Tuesday, February 5, 2013

Rawt Malan Nhtoi - Revolution Day of Kachin ကချင်လူမျိုးများရဲ့ တော်လှန်ရေးနေ့

February 5 - ဒီနေ့...


ကချင်တွေအတွက်က ဗိုလ်ချုပ်အောင်ဆန်းဟာ အားလုံးကို စည်းရုံးနိုင်ခဲ့တဲ့ အမျိုးသား ခေါင်းဆောင် ဖြစ်တယ်။ သူ့ကို ယုံကြည်ပြီး ပင်လုံကို လက်မှတ်ထိုးခဲ့မိလို့၊ အဲဒီပင်လုံကို ဆက်လက်ကာကွယ်ခဲ့မိလို့ ကချင်တမျိုးသားလုံးကို ဒုက္ခရောက်ရတာဖြစ်တယ်။ ဗိုလ်ချုပ်ကို အသေစောတဲ့အတွက် ဒေါသဖြစ်ကြပါတယ်။ သေချာတာက သူ့လူတွေက သူနဲ့ မတူတာဘဲ။

ပြည်ထောင်စု ဆိုတာ ပင်လုံစာချုပ်ကို တိုင်းရင်းသားများ ၀ိုင်းပြီး လက်မှတ်ထိုးလိုက်တဲ့ အချိန်တုန်းက မှ ပေါ်ပေါက်လာတာပါ။ တိုင်းရင်းသားများဟာ Union ရဲ့ Co Founders များ ဖြစ်တယ်။ attachments များ မဟုတ်ပါဘူး။ Second Class Citizens များ မဟုတ်ပါဘူး။ Equal rights and equal opportunity များ ထိုက်တန်သူများ ဖြစ်ကြပါတယ်။ Rights ဆိုတဲ့ ရပိုင်ခွင့်ဟာ လက်ဆောင် မဟုတ်ပါဘူး။

တရားမျှတမှု မရှိသရွေ့ တော်လှန်ရေး ဆိုတာ ရှိမှာဘဲ၊ ကချင်တဖွဲ့ထဲ တော်လှန်ခဲ့တာ မဟုတ်ဘဲ တိုင်းရင်းသားတိုင်းနီးပါး တော်လှန်ခဲ့ပြီး တဖွဲ့ နဲ့ တဖွဲ့ကို မတူညီသောနည်းနဲ့ နာလံမထူနိုင်အောင် ကွပ်မျက်ခဲ့တာချည်းဘဲ။ လက်နက်ကိုင် တော်လှန်ရေး မဟုတ်လည်း အခြားနည်းနဲ့ တော်လှန်ရေး မျိုးစုံ ရှိနေအုံးမှာဘဲ။
မတရားမှု ရှိနေသမျှ တော်လှန်ရေးရှိနေမှာ ဖြစ်ပါတယ်။

Revolution Day ဟာ သင်ခန်းစာယူစရာနေ့တနေ့ ဖြစ်ပါတယ်။
မတရားမှုများကို ဆက်လက်တော်လှန်ဖို့ ခွန်အားယူစရာနေ့ ဖြစ်တယ်။

ဒီနေ့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ဟာ ကချင်လူမျိုးများရဲ့ Rawt Malan Nhtoi ဖြစ်ပါတယ်။

တရားမျှတ ငြိမ်းချမ်းမှု ထာဝရ
Justice Guarantees Lasting Peace.
Photo Majoi shingra Wunpawng ningpawt rai nga Ginru ginsa wunpawng mung majing rai nga Jiwoi ni ... a wunli Manu dan sut hpring tsup ai... Anhte mung Anhte ga Anhte tsaw Anhte ra N htum n mat hkra makawp Mungkan htum dingsa tut grin nga lu na...
By: Khon Ja