Tuesday, November 4, 2014

ပထမဦးဆုံး မြန်မာ ပုံနှိပ်စာလုံး တီထွင်ပြုလုပ်ပေးသူ နှင့် မြန်မာ ပြည် ကက်သလစ် သမိုင်း တစေ့တစောင်း


===
ဆရာတော်ကြီး (Percoto) ပဲရ်ကော့တိုး။
ထိုနောက်လေးနှစ်အတောအတွင်းမှာ မြန်မာပြည်၌ ရဟန်းဘုန်းတော်ကြီးတစ်ပါးမျှမရှိ။ သက္ကရာဇ် (၁၇၆၀)ခုနှစ် နောင်တော်ကြီး လက်ထက်ကျမှဘုန်းတော်ကြီး Fr, Donati) ဖါသာရ် ဒေါ်နားတီနှင့် ဆရာတော်ကြီး ဂါလီးဆီအား၏တူ၊ ဘုန်းတော်ကြီး (Fr, Gallizia) ဖါသာရ် ဂါလီဇီအားတို့နှစ်ပါးကြွ
ရောက်လာကြလေသည်။ သို့သော် ဘုန်းတော်ကြီး ဖါသာရ် ဒေါ်နားတီမှာ လအနည်းငယ်ကြာ
သောအခါ အင်းဝ၌ပျံလွန်တော်မူလေသည်။ ဖါသာရ် ဒေါ်နားတီပြန်လွန်တော်မူပြီးနောက် ဖါသာရ် ဂါလီဇီအားသည် အင်းဝသို့ရောက်ရာ၊ နောင်တော်ကြီးမင်းသည် သူ့အားကောင်းမွန်စွာလက်ခံ၍၊
နေပြည်တော်တွင် တရားဒေသနာတော်ဟောပြောခွင့်ကိုပါပေးလေသည်။ အထက်ဖေါ်ပြပါ ဘုရင် ဂျီ ရွာများမှာ နှစ်ပေါင်းအတော်ကြာအောင်ရဟန်းဘုန်းတော်ကြီးများနှင့်ကင်းကွာနေရသဖြင့်၊ အချို့
တို့သည် ဘာသာပျက်အဖြစ်သို့ရောက်ကြလေသည်။ ဘုန်းတော်ကြီး ဂါလီဇီအားသည် ထိုသူတို့
ပြန်လာ၍ ဘာသာတရားအတိုင်းကျင့်ဆောင်ကြရန် မိမိကျန်းမာရေးကိုအမှုမထားဘဲမနား မနေကြိုးစားဆောင်ရွက်သဖြင့်၊ မြန်မာပြည်ရောက်ပြီးသုံးနှစ်ကြာလျှင်၊မင်းနေပြည်တော် ရွှေဘိုမြို့တွင်ပျံလွန်တော်မူလေသည်။ ဤဘုန်းတော်ကြီးပျံလွန်တော်မမူမီ လအနည်းငယ်လောက်မှာ
မြန်မာပြည် သာသနာပြုဘုန်းတော်ကြီးများ၏ အကြီးအကဲအဖြစ်ခန့်ထားခြင်းခံရသော ဖါသာရ် ပဲရ်ကော့တိုးနှင့် (Fr, Avenati) ဖါသာရ် အာဗေနာတီတို့ရောက်လာကြလေသည်။ သို့သော် ဖါသာရ် ဂါလီဇီအား ပျံလွန်တော်မူ၍ နှစ်လမျှကြာသောအခါ၊ ဖါသာရ် အာဗေနာတီ ပျံလွန်တော် မူပြန်သဖြင့်၊ ဖါသာရ် ပဲရ်ကော့တိုးတစ်ပါးသာကျန်ရှိတော့လေသည်။ ထိုမျှလောက်ဝမ်းနည်းဖွယ်တွေ့ကြုံရသော်လည်း ဖါသာရ် ပဲရ်ကော့တိုးသည် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ၊ ရဲရင့်ခိုင်မာသောစိတ်စွဲနှင့်သူ၏ဠာနချုပ် ကို ချောင်းဦးမှ မုံလှရွာသို့ ရွှေ့ပြောင်း၍၊ သာသနာပြုလုပ်ငန်းကို ကျွေးမွေးပြုစုကာ၊ စာပေသင် ကြားပေးလေသည်။ အသက်အရွယ်ကြီးသော ကျောင်းသား ကလေးများနှင့်မူကား ပတ်ဝန်းကျင် ရှိသာသနာရွာများကိုလှည့်လည်ကြည့်ရှုလေသည်။ သူရေးသားထားခဲ့သော မှတ်ချက်တွင် ထိုအ ချိန်အခါက ဘုရင်ဂျီရွာပေါင်း(၁၃)ရွာရှိ၍၊ ထိုရွာများမှ စေတနာထက်သန်သူတို့၏ အကူအညီဖြင့် ဘုရားရှိခိုးကျောင်း(၈)ကျောင်းနှင့် ဘုန်းတော်ကြီးနေကျောင်းများကိုဆောက်လုပ်ခဲ့ကြောင်းဖော်ပြ ထားလေသည်။
ဘုန်းတော်ကြီး ဖါသာရ် ပဲရ်ကော့တိုးသည်မြန်မာစာကိုကောင်းစွာကျွမ်းကျင်တတ်မြောက်သည့် အပြင်၊ ပါဠိဘာသာကိုလည်းတတ်ကျွမ်းသဖြင့်၊ ဗုဒ္ဓဘာသာအကြောင်းကိုလည်းကောင်းစွာနား လည်၍ ခက်ရာခက်ဆစ်များကိုလည်းကောင်းစွာဖြေရှင်းနိုင်လေသည်။ ထိုမျှမက၊ ဘုရားစကား
စာအုပ်၊ မေတ္တာစာအုပ်၊ တစ်နှစ်ပတ်လုံး တနင်္ဂနွေနေ့တိုင်းဖတ်ရသောဆုံးမသြဝါဒများ၊ ဧဝံဂေလိ ကျမ်းစာအုပ်များ၊ တိုဘိယ အတ္ထုပ္ပတ္တိ၊ သံမာတေဦးကျမ်း၊ သံပေါလူ၏ဆုံးမသြဝါဒကျမ်းများနှင့် အခြားများစွာသောစာအုပ်များကိုရေးသားထားခဲ့လေသည်။ ၎င်းဘုန်းတော်ကြီးသည် (၅)နှစ်တိုင် တိုင် တစ်ပါးတည်းများစွာဝေးကွာသော သာသနာရွာများသို့လှည့်လည်ကြည့်ရှုရင်း သာသနာပြု လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့လေသည်။ သက္ကရာဇ်(၁၇၆၇)ခုနှစ်တိုင်ရောက်မှ သာသနာ
ပြုဘုန်းတော်ကြီးအသစ်လေးပါးရောက်ရှိလာလေ သည်။ ထိုအချိန်မှာပင် သူ့ကိုဆရာတော်အဖြစ် တင်မြှေက်ကြောင်း အမိန့်စာချွန်တော်ကိုလည်းရရှိလေသည်။ နောက်နှစ်များမ ကြာမှီအတွင်း ဆင်ဖြူ့ရှင်မင်းတရားအယုဒ္ဓယမြို့ကိုတိုက်ခိုက်အောင်မြင်စဉ်က၊ ဖမ်းဆီးခေါ်ဆောင်လာသော ဆရာတော်ကြီး (Brigot) ဘရိဂေါ့တ် ဖါသာရ် ပဲရ်ကော့တိုးအား ရန်ကုန်မြို့တွင်ဆရာတော်သိက္ခာ ကိုပေးလေသည်။ ရောက်ရှိလာသော ဘုန်းတော် ကြီးအသစ် လေးပါးအနက်(Fr, Gerard Cortonovio) ဖါသာရ် ဂျေရာရ်ဒ် ကောရ်တိုနော်ဗိစ်နှင့် (Fr, Carpani) ဖါသာရ် ကာရ်ပါနီ နှစ်ပါးတို့ မှာ ရန်ကုန်နေရစ်ပြီး Fr, Re) ဖါသာရ် ရေးနှင့်(Fr, Miconi( ဖါသာရ် မိကောနီ နှစ်ပါးတို့သည်ကား၊ အင်းဝသို့သွား၍ သာသ နာပြုလုပ်ငန်းများကိုလုပ်ကိုင်ကြရာ၊ ထိုအချိန်မှစ၍တိုးတက်အောင်မြင် လာလေသည်။ သို့သော်ထိုသို့ တိုးတက်အောင်မြင်ခြင်းကို မရှုစိမ့်သော ပေါ်တူဂီအချို့တို့သည် ဘုန်းတော်ကြီးအသစ်များအားညှင်းပန်းကြလေသည်။ ပေါ်တူဂီတို့၏ အထူးမုန်းထားခြင်းခံရသော ဖါသာရ် ကာရ်ပါနီမှာ၊ အဆိပ်ခပ်၍သေကြောင်းကြံစည်ခြင်းမှတစ်ကြိမ်၊ ဒါးလက်နက်ဖြင့်လုပ်ကြံ
ခြင်းမှတစ်ကြိမ်၊ အံ့သြဖွယ်စွာ လွတ်မြောက်ခဲ့လေသည်။ ထိုအဖြစ်အပျက်အကြောင်းအရာနှင့် အခြားအကြောင်းကိစ္စများကြောင့်၊ ဆရာတော်ကြီးသည် အဖြစ်အပျက်အလုံးစုံကို သာသနာဠာန ချုပ်သို့ အစီရင်ခံရန်နှင့် မြန်မာဘာသာဖြင့်သူရေးသားထားသော ဘုရားစကားစာအုပ်ကိုပုံနှိပ်ရန်၊ ဖါသာရ် ကာရ်ပါနီအား သက္ကရာဇ်(၁၇၇၄)ခုနှစ်တွင် ရော်မားသို့စေလွှတ်လိုက်လေသည်။
၎င်းဘုန်းတော်ကြီးသည် မြန်မာအက္ခရာ စာလုံးများကို သွန်းလုပ်၍ပုံနှိပ်ယူဆောင်ခဲ့လေသည်။ ထိုအချိန်စ၍ ပထမဦးစွာမြန်မာစာပုံနှိပ်စာအုပ် စတင်ပေါ်ထွက်လာလေသည်။ ဆရာတော်ကြီး ပဲရ်ကော့တိုးမှာ လမ်းပန်းဆက်သွယ်သွားလာရေးအလွန်ခက်ခဲသောအခါဖြစ်၍၊ သာသနာအုပ်စု အရပ်ရပ်တို့သို့ လှည့်လည်သွားလာရာ၌ ဒုက္ခများစွာတွေ့ကြုံရလေသည်။ မုန်လှရွာတွင် ဗုဒ္ဓဘာ သာဘုန်းကြီးကျောင်းအနီး၌ ဓမ္မဆရာသင်တန်းကျောင်းနှင့် ဖြစ်နိုင်လျှင် ရဟန်းဖြစ်သင်ကျောင်းပြု လုပ်ရန် ရည်မှန်းဆောက်လုပ်ထားသော၊ ပထမဦးကျောင်းမှာ မီးရှို့ဖျက်ဆီးခြင်း ခံရသဖြင့်၊ နောက်
နှစ်အနည်းငယ်ကြာသောအခါမှ အခြားနေရာသို့ ရွှေ့ပြောင်းဆောက်လုပ်ရလေသည်။ သက္ကရာဇ်(၁၇၆၆)ခုနှစ်တွင် ဆရာတော်ကြီးသည် မိမိသာသနာအုပ်စုများကို နောက်ဆုံးလှည့် လည် ကြည့်ရှုပြီးနောက်၊ မြန်မာပြည်သို့ရောက်သည်မှာ(၁၈) နှစ်ပြည့်သောနှစ်၊ ဒီဇင်ဘာလတွင် အင်းဝင်မြို့၌ပျံလွန်တော်မူ၍၊ ထိုမြို့မှာပင် မြှုပ်နှံသဂြိုလ်ခြင်းခံရလေသည်။ ဤဆရာတော်ကြီး ပဲရ်ကော့တိုးကို အသင်းတော်က တနေ့သ၌ ရဟန္တာအဖြစ်တင်မြှောက်လိမ့်မည်ဟုမျှော်လင့်ဖွယ် ရှိလေသည်။
By Facebook/

Luksing Kzong