Monday, February 11, 2013

ဖားကန့်ကျောက်စိမ်းတွင်းတွေမှာ မြန်မာ့တပ်မတော်လူဖမ်းပွဲများစတင်

Duwa Kachin's photo.
ဖားကန့်ကျောက်စိမ်းတွင်းတွေမှာ မြန်မာ့တပ်မတော်လူဖမ်းပွဲများစတင် 
******************************************
ယနေ့ နေ့လည်ပိုင်းမှာ ဆွတ်အောင် ၊ကရင်ချောင်မှော်တွေမှာ ကျောက်စိမ်းတူးတဲ့ ကျင်းသားတွေကို တစ်နေကုန် ဘယ်မှမသွားခိုင်းပဲ ဖမ်းဆီးထားတယ်ဗျာ ။နောက်တော့ပြောတယ်ဗျ မင်းတို့နောက်ကျောက်စိမ်းမတူးဘို့ပြောပြီးပြန်လွှတ်လိုက်ပါတယ်။မြန်မာ့တပ်မတော်ဟာ ဒီနေ့အချိန်ထိ ပြည်သူကို အနိုင်ကျင့်နေတယ်လို့ခံစားရတယ်ဗျာ ။ဒေသခံပြည်သူတွေသံဒိုင်ကိုင်ပြီးတစ်နှစ်လုံးတူးလို့ ကျောက်စိမ်းတောင်တစ်တောင်မကုန်ပါဘူး။
ကျောက်စိမ်းကုမ္မဏီက ဘက်ဟိုးတစ်ကုတ်ဟာ ကျင်းသားတစ်ယောက်တစ်နှစ်စာနဲ့ ညီမျှပါတယ် ။ဒေသခံတွေ တူးလို့ ဆယ်သက်မကုန်ပါဘူး ။ဒေသခံတွေ စားဝတ်နေရေး မြန်မာ့တပ်မတော်က ဘယ်လိုများဖြေရှင်းပေးမှာပါလဲလို့ မေးခွန်းထုတ်ချင်ပါတယ် ။

ဒေသခံတွေဟာ ကျောက်စိမ်းကုမ္မဏီတွေတူးတော့လဲ အလေအလွင့်လိုက်ကောက်ရတယ် ။ခွေးယက်သလို လက်ကျင်းလေးတူးစားတော့လဲ ပိတ်တယ် ။ လုပ်စားတော့မိုးခေါင် ၊ခိုးစားတော့ ခွေးဟောင်ဆိုတဲ့ စကားပုံလိုဖြစ်နေပါပြီ ။

မြန်မာ့တပ်မတော်က ကချင်ပြည်နယ်ကိုလာတာဟာ ဒေသခံပြည်သူတွေရဲ့အသက်အိုးအိမ်ကိုစောင့်ရှောက်ဖို့လာတယ်လို့ထင်ပါတယ် ။ အခုလုပ်ရပ်ကတော့ ဦးတည်ချက်တွေ တော်တော်လွဲနေတယ်လို့ ယူဆမိပါတယ်။ဒေသခံတွေဟာ တောဘက်ကြောက်ရ ၊မြို့ ဘက်ကြောက်ရနဲ့ ခေါင်းပူအောင်မအိပ်ရတဲ့ နေ့တွေလဲ မနည်းတော့ပါဘူး။

ဆိုင်ရာ စစ်ဗိုလ်ချုပ်ကြီးများကို အကြံပေးချင်ပါတယ် ။မျက်နှာများ ဟင်းဘတ်ပါတဲ့ခေတ်တွေ ဖြတ်ကျော်ဘို့ အချိန်တန်ပြီထင်ပါတယ် ။

ဇော်မိုးထက်