Monday, February 11, 2013

စိတ်ကူးကြည့်တာပါ၊

Lu Cifer
ကချင်ပြည်နယ်အရေး ခိုင်မြဲတဲ့ငြိမ်းချမ်းရေးမှတ်တိုင် မစိုက်ထူနိုင်သေးခင် ရခိုင်ပြည်နယ်မှာ ဘင်္ဂလီအရေးပြန်ပြီး လှုပ်ခတ်လာပြန်ပါတယ်၊
ရခိုင်ပြည်နယ်အရေးရော ကချင်ပြည်နယ်အရေးပါ ကျနော်တို့မြန်မာတိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့ကိစ္စတွေပါ၊

ကိစ္စနှစ်ခုစလုံးမှာ မြန်မာပြည်မြေပုံရဲ့ စလွယ်သိုင်း ထောင့်တန်းကျတဲ့ ဧရိယာဖြစ်နေတာတွေ့ရပြန်ပါတယ်၊
ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်ပြည်မကို ဓါတ်ငွေ့ပို့ပေးမဲ့ ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွယ်ယူ ရမဲ့ အဓိကနေရာတွေပါ၊

မြေလတ်ပိုင်းနယ်မြေတွေကတော့ ငြိမ်းချမ်းတည်ငြိမ်တဲ့ နေရာတွေဖြစ်လို့
ပြဿနာနဲပါတယ်၊
ကျုပ်ကတော့ လက်ရှိစစ်အစိုးရနေရာက စဉ်းစားပါတယ်၊
ရခိုင်ပြည်မှာ နဲနဲဆူပူအောင် လုံခြုံရေးလျော့ထား အတွင်းလူတွေနဲ့ ဇာတ်လမ်းဖန်တီး၊

ပြီးတော့ ကိုယ့်လူသူ့ဖက်သား(ယောက်ဖ ကြက်ဥတိုက်ခိုင်းတဲ့) အရေးအသား ကောင်းသမားလေးတွေနဲ့ မီဒီယာမှာ ရခိုင်အရေး၊ အမျိုးသားရေးအကြောင်းလေးတွေ ဖိရေးခိုင်းထား ရအုံးမယ်၊

လူများစု ရခိုင်အရေး အမျိုးသားရေး အာရုံရောက်နေတဲ့အချိန်၊
အသင့်ပို့ထားတဲ့ တပ်မတွေနဲ့ လိုင်ဇာကိုဝင်သိမ်းပြစ်လိုက်၊
ပြီးမှ ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးအတွက် စစ်အုပ်ချုပ်ရေးထပ်ကြေညှာ၊
ရခိုင်ရော ကချင်ပါ မလှုပ်နိုင်, ငြိမ်စေ။

အင်း....ဆိုးတော့ မဆိုးဘူး၊ စိတ်ကူးကြည့်တာပါ၊
11/02/2013
Lucifer