Saturday, January 19, 2013

လုပ်ကြပါအုံးဗျို့ (ဆက်ပစ်နေပြန်ပြီ)



၁၉ ရက် ၁ လ ၂၀၁၃ ခုနှစ် နံနက် ၇ နာရီ ၃၀
ပြည်သူ့လွှတ်တော်ကြီး သိစေလိုပါသည်။ ယခု ၇ နာရီ ၃၀ တွင် နေပြည်တော် စစ်တပ်မှ ၁၀၅ မီလီမီတာ အမြောက်ဖြင့် ပစ်လိုက်ပါသည်။
ပြည်သူ့လွှတ်တော်မှာ ၁၉ ရက် ၁ လ ၂၀၁၃ ခုနှစ် နံနက် ၆ နာရီတွင် မြန်မာ စစ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ ချက်ခြင်းရပ်တန့်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တဖက်နှင့်တဖက် ညှိနိုင်းလုပ်ဆောင်ရန် အတိလင်း ထုတ်ပြန်ထားသော်လည်း မြန်မားစစ်ဘက်မှ တိကျစွားလိုက်နာ ဆောင်ရွက်ခြင်း ရှိမရှိ စီစစ်လိုပါသည်။ ယခု လိုင်ဇာ မြို့ပေါ်သို့ ပစ်ခတ်လိုက်သော အချိန်သည် နံနက် ၇ နာရီ၃၀ တွင် ဖြစ်ပါသောကြောင့် ပြည်သူ့ လွှတ်တော်ကြီး၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ရာ ရောက်ပါကြောင်း သတင်းပေးပို့ပါသည်။
ယခုနံနက်တွင် KIA တပ်ဖွဲ့ဝင်များ တပ်ပြန်စုနေသော ကာမိုင်းဒေသ ဖားကန့်နယ်မြေအနီးတွင် စစ်တပ်မှ မြေပြင်တပ်များ လိုက်လံပစ်ခတ်နေကြောင်း အထောက်ထားများ ရှိပါသည်။
ယနေ့ နံနက် ရ နာရီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖွင့်လှစ်ထားသော ဖေ့ဘွတ်စာမျုက်နှာ တွင် KIAတပ်ဖွဲ့ဝင်များမှ ရဲစခန်းတခုအား လာရောက်တိုက်ခိုက်သည်မှာ လုံးဝ သတင်းအမှားယွင်းဖြစ်ပါကြောင်း တင်ပြလိုပါသည်။

သတင်း မှန်ကန်စွာ သိလိုပါက လိုင်ဇာတွင် ရောက်ရှိနေသော RFA နှင့် ပတ်သက်သော သတင်းထောက်များကို ဆက်သွယ်မေးမြန်နိုင်ပါသည်။
သတင်းအရင်းမြစ် (လိုင်ဇာ)
ဂိုလ်ရှယ်လေး