Sunday, January 27, 2013

လိုင်ဇာအနီးရှိ KIA စခန်းများအား အစိုးရတပ်ဖွဲ့မှ ပြင်းထန်စွာ စစ်ဆင်နေဆဲ

BY FB
လိုင်ဇာအနီးရှိ KIA စခန်းများအား အစိုးရတပ်ဖွဲ့မှ ပြင်းထန်စွာ
=================================
စစ်ဆင်နေဆဲ
========
အစိုးရတပ်ဖွဲ့များသည် လိုင်ဇာအနီးရှိ ခါ့ယာတောင်နှင့် လာဂတ်တောင်ရှိ KIAတပ်များအား ပြင်းထန်စွာ စစ်ဆင်ခဲ့ သည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်းအရာရှိတဦးက ပြောပါသည်။

“ ဒီခါ့ယာတောင်က ကျနော်တို့စခန်းကို မနေ့မနက် (၇) နာရီကနေ ဒီနေ့ညနေ (၅) နာရီအထိကို စစ်ဆင်နေတုန်းပါ ဘဲ။ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကလည်း မိုးချိန်းသလိုမျိုး မြေကြီးတွေ တုန်ခါနေတာ ပါဘဲ။ ကျနော်တို့ကလည်း ဘယ်ဆုတ်မှာလဲ၊ သူတို့ဖက်က အထိနာနေတယ်ဆိုတာ တွေ့နေရတယ်။ တိုက်လေယာဉ် ၂ စင်းကလည်း လာသေး တယ်။ ဒါပေမဲ့ ပစ်ခတ်မသွားပါဘူး။ ၀ဲပြီးတော့ ပြန်သွားကြတယ်။” ဟု ဆိုပါသည်။

ဗန်းမော်မြို့နယ်၊ မိုင်ဂျာယန်ကျေးရွာအနီးရှိ လဂတ်တောင်ရှိ KiA စခန်းကို တပ်ရင်း (၃) ရင်းဖြင့် ယနေ့မနက် (၁၀) နာ ရီ မှ ညနေပိုင်း (၅) နာရီအထိ စစ်ဆင်နေဆဲဖြစ်ပြီး မည်သည့်စခန်းမှ သိမ်းဆည်းနိုင်ခြင်းမရှိဟု KIAဖက်ကဆိုပါသည်။

စစ်ဆင်ရေးသည် မဆုတ်တမ်း စစ်ဆင်ရေးဖြစ်သည့်အတွက် အထိနာခဲ့ပြီး၊ လက်နက်ကြီး အသုံးပြုမှုသည် ထိရောက်မှု မရှိဟု ဆိုပါသည်။
ပွိုင့် (၇၇၁) ရှိ အစိုးရတပ်များသည် ၄င်းတို့စခန်းများအား ခြံခတ်ပြီး ကာရံနေသည်ဟု ဆိုပါသည်။

ယနေ့တိုက်ပွဲတွင် လေကြောင်း ပါဝင်တိုက်ခိုက်မှု မရှိသဖြင့် KIA တပ်များအနေဖြင့် စိုးရိမ်စရာမရှိဟု ဆိုပါသည်။ ထို့အပြင် အစိုးရတပ် များ၏ (၂၄) နာရီအတွင်း အပစ်ရပ်ရန် ညွှန်ကြားမှုကိုလည်း ယုံကြည်နိုင်ဖွယ်မရှိဟု KIAတပ်မှူးများက ဆိုပါသည်။

အစိုးရသည် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်လိုပါက KIA အားစစ်ဆင်နေမှုကို လျှော့ချသင့်ကြာင်းနှင့် နိုင်ငံရေးဆွေး နွေးမှုကို သွေးစည်းညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွှဲအား ဆွေးနွေးစေလို ကြောင်း KIA မှ ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။