Wednesday, February 6, 2013

မီးခိုးကြွက်လျှောက်ပေါ်သွားမှာ စိုးလို့လား....

shared Duwa Kachin's photo.
မီးခိုးကြွက်လျှောက်ပေါ်သွားမှာ စိုးလို့လား....
*******************************
ဗမာ နိုင်ငံရေးသမားများအနေနဲ့ စစ်တပ်ကနေ တိုင်းရင်းသားလူနည်းစုများအပေါ် ဥပဒေမဲ့ သတ်ဖြတ်နေမှုများ နဲ့ ပတ်သက်ပြီး အခုလို ဥပဒေမဲ့လုပ်ရပ်များ ကို ခွင့်ပြုပေးခြင်းအားဖြင့် ဒီမိုကရေစီ ဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ 

အင်ဒိုနီးရှား အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဂျာဗားကျွန်း နဲ့ အရှေ့တီမော လူမျိုးစု တိုင်းရင်းသားများကို နှိပ်ကွပ်ခဲ့တဲ့ စစ်တပ်အရာရှိတွေကို အရေးယူတာတွေ ရှိခဲ့ပါတယ်။ သီရိလင်္ကာမှာ လွတ်တော်က တရားဝင် ခွင့်ပြုပြီး စစ်တိုက်ခိုင်းတာတောင် ဥပဒေမဲ့ လုပ်ရပ်အတွက် ပြစ်မှုကျူးလွန်တဲ့ တပ်မှူးများကို ခုံရုံးတင်နိုင်ခဲ့တယ်။ မြန်မာပြည်မှာတော့ စစ်တပ်အနေနဲ့ ဘုန်းကြီး နဲ့ ကျောင်းသား (ဗမာလူထု) သတ်တာကလွဲလို့ တိုင်းရင်းသားများသတ်ဖြတ်မှုကို ဗမာ နိုင်ငံရေး သမားများ အရေးသယူ ပြောတာ မရှိဘူး။ မနောစိတ်နဲ့ မကောင်းမှန်းသိနေတာ ရှိကောင်းရှိမယ်၊ လက်တွေ့ ထပြောတာ ရှားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တောင် မပြောဘူး။ လက်နက်ကိုင် တော်လှန်ရေးသမားများကို ကာကွယ်ဖို့၊ အားပေးဖို့ ပြောနေတာ မဟုတ်၊ အရပ်သားများ အပေါ် ဥပဒေမဲ့ လုပ်ရပ်အတွက် အရေးယူ ဆောင်ရွက်ဖို့ ပြောနေတာပါ။ 

ဥပမာ၊ Kachin Baptist Convention (KBC) ခေါ် ကချင် နှစ်ခြင်းခရစ်ယာန် အသင်းချုပ်ကြီးက သဘောထားထုတ်ပြန်ချက် (http://kachinduwa.blogspot.com/2013/01/blog-post_31.html) မှာ တရားဝင် ဖေါ်ပြထားတာရှိတယ်။ အဲဒါက ပြီးခဲ့တဲ့ တစ်နှစ်ကျော် စစ်ပွဲအတွင်း ကချင် ရွာ ပေါင်း ၂၀၀ ကျော် နဲ့ ဘုရားကျောင်း ၆၆ ခု ဖျက်ဆီးခံခဲ့ရတယ်။ လို့ ဆိုထားတယ်။

လွတ်တော် အနေနဲ့ မှန်မမှန်၊ စီစစ်ပြီး၊ တရားဝင် စုံစမ်းစစ်ဆေးမှု ပြုသင့်တာပေါ့။ ကချင်နှစ်ခြင်း ခရစ်ယာန် နှစ်ခြင်း အသင်းချုပ် ဆိုတာ အစိုးရ ရဲ့ တရားဝင် အဖွဲ့အစည်း တခုပဲ။ ကချင်အများစုရဲ့ ဘာသာရေး အသင်းချုပ်ဖြစ်တယ်။ ပါလီမန်ထရီ မရိုစီဂျာ နဲ့ ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ ဖြစ်တယ်။ တစ်ဦးတစ်ယောက်ထဲက ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်တာ မဟုတ်၊ နယ်ပေါင်းစုံက ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ အသင်းချုပ်ရဲ့ နှစ်ပတ်လည် အစည်းအဝေးက ဆုံးဖြတ်ပြီး ထုတ်ပြန်ထားချက် ဖြစ်ပါတယ်။   မြစ်ကြီးနားမြို့ပေါ်မှာ ရုံး အခိုင်အမာ ရှိတယ်။ သွားမေးလို့ရတယ်။ သက်သေ အထောက်အထားတွေ ပြခိုင်းလို့ ရတယ်။ မမှန်မကန် ဖေါ်ပြထားတယ် ဆိုရင် အဲဒီ အသင်းချုပ်ကြီးကို တရားစွဲလိုက်။

မီးခိုးကြွက်လျှောက်ပေါ်သွားမှာ စိုးလို့လားမသိ၊ မြန်မာ မီဒီယာ တွေကလဲ နှုတ်ဆိတ် နေကြတယ်။

******************************
*