Monday, February 4, 2013

KIA, နှင့် မြန်မာအစိုးရကိုယ်စားလှယ် တို့ တရုတ်ပြည်ရွှေလီမှာ ဆွေးနွေးနေ


---------------------------------------------------------------------------------
ကေအိုင်အို ကချင်အဖွဲ့ နဲ့ မြန်မာ အစိုးရတို့ ဒီကနေ့ တရုပ်နယ်စပ် ရွေလီမြို့ မှာ အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင့် ကေအိုင်အေနဲ့ အစိုးရ တာဝန်ရှိတွေက ပြောပါတယ်။ နှစ်ဘက် တိုက်ပွဲတွေ လနဲ့ ချီ ဖြစ်ပွားအပြီး အခုအခါ တရုပ်အစိုးရရဲ့ ကမကထ လုပ်မှုနဲ့ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲပါ။ ဒီပွဲမှာ ကေအိုင်အို ဗဟို ဦးဆောင် ကော်မတီဝင် ဦးဆွမ်လွတ်ဂမ်ဦးဆောင်ပြီး ဗိုလ်ချုပ်ဂွမ်မော်နဲ့ တခြား တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးအဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်ပြီး မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်နဲ့ အကျိုးတော်ဆောင် ဦးလှမောင်ရွေတို့ လဲ ပါဝင်ပါတယ်။ ထူးခြားတာက ကြားခံလူတွေအဖြစ် တိုင်းရင်းသားခေါင်းဆောင် ကေအင်န်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး။ ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းနဲ့ ရှမ်းအဖွဲ့ ဖြစ်တဲ့ RCSS ခေါင်းဆောင်တချို့ လဲ ဆွေးနွေးပွဲအတွင်း ပါဝင်ပါတယ်။ ဒါပေမယ့် ဘာတွေ ဆွေးနွေးကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ စုံစမ်းဆဲ ဖြစ်ပါတယ်။