Monday, February 4, 2013

ကေအိုင်အို ကချင်အဖွဲ့ နဲ့ အစိုးရတို့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီကျော်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၊ရွေလီမြို့ မှာ တွေ့ ဆုံဆွေးနွေးခဲပြီး ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ကြပါ တယ်။

By FB shared DVB TV News's 
ကေအိုင်အို ကချင်အဖွဲ့ နဲ့ အစိုးရတို့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီကျော်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၊ရွေလီမြို့ မှာ တွေ့ ဆုံဆွေးနွေးခဲပြီး ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ကြပါ တယ်။ ဒီကြေညာချက်မှာ နှစ်ဖက်စစ်ရေး တင်းမာမှုများ လျော့ချရေး၊ နှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရေး နဲ့ နောက်တကြိမ် ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ မကုန်ခင် ဆက် ပြုလုပ်နိုင်ရေးတို့ သဘောတူခဲ့ကြကြောင်း ပါရှိပါတယ်။

ဒီနေ့ တရက်ထဲပဲ ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မင်း၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်တို့ ဦးဆောင်ခဲ့ပါတယ်။ ကေအိုင်အိုဘက်ကတော့ ဗဟို ဦးဆောင် ကော်မတီဝင် ဦးဆွမ်လွတ်ဂမ်ဦးဆောင်ပြီး ဗိုလ်ချုပ်ဂွမ်မော် နဲ့ တခြား တာဝန်ရှိသူတွေ တက် ရောက်ခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူ တဦးက ပြောပါတယ်။ 

ဒီပွဲမှာ ဦးလှမောင်ရွေ အပါဝင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေလဲ ပါဝင်သလို  ထူးခြားတာကတော့ ဒီပွဲကို တရုတ်အစိုးရ ကိုယ်စားလှယ် အဖြစ် တရုပ်သံအမတ်ကြီး Luo Zhao Uhiလဲ သက်သေအဖြစ် တက်ရောက်ခဲ့တာပါ။ တခြား ကြားခံ သက်သေတွေအဖြစ် ကေအင်န်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး၊ ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က ဗိုလ်မှူးချုပ်စိုင်းလူနဲ့ အဖွဲ တွေ၊ ဦးဟန်ညောင်ဝေ ဦးဗစ်တာဗြတ်လျန်လို့ လဲ သက်သေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

Photo courtesy of Waiyan Moe Thone Thann