Wednesday, February 6, 2013

တပ်မတော်က KIA စစ်ဆင်ရေး စီမံချက်နဲ့ ငြိမ်းချမ်းရေး ကော်မတီက ဆွေးနွေးပွဲများ တပြိုင်နက် ဆောင်ရွက်လျှက်ရှိ

တပ်မတော်မှ ကစထမှူး/ တိုင်းမှူး/ တပ်မမှူးများ တက်ရောက်ကြတဲ့ ကက(ကြည်း) လေးလပတ် အစည်းအဝေးမှာ တပ်မတော်နဲ့ KIA တိုက်ပွဲများအပေါ် ခြုံငုံသုံးသပ် ခဲ့ကြ သလို KIA အား စစ်ဆင်ရေး စီမံချက်နဲ့ စပ်လျဉ်းပြီး သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း လည်း စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်း ရရှိပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ လေးလပတ် အစည်းအဝေးမှာ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက KIA နဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စပ်လျဉ်းပြီး သုံးသပ်ချက် အစီရင်ခံစာ တင်ပြခဲ့တယ် လို့ ဆိုပါတယ်။ တိုင်းမှူး/ တပ်မမှူး အချို့က မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်ရေး ရှိဖို့ရန် စစ်ရေး မဟာဗျူဟာအရ KIA ရဲ့ အဓိက အခြေပြုရာ လိုင်ဇာအား သိမ်းပိုက်ဖို့ မလွှဲမသွေ လိုအပ်တယ်လို့ တင်ပြကြပါတယ်။
Read more+++click on link