Saturday, November 8, 2014

ကရင်ပြည်နယ်တွင်း စစ်ပွဲတွေမှာ တပ်မ၆၆ က စစ်ရာ ဇ၀တ်တွေ ကျူးလွန်ခဲ့ကြာင်း ဟားဗတ် လောစကူးလ် က စွပ်စွဲ


=====================================
7 November 2014
BBC Burmese
ဟားဗတ် လောစကူးလ် ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်က ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ မြန်မာ စစ်တပ် ဟာ စစ်ရာဇဝတ်မှု နဲ့ လူမဆန်တဲ့ ရာဇဝတ်မှု တွေ ကျုးလွန်ခဲ့တယ် လို့ စွပ်စွဲ ထားပါတယ်။
သူတို့ တွေ့ရှိချက် အရ စစ်ရာဇဝတ်မှု War Crimes နဲ့ လူမဆန်တဲ့ ရာဇဝတ်မှု Crime against Humanity ကို ကျုးလွန်တဲ့ အမှုတွေ အတွက် အဓိက တာဝန်ရှိသူ တွေဟာ လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချူပ်ကြီးကိုကို၊ မြန်မာ့ တပ်မတော် အထူး စစ်ဆင်ရေး အဖွဲ့မှူး ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦးနဲ့ နေပြည်တော်တိုင်း စစ်ဌာနချူပ် တိုင်းမှူး ဒုတိယ ဗိုလ်ချူပ်ကြီး မောင်မောင်အေး တို့ ဖြစ်ပါတယ်။
အဲဒီ အစီရင် ခံစာအရ ၂၀ဝ၅ ခုနှစ် ကနေ ၂၀ဝ၈ ခု အထိ ကရင်ပြည်နယ် ထဲမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကို အဓိက ရည်ညွှန်း ပါတယ်။
အဆိုပါ စစ်အရာရှိကြီး ၃ ယောက်ဟာ ခြေမြန်တပ်မ ၆၆ ကိုတာဝန်ယူပြီး ကရင်ပြည်နယ်မှာ ကေအန်ယူနဲ့ စစ်တိုက်ခဲ့စဉ် ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့တာ လို့ အစီရင် ခံစာမှာ ဖော်ပြ ထားပါတယ်။
ဖြစ်စဉ်တစ်ခုမှာ ဆိုရင် ကရင်ပြည်နယ် သံတောင်မြို့ ဟီးဒေါ်ကာ ရွာထဲကို မော်တာတွေ နဲ့ ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။ ရွာထဲက ထွက်ပြေးလာ တဲ့ ရွာသားတွေ ကိုလည်း သေနတ်နဲ့ ပစ်ခတ် ခဲ့ပြီး၊ ဖမ်းမိတဲ့ ရွာသား တွေကို သတ်ဖြတ် ခဲ့တယ်လို့ ဆိုပါတယ်။ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ရာမှာ အနည်းဆုံး အိမ်အလုံး ၃၀ မီးလောင် ခဲ့တယ်လို့ အစီရင်ခံစာ မှာ ရေးသား ထားပါတယ်။
ဒီလို ဆောင်ရွက်ချက် တွေဟာ စစ်ရာဇဝတ်မှု နဲ့ လူမဆန် တဲ့ ရာဇဝတ်မှု မြောက်ကြောင်း ပြောဆိုပြီး အဲဒီ ဆောင်ရွက်မှုတွေ အတွက် လူသက်သေ နဲ့ တခြား ခိုင်လုံတဲ့ သက်သေ အထောက်အထား တွေ သူတို့ ဆီမှာ ရှိတယ် လို့ ဆိုပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချူပ် ကျော်ညွန့် ကတော့ အဲဒီ့ အစီရင်ခံစာ ဟာ မှားနေတယ်၊ ရယူထားတဲ့ သတင်း အရင်းအမြစ်ဟာ လည်း တဘက်တည်း ကနေသာ ရယူ ထားတာ တွေ ဖြစ်နေတယ် လို့ နယူးယောက်တိုမ်းစ် သတင်းစာကို ပြောထားပါတယ်။