Tuesday, January 22, 2013

တိုင်းရင်းသား အရပ်သားများရဲ့ လူနေမှုဘ၀များကို ဖျက်စီးပေးခြင်းဖြင့် တိုင်းရင်းသားများကို ဗမာလူထုရဲ့ အောက်ရောက်သွားအောင် တွန်းထုတ်နေခြင်း

KIO/KIA အနေနဲ့ UNFC ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမယ် လို့ ၂၀၁၁ ကတည်းက ကြေငြာထားပြီး သား ဖြစ်တယ်။

UNFC ဆိုတာ ဖက်ဒရယ်မူ အတွက် ရပ်တည်နေတဲ့ တိုင်းရင်းသား ပေါင်းစုံ အဖွဲ့ဖြစ်တယ်။ (ခွဲထွက်ရေး မဟုတ်။)

ဦးအောင်မင်းကလဲ UNFC ရဲ့ ရပ်တည်ချက်ကို လက်ခံတယ်။ ဆက်ပြီး နိုင်ငံရေး စကားပြောမယ် လို့ ပြောထားတယ်။

ဒါဆို....

အစိုးရ အနေနဲ့ ဘာဖြစ်လို့ ကေအိုင်အေ ကို ဆက်တိုက်နေတာလဲ?

(၁) ကချင်ဟာ မြန်မာ မဟုတ်လို့ တိုက်နေခြင်းသာ ဖြစ်ပါလိမ့်မယ်။

(၂) ဖက်ဒရယ် ကို ငြင်းပယ်ခြင်းဖြစ်ပါတယ်။

(၃) တဖွဲ့ခြင်း ခွဲတိုက်ဖို့ UNFC ကို အချိုသပ်ထားတာ ဖြစ်ပါတယ်။

(၄) အစိုးရ အနေနဲ့ တကယ်တမ်း တနိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးလိုချင်တယ် ဆိုရင် တဖွဲ့ခြင်း အပစ်ရပ် လက်မှတ်ထိုးစရာမလို UNFC နဲ့ ဆွေးနွေးလိုက်ရင် အားလုံး ပြီးသွားမယ်။ သို့သော် ဒီလို အဖြစ်မခံတာ သိသာစေတယ်။

(၅) တိုင်းရင်းသား အရပ်သားများရဲ့ လူနေမှုဘ၀များကို ဖျက်စီးပေးခြင်းဖြင့် တိုင်းရင်းသားများကို ဗမာလူထုရဲ့ အောက်ရောက်သွားအောင် တွန်းထုတ်နေခြင်း ဖြစ်ပါတယ်။