Tuesday, January 29, 2013

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်

‎(KIO ဟာ ကချင်တမျိုးသားလုံးကို ကိုယ်စား မပြုဘူးလို့ ပြောသံ ခဏခဏ ကြားမိပါတယ်။ သူတို့ရဲ့ စွပ်စွဲသံတွေက အခြေအမြစ် မရှိပဲ ကေအိုင်အို ဆိုတဲ့ အဖွဲ့အစည်းကို ချိုးနှိင်ချင်တဲ့ သဘောလောက်နဲ့သာ ပြောခြင်း ဖြစ်တယ် ဆိုတာ သိသာပါတယ်။ တကယ်တမ်း ကချင်တမျိုးသားလုံး မဟုတ်ရင်တောင် အများပိုင်းက ထောက်ခံနေတယ် ဆိုတာ သိရအောင် လွတ်လပ်တဲ့ စစ်တမ်း ကောက်ယူမှု ရှိသင့်တာပေါ့။ တကယ်လို့ အဲဒီ စစ်တမ်းကောက်ယူမှုကနေ အတည်ပြုတယ် ဆိုရင်တော့ ထောက်ခံသလား မထောက်ခံဘူးလား ဆိုတာ အသိအကျ ပြောနိုင်မှာပါ။ မဟုတ်ရင်တော့ ကချင်လူမျိုးမဟုတ်တဲ့ လူမျိုးတစ်ယောက်အနေနဲ့က ကေအိုင်အေ ကို မထောက်ခံကြောင်း ပြောပိုင်ခွင့် မရှိပါဘူး။ ဗမာ စစ်တပ် ကို ကပ်ဖါးနေရတဲ့ စီးပွါးရေး သမားသော်လည်းကောင်း၊ နီးရာဓါးကြောက်နေရလို့ အေကိုင်အေ ကို မထောက်ခံဘူး လို့ ပြောရင် ပြောလာမယ်။ တကယ်တမ်း လွတ်လပ်တဲ့ စစ်တမ်းကောက်ယူမှု ဆိုရင်တော့ သေခြာပါတယ်။ ကချင်တွေ အားလုံးနီးပါး ကေအိုင်အေ နဲ့ တထပ်တည်း ရပ်တည်တယ် လို့ ပြောမှာပါ။ အခု လောလောဆယ်တော့ လွတ်တော်ထဲက ကချင်အမတ် တစ်ယောက်၊ အစိုးရ ၀န်ထမ်း ရှေ့နေ တစ်ယောက်၊ ကြံ့ဖွတ် ပါတီဝင်ထဲ က တရားဝင် ကချင်ပါတီဖွဲ့ခွင့်မရခဲ့တဲ့ KSPP ပါတီ နဲ့ စင်ပြိုင်ဖွဲ့ပေးတဲ့ ကချင် ပါတီ အမတ်၊ စစ်အစိုးရ ကို ကပ်ဖါးတဲ့သူ လို့ ကချင်လူမျိုးကြား နာမည် ကြီးခဲ့တဲ့ တစ်ယောက် ဒေါ်ဒွဲဘူ ရဲ့ အပြောကိုပဲ ဖတ်ကြည့်ပါကုန်။)

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုန့်ပြန်ပြောဆို
****************************************

KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ကချင်ပြည်သူ တစ်ယောက်အနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်းသူ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် ကျင်းပပြီးချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA လိုင်ဇာဌာချုပ်ကို အရင်သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖြစ်နိုင်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေရဲ့ပြောဆိုချက်ကို ကချင်ပြည်နယ်၊အင်ဂျန်းယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ လွှတ်တော်ရဲ့ တိုက်တွန်းချက်တွေကို နှစ်ဖက်တပ်တွေက လိုက်နာဖို့ လိုအပ်ကြောင်း၊ လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ လိုင်ဇာတစ်ခုထဲမဟုတ်ဘဲ ကချင်ပြည်နယ်တစ်ခုလုံးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေကိုလည်း ရပ်တန့်ဖို့လည်း ပါဝင်ကြောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။

အခုလ ဇန်န၀ါရီလ ၁၉ ရက်နေ့ကလည်း သမ္မတဦးသိန်းစိန်အနေနဲ့ တမ်မတော်ကို ခုခံကာကွယ်သည်မှအပ ထိုးစစ်ဆင်တာတွေရပ်ဖို့ ညွှန်ကြားထားပြီးဖြစ်သလို၊ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် အရေးကြီးအဆိုတွေ တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။

အေးချမ်းမွန်မှ RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
(KIO ဟာ ကချင်တမျိုးသားလုံးကို ကိုယ်စား မပြုဘူးလို့ ပြောသံ ခဏခဏ ကြားမိပါတယ်။ သူတို့ရဲ့ စွပ်စွဲသံတွေက အခြေအမြစ် မရှိပဲ ကေအိုင်အို ဆိုတဲ့ အဖွဲ့အစည်းကို ချိုးနှိင်ချင်တဲ့ သဘောလောက်နဲ့သာ ပြောခြင်း ဖြစ်တယ် ဆိုတာ သိသာပါတယ်။ တကယ်တမ်း ကချင်တမျိုးသားလုံး မဟုတ်ရင်တောင် အများပိုင်းက ထောက်ခံနေတယ် ဆိုတာ သိရအောင် လွတ်လပ်တဲ့ စစ်တမ်း ကောက်ယူမှု ရှိသင့်တာပေါ့။ တကယ်လို့ အဲဒီ စစ်တမ်းကောက်ယူမှုကနေ အတည်ပြုတယ် ဆိုရင်တော့ ထောက်ခံသလား မထောက်ခံဘူးလား ဆိုတာ အသိအကျ ပြောနိုင်မှာပါ။ မဟုတ်ရင်တော့ ကချင်လူမျိုးမဟုတ်တဲ့ လူမျိုးတစ်ယောက်အနေနဲ့က ကေအိုင်အေ ကို မထောက်ခံကြောင်း ပြောပိုင်ခွင့် မရှိပါဘူး။ ဗမာ စစ်တပ် ကို ကပ်ဖါးနေရတဲ့ စီးပွါးရေး သမားသော်လည်းကောင်း၊ နီးရာဓါးကြောက်နေရလို့ အေကိုင်အေ ကို မထောက်ခံဘူး လို့ ပြောရင် ပြောလာမယ်။ တကယ်တမ်း လွတ်လပ်တဲ့ စစ်တမ်းကောက်ယူမှု ဆိုရင်တော့ သေခြာပါတယ်။ ကချင်တွေ အားလုံးနီးပါး ကေအိုင်အေ နဲ့ တထပ်တည်း ရပ်တည်တယ် လို့ ပြောမှာပါ။ အခု လောလောဆယ်တော့ လွတ်တော်ထဲက ကချင်အမတ် တစ်ယောက်၊ အစိုးရ ၀န်ထမ်း ရှေ့နေ တစ်ယောက်၊ ကြံ့ဖွတ် ပါတီဝင်ထဲ က တရားဝင် ကချင်ပါတီဖွဲ့ခွင့်မရခဲ့တဲ့ KSPP ပါတီ နဲ့ စင်ပြိုင်ဖွဲ့ပေးတဲ့ ကချင် ပါတီ အမတ်၊ စစ်အစိုးရ ကို ကပ်ဖါးတဲ့သူ လို့ ကချင်လူမျိုးကြား နာမည် ကြီးခဲ့တဲ့ တစ်ယောက် ဒေါ်ဒွဲဘူ ရဲ့ အပြောကိုပဲ ဖတ်ကြည့်ပါကုန်။)