Thursday, January 10, 2013

ဒေါ်အောင်ဆန်းစုကြည် ကြားမ၀င်လျှင် မြောင်းထဲဆင်းပေးပါ

please share to yr friends and groups.
ဒေါ်အောင်ဆန်းစုကြည် ကြားမ၀င်လျှင် မြောင်းထဲဆင်းပေးပါ

ကချင်ဒေသ စစ်ပွဲသံများနိုင်ငံတကာတွင် ပိုပြီး အသံကျယ်လောင်လာပါသည်။
အမေရိကန်နိုင်ဆိုင်ရာ မြန်မာပြည်ထဲတွင် တာဝန်ထမ်းဆောင်နေသော သံအမတ်ကြီ ဒဲရစ်မီချဲက ကချင်ဒေသ စစ်ပွဲအတွင်းသို့ ရောက်ရှိနေသော ဒု...က္ခသည်များအား ၀င်ရောက်အကူညီပေးနိုင်ရန်အတွက် မြန်မာ နိုင်ငံ နေပြည်တော်သို့ မိမိကိုယ်တိုင် သွားရောက်တောင်းခံခဲ့သည်ကို ခွင့်မပြုပါ။
ထိုသို့ပင် ကုလသမဂ္ဂ ဒုက္ခသယ်များဆိုင်ရာ မဟာမင်းကြီးမှလည်း မြန်မာ အစိုးရသို့ ဒုက္ခသယ်များအား သွားရောက် အကူညီပေးရေးအဖွဲ့များအား ခွင့်ပြုရန်တောင်းဆိုထားသည်ကို လုံးဝ အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိဟုသိရပါသည်။
ကချင်ဒေသတွင်ဖြစ်ပွါးနေသော တိုက်ပွဲများကြားတွင် ဒုက္ခသယ်ပေါင်း ရှစ်သောင်းမှ တစ်သိန်းဝန်ကျင်ခန့် ရှိမည်ဖြစ်ကြောင်းကို ကျွမ်းကျင်သော ပညာရှင်များက ခန့်မှန်းထားသည်။ ထိုအထဲတွင် ခလေးနှင့် သက်ရွယ်ကြီးရင့်သူမှာ ရာနုံန်း ၆၅ ရာနုံန်း မျှလောက်ရှိသည်ဟုလည်းသိရသည်။
အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိဖြစ်သူကလည်း မြန်မာအစိုးရထံသို့ ဒုက္ခသယ်များအား သွားရောက်ကူညီခွင့် ပြု၇န် တောင်းခံထားသည်မှာ ၂ ကြိမ်ရှိပြီးပြီဟုလည်းသိရသည်။" နှစ်ကြိမ်တောင် ကျနော်တို့ ဘက်က တောင်းခံထားပြီးပါပြီ၊ အစိုးရဘက်က ခွင့်ပြုချက်ကို မရသေးပါဘူး၊ နောက်တကြိမ်ထပ်မံတောင်ဆိုဖို့ ကျနော်တို့အဖို့ အစိုးရဘက်က အခုလို လူသားချင်းမစာနာတာကို ရှက်မိလာတယ်" ဟုပြောဆိုပါသည်။
ပြင်သစ်အခြေစိုက် နယ်စီးမခြားဆရာဝန်များအဖွဲ့မှလည်း မြန်မာ အစိုးရထံ အလားတူတောင်းခံရာ မြန်မာအစိုးရမှ အကြောင်းပြန်ကြားခြင်မရှိပါ။ နောက်ထပ် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့မှလည်း မြန်မာအစိုးရသို့ ခွင့်ပြုပါရန် တောင်းခံထားပြီးဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားဥပဒေစိုးမိုးရေး ကော်မတီ၏ အခွင့် အာဏာတစုံတရာအား အသုံးပြုပြီး ကြားဝင်ဆောင်ရွက်သင့်သည်ဟု မြောက်ပိုင်း အေဘီအက်ဒီအက်ဖ် အဖွဲ့ ၀င် ကျောင်းသူတဦးက ဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်နေပြီဟု မကြာခနပြောနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့ အသံ ပြည်သူ့ဆန္ဒအား အမြဲအလေးထားသင့်ကြောင်းနှင့် ယခုကချင်ပြည်နယ်အတွင်း မြန်မာအစိုးရစစ်တပ်မှ သွားရောက်စစ်ဆင်နေသောစစ်ပွဲအား မိမိ၏ နိုဘယ်ငြိမ်းချမ်းရေး ဆုပိုင်ရှင်တဦးအနေဖြင့် စေတနာထားပြီးဆောင်ရွက်သင့်ကြောင်းနှင့် ဒုက္ခရောက်နေကြသော ကချင်စစ်ပွဲအတွင်းမှ မိသားစုဆွေမျိုးများအချို့ ထိုင်းနိုင်ငံချင်းမိုင်မှသွားရောက်အကူညီပေးလိုသော်လဲ ကူညီခွင့် မရသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဝင်ဆောင်ရွက်ကူညီပေးပါရန် ဆန္ဒရှိနေကြပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဝင်ဆောင်ရွက်ရန်မရှိပါက မြောင်းထဲဆင်းပေးပါဟု ပြောဆိုနေကြပါသည်။

သတင်းရင်းမြစ်
ချင်းမိုင် (ထိုင်းနိုင်ငံ)

တင်ပြသူ (ဂိုလ်ရှယ်လေး)

တိကျစွာ သိလိုလျှင် တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်
ကောလ ဟာလ သတင်းမဟုတ်ပါ
အလွန်အရေးကြီးပါသည်။