Tuesday, January 29, 2013

ရခိုင်လူမျိုးတွေလဲ လက်နက်ကိုင်အင်အားတိုးချဲ့ ဖို့ လိုပါတယ် ဒါမှသာလျှင် ရခိုင်ပြည်နယ်ကိုကာကွယ်နိုင်မယ်


ရက္ခိုင့်တပ်မတော် Arakan Army နန့် အင်တာဗျူးအစီအစိုင် ဒုတိယပိုင်း


ရက္ခိုင့်တပ်မတော် Arakan Army မှ သတင်းနန့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်စောမြကို လက်ဟိရက္ခိုင်ပြည် နိုင်ငံရေးအခြီအနီ ရက္ခိုင့်တပ်မတော် သဘောထားတိနန့် ပတ်သက်လို့ ဒီဗွီဘီရက္ခိုင်အစီအစိုင် ၀ိုင်းတော်သူ ဖြိုက်တေ မခိုင်စုက ဆက်သွယ်မိန်းမြန်းထားရေ အင်တာဗျူးကဏ္ဍကို လေးဝတီက ကောက်နုတ် တင်ပြပီးလိုက်ပါသည်။

မခိုင်စု။ ။ရခိုင်မှာ လက်နက်ကိုင်တပ်ဖွဲ့တိလည်း ရှိပါရေ။ ယေကေ့လေ့ တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တိပိုင် အောင်မြင်မှု ရစွာတိ မတွိရပါ။ ဇာကြောင့်လို့ သုံးသပ်မိပါလဲ။

ဗိုလ်စောမောင်။ ။ရခိုင်လူအဖွဲ့အစည်း၏ နောက်ခံသမိုင်းအခင်းအကျင်းနန့် တခြားတိုင်းရင်းသားလူမျိုးတိ၏ နောက်ခံသမိုင်းအခင်းအကျင်းစော်ရေ မတူညီပါ။ နောက်တချက်က တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တိ အောင်မြင်မူရနိန်စော်ရေ ဇာပိုင်အောင်မြင်မူမျိုး ဆိုစော်ကိုလည်း သုံးသပ်ဖို့ လိုပါရေ။ ရခိုင်သမိုင်းက တောင်းဆိုနိန်စော်ကတော့ကေ လက်နက်ကိုင်တပ်ဖွဲ့ မဟုတ်ပါ။ အင်အားခိုင်မာတောင့်တင်းရေ စည်းကမ်းပြည့်ဝရေ အမိန့်နာခံမူကောင်းရေရေ ခေတ်မှီရေ ရက္ခိုင့်တပ်မတော်ကြီး မားမားမတ်မတ် ပြန်လည်ပေါ်ထွက်လာဖို့စော်ကို တောင်းဆိုနိန်စော်ပါ။ ယကေ ဒေဖြိုက်စိုင်ကို ကိုင်တွယ်ဖို့ရာအတွက် လိုအပ်ချက်တိ ဟိပါရေ။ ယင်းချင့်တိထဲက အဓိကကျရေအချက်က မှန်ကန်ရေ အမျိုးသားရေး ဦးဆောင်မူကို ပီးနိုင်ရေ ပြောင်မြောက်တေ ဂေါင်းဆောင်မူ ပြဿနာပါ။ ရခိုင့်လူ့အဖွဲ့အစည်း၏ စိတ်ပိုင်းဆိုင်ရာ သဘာဝ ရုပ်ပိုင်းဆိုင်ရာ သဘာဝကို ဂဃဏန ထွင်းဖောက်သိမြင်ပြီးကေ ရခိုင်လူထုတစ်ရပ်လုံးကို မားမားမတ်မတ်နန့် ဦးဆောင်ခေါ်ယူနိုင်ရေ ဂေါင်းဆောင်ကောင်း လိုအပ်ပါရေ။ အေနိန့်အချိန်ခါမှာတော့ကေ ရခိုင်လူ့အဖွဲ့အစည်းတစ်ရပ်လုံး အနိန်နန့် ပြောင်မြောက်တေ ဂေါင်းဆောင် နောက်က တန်းတန်းမတ်မတ် မကွေ့မကောက်ဘဲနန့် အတူတကွ ချီတက်လိုက်ပါဂတ်ရဖို့ရာ လိုပါဗျာလ်။
မခိုင်စု။ ။မကြာခင်က ချင်းမိုင်မြို့မှာ ပြုလုပ်ခရေ တိုင်းရင်းသားများ ညီလာခံကို တက်ရောက်ခရေလို့ သိရပါရေ။ ဇာအကြောင်းအရာတိကို ဆွေးနွေးပြီးကေ ဇာပိုင် သဘောတူညီမှုတကို ရရှိခပါလဲ။

ဗိုလ်စောမောင်။ ။ညီလာခံမှာ တက်ရောက်ဆွေးနွေးခရေ အထဲက အဓိကကျရေ အချက် ၂ ချက်ကိုရာ ပြောလိုပါရေ။ ပထမအချက်ကရေ ဒေနိန့်အချိန်ခါမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မူစော် အရေးတကြီး လိုအပ်နိန်ပါရေ။ ညီနောင်တိုင်းရင်းသားတိ အနိန်နန့် ဒေထက်မက အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီးကေ ညီညွတ်မူကို ပြသဖို့လည်း လိုအပ်နိန်ပါရေ။ အပြစ်ခတ်ရပ်ထားရေ အဖွဲ့အစည်း၊ အပြစ်ခတ် မရပ်ထားရေ အဖွဲ့အစည်း၊ အစိုးရနန့် ဆွေးနွေးနိန်ဆဲ အဖွဲ့အစည်း၊ မဆွေးနွေးရသိမ့်ရေ အဖွဲ့အစည်း စသည်အားဖြင့် အသွင်သဏ္ဍန်အမျိုးမျိုးဟိန့်နိန်ဂတ်ကေလည်း တဘောတည်း တသံတည်း ဖြစ်နိန်ဖို့စော်ကို နိန်ပြီးကေ အဓိကထားလို့ လှုံ့ဆော်ပီးခပါရေ။ နောက်တချက်က ရခိုင်ပြည်မှာဖြစ်နိန်ရေ ကျူးကျော်စစ်ကို အမျိုးသားရေးတစ်ရပ်အနိန်နန့် ဖြေရှင်းရေးကိစ္စပါ၊ ရခိုင်ပြည်ထဲက ပဋိပက္ခစစ်ပွဲသည် ဘာသာရေးစစ်ပွဲ မဟုတ်တေပိုင် လူမျိုးရေးအဓိကရုဏ်းလည်း မဟုတ်ပါ၊ တကယ့်ကို သိမ့်သိမ့်မွေ့မွေ့ နက်နက်ရှိုင်းရှိုင်းနန့် ထိုးဖောက်နိန်ရေ ကျူးကျော်စစ်ပွဲသည်သာလျှင်ဖြစ်တေ၊ အေကျူးကျော်စစ်ပွဲကို ဖြေရှင်းရေနိန်ရာမှာ ရခိုင်တမျိုးသားလုံးပြဿနာရာ မဟုတ်ဘဲနန့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက အမျိုးသားရေးပြဿနာ အနိန်နန့် ပူးပေါင်းဖြေရှင်းဂတ်ဖို့စော်ကို ဆွေးနွေးခပါရေ။ သို့သော်ငြားလည်း ဒေ ညီလာခံအပြီးမှာ ထုတ်ပြန်ရေအချက် ၆ ချက်ထဲမှာ ဒေကိစ္စနန့် ပတ်သက်လို့ ထုတ်ပြန်ထားစော် မတွိရလို့ ၀မ်းနည်းစရာတစ်ခု ဖြစ်ပါရေ။ အရာ နောက်တချက်ကရေ တိုင်းရင်းသားညီလာခံ ဆိုငြားသော်လည်း မြန်မာတိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးတစ်ယောက်လည်းသော့ တက်ရောက်ဆွေးနွေးစော်ကို မတွိရခြင်းက စိန်ခေါ်မူတစ်ရပ်လို့ မြင်ပါရေ။

မခိုင်စု။ ။ လက်နက်ကိုင်အဖွဲ့အစည်းတိမှာ အထက်မှာပါတီသို့မဟုတ် အဖွဲ့အစည်းတစ်ခုခုစီ ဟိတတ်ပါရေလေ။ ဒေ အဂုပေါ်ပေါက်လာရေ AA ရက္ခိုင့်တပ်မတော်က သီးသန့်လွတ်လပ်တေ တပ်ဖွဲ့တစ်ခုပါလား။ မဟုတ်လို့ ဟိကေ ဇာအဖွဲ့အစည်းတစ်ခုခု၏ လက်အောက်ခံလည်းဆိုစော်ကို ပြောပြပီးပါ။

ဗိုလ်စောမောင်။ ။တပ်မတော်တစ်ရပ်သည် ပါတီ သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခု၏ ဦးဆောင်မူအောက်မှာ ဟိန့်နိန်ရဖို့ ဆိုစော်ကတော့ကေ ယေဘုယျအားဖြင့် လက်ခံပါရေ။ ဖြစ်ရိုးဖြစ်စိုင်အတိုင်းဆိုကေတော့ကေ ပါတီအယင်ဖွဲ့စည်းပြီးမှ တပ်မတော်ကို တည်ဆောက်ရဖို့ဆိုရေ သဘောပေါ့လေ။ ယေငြားသော်လည်း ဒေပိုင် သမားရိုးကျပုံစံမျိုးတိစော်ရေ နိန်ရာတကာမှာ ရက်ပြတ်ကျေးယာ မမှန်ကန်နိုင်ပါ။ အထူးသဖြင့် ရခိုင်အမျိုးသားရေးကို ချည်းကပ်တေနိန်ရာမှာ ခေါက်ရိုးကျိုးနိန်ရေ သဘောတရားတိ အယူအဆ အဟောင်းတိရေ အများက ထင်ထားရေပိုင် အလုပ်မတွင်ကျေနိုင်ကြောင်းကို လက်တွိပိုင်းမှာ ပိုလို့တွိမြင်ရပါရေ။ သို့သော် သဟဇာတ ဖြစ်အောင်ကတော့ကေ ရက္ခိုင်တပ်မတော် အနိန်နန့် ကြိုးစားဆောင်ရွက်လို့ ဟိန့်နိန်ပါရေ။

မခိုင်စု။ ။ရခိုင်ပြည်နန့် ရခိုင်လူထုအကျိုးအတွက်ပါလေ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတိ အများအပြား ဖြစ်ပေါ်နိန်ဖို့အစား တစ်ခုတည်းသော ရခိုင်တပ်မတော်ကိုရာ ပြည်သူတိက အလိုဟိနိန်ပါရေ။ ယင်းပိုင်ခါ ပြည်သူတိ အလိုဟိရေ တစ်ခုတည်းသော ရခိုင်တပ်မတော်ဖြစ်ပေါ်အောင် တခြားရခိုင်လက်နက်ကိုင်တပ်ဖွဲ့တိနန့် ပေါင်းစည်းလားဖို့ ဇာပိုင်စီစိုင်ထားပါလေ မသိ။

ဗိုလ်စောမောင်။ ။အေပိုင်အနိန်အထားတိကရေ တခြားသောတိုင်းရင်းသား အဖွဲ့အစည်းတိမှာလေ့ ဟိန့်ဂတ်စော်ကို တွိရပါရေ။ အဓိကဦးတည်ရဖို့စော်ကရေ တိုင်းပြည်နန့်လူမျိုး ရခိုင်ပြည်နန့်ရခိုင်လူထုအပေါ်မှာ ကိုယ့်ရို့ရေ ဇာလောက်ကိုယ်စားပြုနိုင်ဖို့လည်း ဆိုစော်ကို တည်ဆောက်ရပါဖို့။ ပေါင်းစည်းရေးဆိုရေ နိန်ရာမှာ အယင်အယင်ကာလတိ ရခိုင်တော်လှန်ရေးမှာ ကြုံဖူးခရေ ပေါင်းစည်းရေး င်္သခန်းစာတိကိုလည်း မိန့်ပျောက်ပစ်လို့မရပါ။ ဒေနိန်ရာမှာ ပေါင်းစည်းရေးထက် ညီညွတ်ရေးသည်ရာ အဓိကကျရေလို့ ရခိုင်တပ်မတော်အနိန်နန့် မြင်ပါရေ။ ရခိုင့်လက်ကိုင်တပ်ဖွဲ့တိ အများအပြားဖြစ်လာစရာ အကြောင်းမဟိန့်လို့ မြင်ပါရေ။ ဟိန့်လာစရာ အကြောင်းလည်း မဟိန့်ပါ။ ပြည်သူလူထုအားလုံးက မျှော်လင့်တောင့်တနိန်ရေ အင်အားကျစ်လစ်ခိုင်မာတောင့်တင်းရေ တစ်ခုတည်းသော ရခိုင်တပ်မတော် ပေါ်ထွန်းလာအောင်လည်း ကြိုးစားဆောင်ရွက်နိန်ပါရေ။



မခိုင်စု။ ။ဟုတ်ပါယင့် နောက်ဆုံးအနိန်နန့် ရက္ခိုင့်တပ်မတော်ကိုယ်စား ရက္ခိုင်ပြည်သူပြည်သားတိကို စကားလက်ဆောင်ပါးဖို့ ဟိကေ ပါးနိုင်ပါရေ။

ဗိုလ်စောမောင်။ ။နံပါတ် ၁ ကတော့ကေ သမိုင်းအမြင်မှန်ဟိဖို့ကိစ္စပါ။ ရခိုင်လူ့အဖွဲ့အစည်း အနိန်နန့် ရာဇာဝင်သမိုင်းတိထဲမှာဘဲ နစ်မွန်းမနိန်ဖို့ အရေးကြီးပါရေ။ ရခိုင်ရို့၏ အမှန်တကယ် ဟိန့်နိန်ခရေ စစ်သမိုင်းကိုလည်း လေ့လာဖို့ အရေးကြီးပါရေ။ နောက်တချက်ကရေ အတိတ်တချိန်ခါက သမိုင်းမှာ ကြီးကျယ်ခန်းနားခရေ ဆိုကေ့လည်း ဒေနိန့်အချိန်ခါမှာ ကိုယ့်ရို့တိ ဇာဖြစ်နိန်ဂတ်တေ ဆိုစော်ကိုလည်း ယျထာဘုတကျကျ ဆင်ခြင်တွီးတောဂတ်ဖို့ လိုအပ်တေ။ နောက်တချက်ကရေ ရခိုင်မှန်ကေ စစ်ရေးအမြင်ဟိန့်ရပါဖို့။ အတိတ်ကာလက မိမိရို့ အဖိုးအဖီအဇူအဇာရို့သည် အီးချမ်းသာယာဝပြောရေ နိုင်ငံတော်တိကို တည်ဆောက်နိုင်ခခြင်းသည် ရခိုင်သူရခိုင်သား တစ်ယောက်ချင်းစီမှာ မှန်ကန်ရေ မျှတရေ စစ်ရေးအမြင် ဟိန့်ခပြီးကေ စစ်မူတာဝန်တိကိုလည်း မခိုမကပ်ဘဲနန့် ထမ်းဆောင်ခလို့ ဆိုစော်ကို သမိုင်းမှတ်တမ်းတိမှာလည်း တွိဂတ်ရပါလိမ့်မေ။ နောက်တစ်ခုပြောချင်စော်ကရေ အထူးသဖြင့် အေနိန့်ခေတ် လူငယ်တိအနိန်နန့် သမိုင်းပီးတာဝန်ကို မရှောင်လွှဲကတ်ပါကေ့။ အေနိန့် ရခိုင်ပြည်မှာ ကြုံတွိနိန်ဂတ်ရရေ အခက်အခဲတိသည် အယင်အယင် မိမိရို့အဖိုးအဘောင်တိရေ တာဝန်မယူနိုင်ခဂတ်လို့ တာဝန်ကို ရှောင်လွှဲခဂတ်လို့ သမိုင်းပီးတာဝန်တိကို မထမ်းဆောင်ချင်ခဂတ်အတွက်နန့် မိမိလက်ထက်မှာ ဘင်းဂျီကျနိန်ရေလို့ ယူဆလို့ရပါရေ။ ယင်းတွက်နန့် အမျိုးသားရေးသတိ၊ အမျိုးသားရေးအသိ နှစ်ခုနန့် မိမိရို့တာဝန်ကို မိမိရို့ကျေပွန်အောင် ထမ်းဆောင်ဂတ်ပါလို့ တိုက်တွန်းချင်ပါရေ။

မခိုင်စု။ ။အဂုပိုင် ဖြေကြားပီးရေ ရက္ခိုင့်တပ်မတော်က သတင်းနန့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်စောမောင်ကို DVB ရက္ခိုင်အစီအစိုင်က ကျေးဇူး အထူးတင်ဟိပါကြောင်း ပြောကြားလိုပါရေ။

ဗိုလ်စောမောင်။ ။ရက္ခိုင့်တပ်မတော် အနိန်နန့်လည်း အဂုပိုင် ဖြေကြားခွင့်ရရေ ဒီဗွီဘီ ရခိုင်အစီအစိုင်ကို ကျေးဇူးအများကြီး တင်ပါရေ။