Thursday, January 10, 2013

2013


"နှစ်သုညတစ်သုံး"

၂၀၁၃ နှစ်သုညတစ်သုံး

တောတောင်တွေပြုံး

မီးခိုးတွေ ဖုံး

မီးလောင်ဗုံးတွေ တအုန်းအုန်းနဲ့ 

အပြုံးတွေ မဲ့

အမုန်းတွေ ဆက်

လက်နက်တွေ သုံး

အသက်တွေ ဆုံးလို့ 

ဝရုန်းသုံးကား ဖြစ်နေတဲ့

တို့ တိုင်းတို့ ပြည် မဆုံးရှုံးရလေအောင်

အာဏာကိုသုံး အမှောင်ဖုံးနေဆဲ

အရူးတို့ ရဲ့ နှစ်ထောင့်ဆယ့်သုံး မဖြစ်စေဖို့ 

လက်ရုံးအား ဥာဏ်နှလုံးအားနဲ့ 

အားကုန်ရုံးကာ ၂၀၁၅ မှာ ပြုံးနိုင်ကြဖို့ 

ကဲ … ပြည်သူ့ အားနဲ့  ၀ိုင်းဝန်းကာ ဆုံးမကြပါစို့ ။

(နစ်နေမန်း)။