်စီး ၂၀ အယောက် ၃၀ ၀န်းကျင်နှင့် ဒိုင်နာကားတစီးဖြင့် ကုလသမဂ္ဂ တံဆိပ်ပါ အလံအားလွှင့်ကား လိုင်ဇာသို့ စစ်ပွဲများရပ်တန့်များ မောင်းနှင်လာနေပြီဟုသိရသည်။ သို့သော် ၄င်းအဖွဲ့သည့် မည်သူ့မှ အကြောင်းကြားခြင်း မီဒီယာများသို အသိပေးခြင်းများ မရှိပဲ ဗမော်မြန်မာ စစ်ဗျူဟာမှ စီစဉ် လျှိ့ဝှက်စီစဉ်ပြီး ကေအိုင်အေ တပ်ဖွဲ့များ၏အခြေနေအား လာရောက်သုံးသပ်ရန်ဟုလည်း သတင်းပေးများမှ အကြောင်းကြားထားသည်။ ၄င်းတို့ ရုတ်တရက်ပေါ်လာသော အဖွဲ့ဖြစ်ပြီး လက်ဂျားယန်ကိုဖြတ်ကျော်ဝင်ရောက်လာသည်နှင့် မဟာမိတ် အေဘီအက်ဒီအက်ဖ်မှ ဆွေးနွေးမည်ဖြစ်ကြောင်း အစီစဉ်ရှိသည်။ သဘောရိုးဖြင့် ငြိမ်းချမ်းရေး အမှန်လိုလာသူများ ဟုတ်မဟုတ် လေ့လာသုံးသတ်မည်ဖြစ်သည်။

သို့ရာတွင် ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သော အဖွဲ့သည် တရားဝင် အသိပေးကြေငြာပြီး ဇန်နာဝရီလ ၂၀ ရက်နေ့မှ စတင်ထွက်ခွါလာရာ ယခု ပဲခူးမြို့ ကျော်လာပြီဟုသိရသည်။ ၄င်းတို့ လာရောက်မှုကိုလည်း ကေအိုင်အေမှ နွေးထွေးစွာ ကြိုဆိုမည်ကိုလည်းသိရသည်။

ဖားကန့်နှင့် စစ်သတင်း

ဖားကန့်မှာငရဲသားတွေ ၀င်စီးနေတယ်၊ ဖားကန်က ရွာပေါင်း ၁၂ ၇ွာကို မြန်မာဘက်က စစ်သားတွေ အိမ်ပေါ်တက်ပြီး အိမ်တွင်းထဲက ရှိရှိသမျှ ရှိတဲ့ အဖိုးနည်း အဖိုးကြီး၊ စားသောက်သရာ ငရုပ်ကြက်သွန် ဆီဆန်ဆားတွေပါမကျန် လုယူပြီး လူတွေကိုပါ ကေအိုင်အေကို အထောက်ပံ့ပေးတဲ့လူများဟုဆိုကာ ရိုက်နက်ပွဲထုထောင်းပွဲကြီး ချိမ့်ချိမ့်သဲ ပရမ်းပဒါ ကျင်းပနေပါတယ်။ 
ဗမော်ကို အဝေးပစ်အမြောက်များ တွဲလျှက်တပ်ဆင်ထားသော တင့်ကားအစီး ၂၀ တိတိရောက်ရှိလာပြီး ခြေလျှင်တပ်သားများအပြင် ယခု အရံအရေးပေါ် အင်အားဖြင့် ရေတပ်မှ စစ်အင်အား ၂၀၀၀၀ ကို ချထားရောက်ရှိလာပြီဖြစ်ပါသည်။
ဗမော်မြို့တွင် စစ်ယာဉ်ထရပ်ကားကြီးများ ထူထပ်ကြမ်းတမ်းစွာမောင်းနှင်မှုများကြောင့် ဗမော်မြို့တွင်း ကျောင်းတက်ရန် ကားစောင့်နေသော ကျောင်းသားတဦးနှင့် ကျောင်းသူတဦး စစ်ထရပ်ကားကြီး တိုက်ခြင်းခံရပြီး တဦးသေဆုံးပြီး ကျောင်းသူအား ဗမော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားသည်။
ဒီကနေ့မနက် ရ နာရီနက်နံဦးပိုင်းမှာပင် ဘွန်ရွယ်မှ အမြောက် ၁၀ ချက်ဖြင့် ပစ်ခတ်ပြီး ခန ရပ်နားနေသည်။
မြန်မာစစ်တပ်ဘက် မောင်းနှင့်လာသော စစ်အမြောက်တင့်ကားတစီးကို ၂၃ ရက်နေ့ ညနေပိုင်း တွင် ခြုံခိုပြောက်ကျားဖြင့်  ဗမော်ကားလမ်းပေါ်တွင် ကေအိုင်အေမှတိုက်ခိုက်ဖျက်ဆီးခဲ့ပါသည်။
နောက်ဆုံး မြန်မာစစ်ဘက်ဆိုင်ရာဆက်သွယ်ရေးလျှိ့ဝှက်ပေါက်ကြားမှုအရ ကေအိုင်အေ နေရာယူထားသော တောင်ကုန်းများအားလုံးအား လက်နက်အင်အား လူလိုင်းစစ်ဆင်ရေးအသွင်ဖြင့် တရက်တည်း အပြတ်ဖြတ်ရန် နေပြည်တော် ကကရုံးမှ စီစဉ်နေပြီး ယခုလမကုန်ခင် ဇန်နာဝရီလ ၂၆ ရက်နှင့် ၃၀ ရက်များအကြား ဖြစ်ပေါ်လာမည်ကို သိရကြောင်း ပါ။

သတင်းရေးချိန် (နံနက် ၈နာရီ ၃၀) ဇန်နာဝရီလ ၂၄ ရက် ၂၀၁၃ ခုနှစ်
သတင်းရင်းမြစ်( ခါရာတောင်တန်း)
အေဘီအက်ဒီအက်ဖ်(မြောက်ပိုင်း)

ကျေးဇူးတင်ပါသည်
ဂိုရှယ်လေး