===========================================
ဦးအောင်သောင်းကို အမည်မည်း စာရင်းသွင်း
=============================
Announcement of Treasury Sanctions Against Aung Thaung
10/31/2014
WASHINGTON – The U.S. Department of the Treasury today designated Aung Thaung, a senior official of the Burmese Government, pursuant to Executive Order (E.O.) 13448. This action specifically designates an individual, Aung Thaung, and does not designate any Burmese government entity. As the United States continues to support and monitor Burma’s reforms, including democratic reform and the national peace process, we remain concerned that certain individuals have been working to counter these efforts.
E.O. 13448 authorizes the Secretary of the Treasury, in consultation with the Secretary of State, to designate, among others, senior officials of the Government of Burma, those who have participated in human rights abuses related to political repression in Burma, and those who have engaged in activities facilitating public corruption.
“By intentionally undermining the positive political and economic transition in Burma, Aung Thaung is perpetuating violence, oppression, and corruption,” said Adam J. Szubin, the Director of the Office of Foreign Assets Control. “The United States firmly supports the Burmese Government’s progress on reforms, and we remain vigilant about targeting those whose activities facilitate repression and dictatorship.”
Aung Thaung is actively attempting to undermine recent economic and political reforms in Burma and has been implicated in previous attacks on Burma’s democratic opposition. Today’s action will freeze any assets held by Aung Thaung that are within the United States or the possession or control of U.S. persons, and generally prohibits U.S. persons from transacting or doing business with him.
မြန်မာနိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအတွင်း သြဇာ ကတ္တိမကြီးမားသူ တယောက်ဖြစ်သလို လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန် အစိုးရရဲ့ အရေးယူပိတ်ဆို့မှုချမှတ်ခံရသူ အမည်မည်းစာရင်း (Blacklist)မှာ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက သောကြာနေ့မှာ ကြေညာ လိုက်ပါတယ်။
ဦးအောင်သောင်းဟာ မြန်မာနိုင်ငံမှာ မကြာသေးခင်ကစတင် လုပ်ဆောင်လာတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အားနည်း သွားအောင် အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသလို သူဟာ အတိုက်အခံ ဒီိမိုကရေစီ အင်အားစုတွေကို နှိမ်နှင်းရာမှာ ပါဝင် ပတ်သက်ခဲ့သူ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံမှု ပေးနေသလို အစဉ်တစိုက်လေ့လာ စောင့်ကြည့်လျှက်ရှိကြောင်းနဲ့ ဦးအောင်သောင်းဟာ ဒီဖြစ်စဉ်တွေကို ဆန့်ကျင်ဖို့ ကြိုးပမ်းနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
အရေးယူပိတ်ဆို့မှု အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဦးအောင်သောင်း ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ် လိုက်ပြီး အမေရိကန်နိုင်ငံ သားတွေ အနေနဲ့ သူနဲ့အကျိုးတူ စီးပွားရေး လုပ်ခွင့်မရှိတော့ပါဘူး။
အခုချမှတ်တဲ့ အရေးယူပိတ်ဆို့မှဟာ ဦးအောင်သောင်း တဦးတည်းနဲ့သာ သက်ဆိုင်ပြီး၊ တခြားအစိုးရအဖွဲ့အစည်းတွေ၊ သူနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ အမေရိကန်အစိုးရရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်သောင်းဟာ အရင်စစ်အစိုးရ လက်ထက်က စက်မှုဝန်ကြီး တာဝန်ယူခဲ့ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ အယူအစွဲပြင်းထန်တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ နီးစပ်သူတဦးအဖြစ် လူသိများပါတယ်။(VOA)