Sunday, August 16, 2015

တန်းစီ ပါးအရိုက်ခံ ကြ ရအောင်

 ·

ဦးခင်ညွန့်ကို ဖြုတ်တုန်းက ရွှေမန်းတို့ထိုင်ကြည့်နေခဲ့ရတယ်။
အခု ရွှေမန်းကို ဖြုတ်တော့လည်း ဦးခင်ညွန့်တို့လူတွေက ကလောင်တွန့်ကုန်ကြတယ်။
စစ်လော်ဘီတွေတောင် ကလောင်ကို ဘယ်လိုသွေးရမှန်းမသိတော့ပါ။ (ရဲမိုးတို့သတိထား၊ တစ်ခါခံရတာတောင် မမှတ်သေးဘူး၊ စစ်တပ်ကို ဖားတုန်းပဲ)
သိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ဘက်ကို လှည့်မလာသေးပါ။ ဒီချုပ်က ဘယ်လိုသဘောထားလေမလဲ ချိုကုပ်သူကြီးဟောင်းက အကဲခတ်နေချိန်ပါ။ သဘာဝဘေးအန္တရာယ်ကလည်း မကောင်းမှုလုပ်ဖို့ ကာဗာပေးနေသလို ဖြစ်တယ်။ သိန်းစိန်ဟာ အမိန့်ပေးသလို လုပ်သူဖြစ်လို့ ရွှေမန်းထက် ကြောက်စရာကောင်းပါတယ်။ သတိထားရမဲ့သူပါလို့ ဆိုချင်ပါတယ်။
အခု သိန်းစိန်က ပါတီကို ချုပ်ကိုင်လိုက်နိုင်တာနဲ့ တိုင်းရင်းသားတွေဘက် လှည့်လာပါတယ်။ ဒါဟာလည်းပဲ KNU နဲ့ RCSS တို့ကြား သိန်းစိန်က သဘောတူညီချက်တစ်စုံတစ်ရာ လုပ်ထားတာ ရှိနေနိုင်ပါတယ်။ အခု အပစ်ရပ်လက်မှတ်ထိုးဖို့ တစ်ဖွဲ့ချင်းကို စာပို့နေပါပြီ။ ပို့တဲ့အဖွဲ့တွေက (၁၅)ဖွဲ့ပါ။ ကိုးကန့်တို့ မပါဘူးပေါ့။ ဒါဟာလည်းပဲ တပ်ရဲ့သဘောထားအရ သူလုပ်ရခြင်းဖြစ်တယ်။ ဦးခင်မောင်ရွှေတို့ကတော့ လခစားအဆင့်ပဲ ရှိတော့တာမို့ သူ့အလုပ်ရှင်အဆင်ပြေအောင်တော့ မီဒီယာမှာ ဗျူးပါ့မယ်။
မီဒီယာဆိုတာကလည်း တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ အလိုအလျောက်ရှိပြီသားမို့ Ooredoo တို့၊ Telenor တို့ဆိုတာ တပ်က မြန်ဆို မြန်ပေးရမှာ ဖြစ်ပြီး တပ်က အနှေးဆိုရင် လိပ်တစ်ကောင်ကဲ့သို့ ကွန်နက်ရှင်ကို နှေးပေးရပါတယ်။ ဒါနဲ့ အမေရိကန်အစိုးရက ကန့်ကွက်သံမကြားရဘူးလားဆိုတော့ အိုဗာမားကိုယ်တိုင်က wire theif ပဲလေ။ သူ့ကို ထိန်းဖို့ အမေရိကန်ကွန်ဂရက်က ရှိလို့ သူက ငြိမ်သွားပါတယ်။ မြန်မာနိုင်ငံမှာ လွှတ်တော်ကို ထိန်းမဲ့ရွှေမန်းကို တပ်က ထိန်းလိုက်တော့ ပွဲက ပြီးခဲ့ပြီပဲ။ အခု မြန်မာနိုင်ငံအဖြစ်အပျက်ကို မက်ကော်နယ်က စိုးရိမ်နေပါသတဲ့။ နောက်ရက်တွေမှာ အိုဗာမားက မြန်မာနိုင်ငံကို အတုယူကြပါလို့ မိန့်ခွန်းထဲမှာ ထည့်ပြောချင်ပြောနေအုံးမှာပဲ။
ထားလိုက်ပါတော့လေ။ ပြောစရာရှိတာကကိုတော့ ပြောရပါအုံးမယ်။
သိန်းစိန်က ရွှေမန်းကို ပါးရိုက်လိုက်ပြီ။
အခု UNFC ကို ပါးရိုက်ဖို့ ပြင်နေပါတယ်။
နောက် အလှည့်ကျသူက ဒေါ်အောင်ဆန်းစုကြည်ပဲ။
နောက်ဆုံးကျတော့မှ မူးတူးနဲ့ယွက်ဆစ်ခ်တို့ပေါ့လေ။
ဟန်ယောင်ဝေဆိုတဲ့ ရှမ်းပဒေသရာဇ်ရဲ့ PI ကိုတော့ မြန်မာနိုင်ငံမှာ သူကောင်းပြုဖို့ရှိတယ်။
မယုံချင်ဘူးလား။ ယုံအောင် ပြောနေတာ မဟုတ်။ ဖြစ်လာတော့မဲ့ အခြေအနေကို ကြိုပြောထားတာပါ။ နိုင်ငံရေးမှာ စိတ်ကူးမယဉ်ရဘူး။
သိန်းစိန်နဲ့အပေါင်းအပါတွေကို မဖြုတ်နိုင်ခဲ့ရင် ပါးအရိုက်ခံရအောင် တန်းစီးကြ။