Thursday, November 13, 2014

အိုဘားမား အမေရိကန်ရေတပ်သင်္ဘောကို မြန်မာပြည် ခေါ်လာ

သတင်းတို

ဧရာဝတီ
၂၀၁၄ နိုဝင်ဘာ ၁၂
ယနေ့ နေပြည်တော်သို့ ရောက်ရှိမည့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ လုံခြုံရေးအတွက် အမေရိကန်တိုက်သင်္ဘော USS Peleliu သည် မြန်မာပြည် အနောက်ဖက် ရခိုင်ကမ်းလွန်ပင်လယ်အတွင်း ရောက်ရှိနေကြောင်း မြန်မာ့တပ်မတော် (ရေ) ၏ ဖေ့ဘွတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ အဆိုပါတိုက်သင်္ဘောသည် တနင်္လာနေ့ကတည်းက မြန်မာ့ရေပိုင်နက်အတွင်း ဆိုက်ရောက်လာခဲ့သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ် အိုဘားမား၏ ပထမအကြိမ် မြန်မာပြည်ခရီးစဉ်အတွင်းကလည်း မုတ္တမပင်လယ်ကွေ့အတွင်း USS Bonhomme Richard သင်္ဘော လိုက်ပါစောင့်ရှောက်ခဲ့ဖူးကြောင်း မြန်မာ့တပ်မတော် (ရေ) ထုတ်ပြန်ချက်အရ သိရသည်။