Tuesday, January 29, 2013

အစိုးရနဲ့ KIO ငြိမ်းချမ်းရေး "o"ပြည်မြို့တော် ပန်ဆန်းမှာ ဆွေးနွေးဖို့ UWSA ကမ်းလှမ်း

MJ Lumpy and Jinghpaw Buga shared Lachid Kachin's photo.
ကချင်အရေး ဝအဖွဲ့ရဲ့ ဖိတ်ခေါ်ချက် အစိုးရလက်ခံ

ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA နယ်မြေထဲ လာပြီး၊ ကေအိုင်အိုနဲ့ အစိုးရ အကြား ပြန်လည် ဆွေးနွေး မှုတွေ ပြုလုပ် ကြဖို့ ဝအဖွဲ့ရဲ့ ဖိတ်ခေါ် ချက်ကို အစိုးရ ဘက်က လက်ခံ လိုက်ပါတယ်။
-----------------------------------
 

အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပစ်
ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ၀ပြည်သွေးစည်းညီ
ညွတ်ရေးအဖွဲ့ UWSA က ကြားဝင်ဆောင်ရွက်ပေး
မယ် လို့ ဖိတ်ခေါ်ထားကြောင်း ၀ပြည်သွေးစည်း
ညီညွှတ်ရေးအဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ
၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
နှစ်ဖက် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်
ခတ်ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ
ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
UWSA အဖွဲ့က ပေးပို့တဲ့အဆိုပြုလွှာကို ပြည်ထောင်
စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ နဲ့ KIO အဖွဲ့တွေထံ
ဇန်န၀ါရီလ ၂၄ရက်နေ့က ပေးပို့လိုက်တာဖြစ်တယ်လို့
UWSA အဖွဲ့က ပြောခွင့်ရ ဦးအောင်မြင့် ကပြောပါ
တယ်။
KIO အဖွဲ့ကတော့ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှု
ကို တဖွဲ့ချင်းမဆွေးနွေးပဲ ညီညွတ်သော တိုင်းရင်းသား
များ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ ဆွေးနွေးဖို့ အစိုးရ
ဖက်ကို အကြောင်းပြန်ထားပါတယ်။ အဲဒီအချက်အပေါ်
UWSA အနေနဲ့မူအားဖြင့် သဘောတူပေမဲ့ UNFC ဟာ
ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်နေတာ
ကြောင့် နိုင်ငံခြားမှာ ဆွေးနွေးမဲ့ကိစ္စကို မလိုလား
ကြောင်း မိမိပြည်တွင်းရေးကိစ္စကို ပြည်တွင်းမှာသာ
ဆွေးနွေးဖို့ UWSA က အကြံပြုထားတယ်လို့ ဆိုပါ
တယ်//
By FB